တနင်္လာနေ့ဖွားများအတွက် ၁၃၈၄ ခုနှစ် ကံဇာတာ

သည်တစ်နှစ်မှာတော့ တနင်္လာနေ့ဖွားများ  အားလုံးဟာ အဓိပတိဌာနမှာ ရပ်တည်ရသော ကာလဖြစ်ပါတယ်။ အဓိပတိဌာနဟူသည်မှာ စစ်မြေပြင်နဲ့ အလားသဏ္ဍန်တူတာကြောင့် .တနင်္လာနေ့ဖွားများအားလုံးသည် တစ်ကယ့်ကိုပဲ ဘ၀ရဲ့ Battle Field ထဲမှာ ရောက်ရှိနေသော ကာလကို ဖြတ်သန်းနေရချိန်ပါပဲ။

ဒါကြောင့်လည်း ..အလွန်ပျင်းရိတတ်သော၊ သို့တည်းမဟုတ် အလွန် အေးဆေးစွာ နေထိုင်တတ်သော တနင်္လာနေ့ဖွားများသော်မှ…ဒီတစ်နှစ်အတွင်းမှာ…စိတ်အားတက်ကြွလာနေခြင်း၊ ရဲစိတ်ရဲမာန်များ ၀င်လာနေခြင်း၊ ရှိနေကြတာပဲ ဖြစ်ပါတယ်။ ပညာမပြည့်ဝသော …အသိဥာဏ်နှင့်ဆင်ခြင်တုံတရား အားနည်းသော တနင်္လာနေ့ဖွားအချို့အတွက်တော့ ဒီအခြေအနေဟာ…မိုက်ရူးရဲ လုပ်ဆောင်လိုသော စိတ်ကို ဖြစ်လာစေနိုင်ပါတယ်။

သူတစ်ပါးကို ထိုးနှက်တိုက်ခိုက်ဖို့အတွက်ပဲ ဖြစ်စေ၊ သူတစ်ပါးကို ယှဉ်ပြိုင်အနိုင်ကျဲဖို့အတွက်ပဲ ဖြစ်စေ…လွယ်လင့်တစ်ကူ ..စိတ်ခွန်အားရရှိလာစေတတ်သော ဒီလိုနှစ်မျိုးမှာ…အခြားသူတွေအပေါ် အနိုင်အထက် မပြုမိဖို့ ဂရုပြုရမယ့်ကာလဖြစ်ပါတယ်။ ပြုခဲ့မိရင်တော့ ..ရှေ့လာမယ့် (၁၃၈၅ခုနှစ်ဟာ..) အတိအကျ ၀ဋ်လည်တတ်သော ကာလပဲ ဖြစ်ပါလိမ့်မယ်။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

ဘာပဲဖြစ်ဖြစ်…မိမိထံရောက်ရှိလာနေသော တိုက်ပွဲဝင်နိုင်သည့် စွမ်းအားစုတွေကို …မိမိတို့ တိုးတက်အောင်မြင်ရေးအတွက် အကျိုးရှိစွာ အသုံးချနိုင်ဖို့ လိုအပ်သော အချိန်ကို ကျရောက်နေပါပြီ။

ဒါကြောင့် …တနင်္လာနေ့ဖွားတွေအဖို့ …သည်တစ်နှစ်အတွင်းဖြတ်သန်းနေစဉ်မှာ…

(က)  မိမိ စွမ်းရည်ကို အသုံးပြုနိုင်အောင် ကြိုးစားပါ။ လူပေါင်းများစွာက ..သင့်ကို ..ရှေ့တန်းတင်နေရာပေးပြီး ..ခေါင်းဆောင်မှု ပြုစေလိုနေကြောင်း …အသေအချာကို ပဲ သတိပြုမိဖို့ လိုအပ်နေပါပြီ။

(ခ)   သင်ဟာ သည်တစ်နှစ်အဖို့တော့ စစ်သူကြီးပဲ ဖြစ်ပါလိမ့်မယ်။ သင့်ရဲ့စွမ်းဆောင်မှုတွေဟာ ခါတိုင်းနဲ့ မတူပဲ လက်တွေ့အကောင်အထည်ပေါ်ပေါက်လာဖို့ အလွန်မြန်ဆန်နေပါပြီ။ သင်သွားရင် လမ်းဖြစ်လာပါလိမ့်မယ်။

