တနင်္လာနေ့ဖွားတို့ ကံဇာတာ (၁၃၈၃ခုနှစ်)

ဒီတစ်နှစ်မှာ တနင်္လာနေ့ဖွား အများစုသည် ကံကောင်းစေနိုင်သော ဖွားဇာတာများဟု မှတ်သင့်ပါသည်။ အထူးသဖြင့်….

(၁) ဧည့်ခံပွဲ၊ အခမ်းအနား တစ်စုံတစ်ရာ၊ ကောင်းသောဖိတ်ကြားခံရမှုတစ်စုံတစ်ရာ မိမိမှာ ကြုံကြိုက်လာပြီဆိုရင်…………

(၂) မိသားစုဝင်အချင်းချင်း သို့မဟုတ် ရင်းနှီးသူအချင်းချင်းဆီကနေ လက်ဆောင်ပစ္စည်းတစ်ခုခု ၀င်လာပြီဆိုရင် …..

(၃) ခရီးသွားလာခွင့်တစ်ခုခု ကြုံလာပြီဆိုရင်….ကံကောင်းမှုကို မုချနီးနီး လက်ခံရရှိစေနိုင်တဲ့ နှစ်မျိုးပါပဲ။

ဒီတစ်နှစ် အိမ်ထောင်ရေး / မေတ္တာရေး – အိမ်ထောင်သည်များ …. မေတ္တာရေးကံမှာ …မဖြစ်သင့်တာလေးတွေ စုတ်အပို ဝင်လွယ်စေပါတယ်။ သတိပြုအပ်။ လူလွတ်များအဖို့တော့ …သည်တစ်နှစ်က မဖြစ်နိုင်တဲ့အနေအထာမျိုးကနေ ချစ်မှုရေးရာကံ ပေါ်လာတတ်။ အသက်ကွာဟမှု ၊ လူမျိုးဘာသာကွာဟမှု ၊ အနေအထား ကွာဟမှု၊ လူပျိုလူလွတ် ၊ အပျို မဟုတ်သူ စသည်ဖြင့် သဘာဝအတိုင်း Natural မဖြစ်သည့် …မေတ္တာရေးကံမျိုး ပေါ်လာတတ်ချိန် ဖြစ်ပါတယ်။

ဒီတစ်နှစ် အလုပ်အကိုင် ၊ စီးပွားရေး – ကောင်းနိုင်သောနှစ် ဖြစ်တယ်။ အကျိုး စီးပွား ရှာရလွယ်စေနိုင်တယ်။ သို့သော် သူတစ်ပါးကို ငွေကြေး အကူညီ ပေးမိရင်းဖြင့် ဒုက္ခရောက်တတ်သော ကာလလည်း ဖြစ်လာတတ်ပါတယ်။

ဒီတစ်နှစ် ကျန်းမာရေး  – အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ အဖြစ်များတတ်ချိန်ပါ။ သည်းခြေ ဒုက္ခပေးတတ်သောနှစ်မျိုးလည်း ဖြစ်ပါတယ်။

ဒီတစ်နှစ် ပညာရေး – အခွင့်အလမ်း အသာနိုင်ဆုံးကာလ ဖြစ်ပါတယ်။ ကောင်းသော ခရီး၊ ကောင်းသော သင်ကြားခွင့်များ အရနိုင်ဆုံးသောကာလ။ အထူး ကြိုးစားအားစိုက်ကြသင့်ချိန် ဖြစ်ပါတယ်။

တနင်္လာနေ့ဖွားများအတွက် အထူးပြုမှတ်ချက် –  အများစုသော တနင်္လာတွေ ကံကောင်းတတ်ကြချိန်ပါ။ မျက်နှာသာပေးခံရတာ၊ ဖိတ်ကြားခံရတာတွေ ကြုံလာမယ်။ ကြုံပြီးရင်လည်း ကံကောင်းမှု ပိုမိုတွဲပါလာမယ်။ အမျိုးသမီးတွေရဲ့ ကောင်းကျိုးပြုမှုကို ခံစားရတတ်တယ်။ အချို့သော တနင်္လာနေ့ဖွားများ …အမွေအနှစ် ရမယ်။ ယဉ်ကားနဲ့ပတ်သက်ပြီး အကျိုး ခံစားရတတ်ပါတယ်။ ဒီအချိန်သည် …..ဒီကံများကို ပိုမို လှုံ့ဆော်ပေးနေသော အချိန်ပါပဲ။

ကံကောင်းမှု သိသိသာသာ ဖြစ်လာစေချင်ရင်….

(၁) ရေမှန်မှန်ချိုးပါ။ အဖြစ်နိုင်ဆုံး ဒီတစ်နှစ်တော့ အသန့်ရှင်းနိုင်ဆုံး အနေအထားနဲ့ နေထိုင်ပါ။

(၂) လပြည့်နေ့ တစ်နေ့နေ့မှာ …ကြည့်မှန်အ၀ိုင်းလေး ကိုယ်နဲ့ မကွာ စပြီး ဆောင်ထားပါ။

(၃) မေတ္တာနဲ့ ပတ်သက်သော ကျင့်စဉ် ၊ သို့မဟုတ် ….မေတ္တသုတ်အဓိဌာန်၊ သို့မဟုတ်. မေတ္တာပို့ခြင်း တစ်မျိုးမျိုးကို သေချာ စွဲစွဲမြဲမြဲ လုပ်ကြည့်ပါ။ မုချ ကံကောင်းမှု ပေါ်လာပါမယ်။  Believe it or not

ဆရာစိုးမိုးထွန်း (ခေါ်) ဆရာဝေသာလီမောင်ဖုန်း  – 09 789 333 791

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)