တနင်္ဂနွေနေ့ဖွားများရဲ့ တသက်တာ ကံဇာတာအနိမ့်အမြင့်

ယေဘုယျအားဖြင့် မွေးစကနေ ၆ နှစ်အတွင်းမှာ အတိတ်က ဒါနကံပါခဲ့သော တနင်္ဂနွေနေ့ဖွားလေးများသည် ဒါနကံ ပေါ်ပေါက်တတ်ပါတယ်။ ဒါကြောင့် တနင်္ဂနွေနေ့ဖွားကလေးငယ်များ ဖွားမြင်ခဲ့မယ်ဆိုရင် သူတို့ရဲ့ အတိတ်ကံအရပင်လျှင်… ၆နှစ်အတွင်းမှာ အလှုအတန်းပြုခွင့်နဲ့ ဓနကံ၊ လာဘ်ကံပွင့်သော အနေအထားတွေ ပေါ်ပေါက်လာတတ်ပါတယ်။ အထူးသဖြင့် တနင်္ဂနွေ ပုတိဖွား နဲ့ တနင်္ဂနွေ သိုက်ဖွားလေးတွေမှာ ထင်ရှားပါတယ်။

အသက် ၇နှစ်ကနေ … ၂၁နှစ်ကြားမှာတော့ ..တနင်္ဂနွေနေ့ဖွားတွေဟာ ..ထင်သလောက်အသိမှတ်ပြုမခံရခြင်း၊ အိုးအိမ် အပြောင်းအရွှေ့များတတ်ခြင်း၊ အောင်မြင်မှု အတွက် ရုန်းကန်ပင်ပန်းရခြင်း၊ ပညာရေးတွင်လည်း ထင်သလောက် ထင်သလို မဖြစ်တတ်ခြင်း ရှိတတ်ကြပါတယ်။ တနင်္ဂနွေ ရာဇဖွားတွေအတွက်တော့ ထိုအချိန်မှာ လူငယ်သဘာဝ မေတ္တာရေး အတိမ်းအစောင်း ကံကိုပါ အထူးသတိထားပေးရတတ်သော ကာလတွေပါပဲ။ မမြတ်နိုးသင့်သူကို မြတ်နိုးတွယ်တာမိစေတတ်ပါတယ်။

 

လူငယ်ဘဝ ဖြတ်သန်းချိန် အသက် ၂၂ နှစ်ကနေ ၂၉ ကြားကာလမှာတော့…ဘ၀ကို စတင်ပြီး အားမာန်နဲ့ ဇွဲနဲ့ ရုန်းကန်ရတော့တာပါပဲ။ ကိုယ်အစွမ်းအစရှိသလောက် အကျိုး မခံစားရသေးဘဲ အလိုကြီးပေမယ့် အရနည်းနေတတ်သေးသော ကာလများဖြစ်ပါလိမ့်မယ်။ တနင်္ဂနွေအဓိပတိဖွားတွေအဖို့ ပိုပင်ပန်းကြပါမယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါ)

အသက် ၃၀ ကနေ စပြီး ၄၆ နှစ်အတွင်းကတော့ …. ကိုယ့်ကိုယ်ကို ယုံကြည်မှု အရှိလာဆုံးကာလဖြစ်ပြီး ကိုယ်ပိုင်ဘ၀ကို အပီပြင်ဆုံး ရုပ်လုံးဖော်ဆောင်နိုင်ခွင့်ရမယ့်ကာလ ဖြစ်လာပါတယ်။ တနင်္ဂနွေအဓိပတိဖွား ဖြစ်ခဲ့မယ်ဆိုရင်တော့ ရန်အလွန်များပြီး ထိုရန်များထဲကနေပဲ ဖာက်ထွက် အောင်မြင်လာပါမယ်။

အသက် ၄၇ကနေ ..၅၆ ကြားကာလသည် … ဘ၀ကို အတွေးအမြင်ပြောင်းလဲ ရှင်သန်ခွင့် ရလာစေပြီး မိမိလိုအပ်ချက်များကိုလည်း ပြန်လည်ပြုပြင်ခွင့်ရတတ်သော ကာလများပဲ ဖြစ်လာစေပါတယ်။ ဆိုးတာတစ်ခုကတော့ ..ဒီကာလများမှာ…မေတ္တာရေး၊ အိမ်ထောင်ရေး အားနည်းချက် ရှိလာတတ်ပါတယ်။(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါ)

နာမည်ကို (အေးအေးသင်း၊ အောင်သိန်း၊ အေးမြင့်သီ) စသည်ဖြင့် သောကြာနံအဆုံးနဲ့ မှည့်ထားမိမယ်ဆိုရင် ပိုမို ဂရုစိုက်ရမယ့် ကာလများပဲ ဖြစ်ပါလိမ့်မယ်။ မူလဇာတာနဲ့ နာမည် ကြံ့ခိုင်သူများကတော့ စီးပွားလည်း တက်တတ်ပါတယ်။ လုပ်ငန်းကံလည်း မညံ့ဟု ဆိုနိုင်သော အချိန်များပဲ ဖြစ်ပါလိမ့်မယ်။

အသက် ၅၇ကနေ ..၇၅ ထဲမှာတော့ ….ဘ၀ဟာ လူမုန်းများ၊ ရန်များခြင်းမကင်းတတ်ချိန် ဖြစ်လာပါတယ်။ အသက်အရွယ် တတိယအရွယ်မှာမှ ရန်သူပေါရတဲ့ ထူးခြားသော ကံပါပဲ။ တနင်္ဂနွေအဓိပတိဖွားများ ဆို ပိုပြီး သိသာစေပါတယ်။ အသက်ဓါတ် အားနည်းတတ်သော ကာလများလည်းဖြစ်လို့…ကျန်းမာရေးနဲ့ အသက်ဇီဝကိုလည်း ဂရုပြုအပ်သော အချိန်ကာလများလို့ ဆိုရပါလိမ့်မယ်။(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါ)

ဒါဟာ တနင်္ဂနွေနေ့ဖွားအားလုံးအတွက် ယေဘုယျဟောကိန်းသာ ဖြစ်ပြီး မူလဖွားဇာတာအမျိုးမျိုး၊ နာမည်အမျိုးမျိုး ၊ ရုပ်လက္ခဏာ ကြန်အင်အသီးသီး ပေါ်မူတည်ပြီး အကျိုးအပြစ်များ ကွာခြားတတ်ကြမယ် ဆိုတာကိုတော့ သတိပြုပြီး ဖတ်မှတ်သင့်ပါတယ်ခင်ဗျား။

လေးစားစွာဖြင့် – ဆရာဝေသာလီမောင်ဖုန်း (ခေါ်) ကိုစိုးမိုးထွန်း 09789333791

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)