(ဂ) အတိတ်ကာလက သင့်ရဲ့ အောင်မြင်မှုအချို့ကို မေ့သင့်ရင် မေ့ထားပြီး၊ လက်တွေ့ဆန်တဲ့ အလုပ်တွေကို လက်တွေ့ကျကျ အကောင်အထည်ဖော်သွားပါ။ အတိတ်က စိတ်အနာတရတွေ ရှိခဲ့ရင်သော်မှ…မျက်မှောက်ဘ၀ အချိန်ကာလကို တန်ဖိုးထားပြီး အနာဂတ်ဆီကို မျှော်ကြည့်သင့်ပါပြီ။

ကောင်းပြီ။ ….ကျန်တဲ့အချက်တွေကိုတော့ …အခန်းကဏ္ဍ  နည်းနည်းစီ ခွဲပြီး တင်ပြသွားပါမယ်။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

 

(၁) စီးပွားရေး

ဒီတစ်နှစ် မိမိတို့ ရှာဖွေနေသမျှ အကျိုးစီးပွား ကဏ္ဍတွေမှာ လုပ်ပိုင်ခွင့်တွေ၊ မြန်မြန်ဆန်ဆန် အကောင်အထည် ပေါ်လာနိုင်ခြင်းတွေ ..ရှိနေပါပြီ။ step by step ..ဘာပြီးရင် ဘာလုပ်မယ်ဆိုတာ တိကျသေချာစွာ တွက်ထားပါ။ သေချာတဲ့ အတွက်အချက်တွေနဲ့ ရဲရင့်တဲ့ စွန်စားလုပ်ကိုင်မှုများကနေ အကျိုးစီးပွားကို ရရှိနိုင်သော အချိန်ဖြစ်ပါတယ်။ သေချာတာတစ်ခုကလည်း ဒီနှစ်မျိုးဟာ တနင်္လာနေ့ဖွားတွေကို အရေးပါသော စွန့်စားလုပ်ကိုင်ရမှုတွေ ပေါ်ပေါက်လာစေတတ်ပါတယ်။

နာမည်အဖျားစာလုံးကို ( စနေနံ ဖြစ်သော ..တ၊ထ၊ဓ၊ဒ၊န …နဲ့ ..ဥပမာ၊ အောင်နိုင်ထွန်း၊ ချမ်းငြိမ်းထွန်း ၊ လင်းဝေနိုင်၊ မေနွယ်နီ ..စသည်ဖြင့်) မှည့်ခေါ်ထားသော တနင်္လာနေ့ဖွားများကလွဲပြီး .ကျန်တနင်္လာ နေ့ဖွားများအဖို့…စွန့်စားလုပ်ကိုင် အောင်မြင်နိုင်သော အချိန်လို့ ဆိုနိုင်ပါတယ်။

အထူးသဖြင့် တနင်္လာနေ့ဖွားလည်း ဖြစ်ပြီး နာမည်အဖျားစာလုံးကို ( စ၊ဆ၊ဇ၊ဈ၊ည နဲ့… ဥပမာ..၊ ချမ်းမြေ့ဇင်၊ ချစ်ဦးဇော်၊ ကိုကိုဆွေ၊ မေသူစိုး..စသည်ဖြင့်) မှည့်ခေါ်ထားမယ်ဆိုရင်တော့…ဒီတစ်နှစ်သည် မုချနီးနီးကိုပဲ …စွန့်စားမှုနဲ့အောင်မြင်မှု ဒွန်တွဲ ကြုံတွေ့ကြရမယ့် ကာလ ဖြစ်ပါလိမ့်မယ်။

(၂) လူမှုရေး

အကြီးအကဲများနဲ့ အနဲငယ် အတိုက်အခံ ဖြစ်ပွားရတတ်ချိန်ပါ။ ထို့နည်းတူစွာ…အတူနေအုပ်စုတွေ၊ အချင်းချင်းတွေနဲ့လည်း အပြိုင်အဆိုင်ကိစ္စလေးတွေ မကင်းတတ်ချိန် ဖြစ်ပါတယ်။ အလွန်ငြိမ်းချမ်းစွာ နေတတ်သူ ဖြစ်နေသော်မှ.ပြိုင်ဆိုင်မှုလေးတွေကတော့ ကြုံလာတတ်ချိန်ပါ။ စကားပြောဆို ဆွေးနွေးရင်းကနေ အဆင်မသင့်ရင် …အကျိတ်အနယ် အပြိုင်ပြောဆိုရတာလေးတွေ ကြုံလာရတတ်ပါတယ်။

(၃) အချစ်ရေး

အချစ်ရေးကံ ကောင်းစေတတ်သော နှစ်ဖြစ်ပါတယ်။ သည်တစ်နှစ်တော့ မဆိုးဘူးဟလို့ သိသာလောက်သည် အထိ ကောင်းစေမယ့်အပြင် ၊ အဆင်မသင့်ရင်..စပါယ်ရာပတ်အချစ်သစ်ကလေးတောင် တိုးလာနိုင်တာမို့…ချစ်သူရှိပြီးသူများအဖို့တော့ ..မြှားနတ်မောင်ကို ..ကွေ့ပတ်ရှောင်ပုန်းရမယ့် ကာလပါ။ အထူးသဖြင့် .. တနင်္လာနေ့ဖွားလည်း ဖြစ်ပြီး နာမည်အဖျားစာလုံးကို ( စ၊ဆ၊ဇ၊ဈ၊ည နဲ့… ဥပမာ..၊ ချမ်းမြေ့ဇင်၊ ချစ်ဦးဇော်၊ ကိုကိုဆွေ၊ မေသူစိုး..စသည်ဖြင့်) မှည့်ခေါ်ထားမယ်ဆိုရင်တော့ မေတ္တာရေးမှာ…အနှောက်အယှက် ရှိနိုင်သော ကာလဖြစ်ပါတယ်။ အချစ်ရေး ကံ ကောင်းသော်လည်းပဲ ..လူကြီးမိဘများ အသိမှတ်ပြုဖို့ကတော့ ဒီတစ်နှစ်မှာ ခက်ခဲနေတတ်ပါတယ်။

(၄) အိမ်ထောင်ရေး

အများအားဖြင့် ..အိမ်ထောင်ရေး သာယာတတ်ချိန်ပါ။ အသာယာလွန်သွားပြီး …နောက်တစ်ယောက် ထပ်ဝင်လာမှာသာ စိုးရိမ်ရပါတယ်။ ဆိုခဲ့သည့်အတိုင်း တနင်္လာနေ့ဖွားလည်း ဖြစ်ပြီး နာမည်အဖျားစာလုံးကို ( စ၊ဆ၊ဇ၊ဈ၊ည နဲ့… ဥပမာ..၊ ချမ်းမြေ့ဇင်၊ ချစ်ဦးဇော်၊ ကိုကိုဆွေ၊ မေသူစိုး..စသည်ဖြင့်) မှည့်ခေါ်ထားမယ် ဆိုရင်တော့ အချစ်သစ်တိုးမလာအောင် သတိပြုမိဖို့ အထူးလိုအပ်ပါတယ်။ တိုးလာတဲ့အချစ်သစ်ဟာလည်း ခွာထုတ်မရတော့ဘဲ အမြစ်တွယ်သွားနိုင်လို့ပါပဲ။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

(၅) ကျန်းမာရေး

နှလုံး ၊ ဦးခေါင်း ပိုင်းနဲ့ …အရိုးအဆစ်တို့ကို ဥပါဒ်ပေးလွယ်သော ကာလဖြစ်ပါတယ်။ ဒီအချက်သည် အရေးပါပါတယ်။ ကျန်းမာရေးညံ့မယ်လို့ မယူဆနိုင်သော်လည်းပဲ ..၊ ညံ့လာပြီဆိုရင်တော့ အထက်ပါ အစိတ်အပိုင်းများနဲ့ နှီးနွယ်ဆက်စပ်နေတတ်ပါတယ်။ ထို့နည်းတူစွာပဲ အစာမှား ၊ ဆေးမှား ခြင်းများကို ဂရုစိုက်ဖို့ လိုအပ်ပါလိမ့်မယ်။ လူငယ်လူရွယ်ပိုင်းတွေမှာ တားမြစ်ဆေးဝါးများကြောင့် ကျန်းမာရေး ဥပါဒ် ဖြစ်စေနိုင်သလို..၊ လူကြီးပိုင်းတွေမှာတော့ ရက်လွန်ဆေးဝါးများ သုံးစွဲမိခြင်းနဲ့ ဆေးမှားခြင်း၊ ဆေးဝါး အလွန်အကျွံဖြစ်ခြင်းများကို ဂရုပြုဖို့ လိုအပ်သော ကာလဖြစ်ပါတယ်။

(၆) ပညာရေး

သင်ယူနိုင်စွမ်း အပြည့်အ၀ တောက်ပနေချိန်ဖြစ်ပါတယ်။ ဘာပဲသင်သင် တတ်လွယ် သင်လွယ်သော ကာလဖို့ ပညာရေးဘက်ကို တွန်းတွန်းတိုက်တိုက် လုပ်ဆောင်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။ ကပ်သီးကပ်သပ် ဆိုးတတ်တာလေးတစ်ခုကတော့ သင်တန်းတွေ ၊ ကျောင်းတွေ ဘယ်လိုပဲတက်ရောက်သင်ယူရပေမယ့်….အဆုံးသတ်၊ အောင်လက်မှတ်တွေ၊ ဘွဲ့တွေ၊ ဆုတံဆိပ်တွေ လက်ခံခါနီးမှာတော့ အထစ်အငေါ့များ ကြုံရတတ်ပါတယ်။  ဒီကံလေးကိုတော့ သတိပြုရပါလိမ့်မယ်။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

အထွေထွေ

ခြုံငုံသုံးသပ်ကြည့်မယ်ဆိုရင် …ဒီတစ်နှစ်မှာ တနင်္လာနေ့ဖွား တွေ အဖို့ ကံအားသာချက် ရှိချိန်လို့ ဆိုနိုင်ပါတယ်။ နာမည်အဖျားစာလုံးကို တနင်္ဂနွေနံ နဲ့ အဆုံးသတ်မှည့်ခေါ်ထားသူများ ( ၀င်းအောင်၊ သွယ်သွယ်အေး၊ ခင်မာလာအောင်..စသည်) မှလွဲပြီး ကျန်တနင်္လာနေ့ဖွားများအားလုံးအဖို့ ကံအင်အား ချောမွေ့ ကောင်းမွန်နိုင်ပါတယ်။ နာမည်အဖျားစာလုံး တနင်္ဂနွေ သမားတွေကတော့ …ကိုယ်က အားသုံးပြီး ရှေ့ကို နှစ်လှမ်း လှမ်းလိုက်ရင်သော်မှ..တစ်လှမ်းစာလောက်တော့ နောက်ပြန်ဆုတ်နေရတတ်ပါတယ်။ အထူးသဖြင့် တနင်္လာနေ့ဖွား ဖြစ်ပြီး အမည်သည် တနင်္လာအစ + တနင်္ဂနွေအဆုံး ၊ တနင်္ဂနွေအစ + တနင်္လာအဆုံး အမည်အမျိုးအစားဖြစ်နေရင်…ဒီတစ်နှစ်သည် အခက်အခဲ များပြားလာပါလိမ့်မယ်။

ဘာပဲဖြစ်ဖြစ် အကျိုးစီးပွား ရှာလွယ်ဖွေလွယ် ရရှိတတ်ကြချိန်ပါ။ သေချာသာ ပန်းတိုင်သတ်မှတ်၊ တစ်ဆင့်ပြီးတစ်ဆင့် မြန်မြန်နဲ့လက်တွေ့အကောင်အထည်ဖော်သွားနိုင်စွမ်းသာ ရှိမယ်ဆိုရင် ဒီတစ်နှစ် တိုးတက်မှု အများကြီးရသွားနိုင်ပါတယ်။

ဒီတစ်နှစ်မှာ တနင်္လာနေ့ဖွားတိုင်း မိမိတို့ပင်ကိုယ်အရည်အသွေးများ ပိုမို တောက်ပစူးရှလာချိန်ဖြစ်တာကြောင့် ..ဒါကို သတိမူပြီး…အကျိုးရှိအောင် အစွမ်းအစထုတ် လုပ်ကိုင်သွားနိုင်ဖို့ အထူးလိုအပ်လှပါတယ်။ အတိုက်အခံရန် အပြိုင်အဆိုင်များတတ်သော ကာလလည်းဖြစ်တာကြောင့် …ကိုယ့်ဘက်က လက်နက်ကို ထက်မြိနေအောင် …သွေးထားနိုင်ဖို့လည်းလိုပါတယ်။ အထူးသဖြင့် တနင်္လာနေ့ဖွား အမျိုးသမီးတွေ …ဆိုင်ရာလုပ်ငန်းခွင်နယ်ပယ်များမှာ ပိုမိုတိုးတက်မှု ရရှိလာနိုင်ချိန်ပါ။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

အခြားသော ထူးခြားကံဇာတာအချို့ကတော့…သည်တစ်နှစ်မှာ ….တနင်္လာသားသမီးတွေ ရတနာပစ္စည်းများ အပျောက်အရှများတတ်ကြပါတယ်။ ရတနာဆိုရာမှာလည်း …လက်ဝတ်ရတနာများသာမ…မိမိဘ၀အတွက် အရေးပါပြီး အလေးအနက်ထားရသော တန်ဖိုးထားရသော အချင်းအရာများကို ဆိုလိုပါတယ်။ လက်နက်ကိုင်အဖွဲ့အစည်းက ၀န်ထမ်းတစ်ဦးအတွက် …ဥပမာအားဖြင့် သူကိုင်တွယ်ရတဲ့ လက်နက်ဟာ သူ့ရဲ့ ရတနာပါ။ အရေးပါပြီး ..သူတန်ဖိုးထားရတဲ့ ပစ္စည်းပါ။

ထိုသို့ဥပမာနည်းတူ…တနင်္လာနေ့ဖွားတိုင်းအဖို့ သည်တစ်နှစ်မှာ မိမိတို့တန်ဖိုးထားရသော အချင်းအရာများကို ဆုံးရှုံးလွယ်ခြင်း၊ ပျောက်ရှတတ်ခြင်း၊ သို့မဟုတ် အဝေးသို့ခွဲခွာနေရခြင်းမျိုးတွေ ပေါ်ပေါက်လာတတ်ပါတယ်။

တနင်္လာနေ့ဖွားလည်းဖြစ်မယ် …ဆရာဝန် သမားတော် စသည်ဖြင့်လည်း ဖြစ်မယ်ဆိုရင်တော့ ဆေးဝါးများကို အထူးသတိပြုကိုင်တွယ် အသုံးပြုသင့်ချိန်ပါ။ ဒါကို အင်မတန် သတိပြုကြဖို့ လိုအပ်ပါတယ်။

ဒီတစ်နှစ်မှာ တနင်္လာနေ့ဖွားတွေ ကံအားကောင်းချိန်ပါ။ သို့သော် မင်းအစိုးရများနဲ့ မငြိစွန်းအောင် နေပါ။ ငြိစွန်းရင် မင်းပြစ်မင်းဒဏ်သင့်ရန် လွယ်ကူသော ကာလဖြစ်ပါတယ်။ ထို့အတူ..မင်းအစိုးရတို့နဲ့ သက်ဆိုင်သော ခွင့်ပြုချက်ဆိုင်ရာကိစ္စများ၊ လိုင်စင်၊ ပါမစ်၊ ဗီဇာ၊ ပါတ်စ်ပို့၊မှတ်ပုံတင် စသည်ဖြင့် ….ကဏ္ဍများမှာ …အခက်အခဲ ကြုံရတတ်သော ကံရှိကြောင်း သတိပြုကြပါ။  လက်မှတ်ကလေးတစ်ခု ထိုးတာက အစ ….သတိထားနိုင်မှ တော်ရုံကြမယ့် အချိန်ပါပဲ။

ကောင်းပြီ အနှစ်ချုပ်ကြပါစို့..။ သည်တစ်နှစ်အတွက် အရေးအကြီးဆုံး အချက်က မိမိအရည်အသွေးကို ပေါ်လွင်အောင် လုပ်ပါ။ လက်တွေ့အသုံးချပါ။ ရင်းနှီးမြုပ်နှံမှု ပိုင်းဆိုင်ရာကဏ္ဍများကို ဂရုပြုပါ။ သည်တစ်နှစ် တိကျသော သတင်းထောက်လှမ်းစုံစမ်းမှုများနဲ့ ပိုင်နိုင်သေချာသော အတွက်အချက်များ ရှိဖို့ အထူး လိုအပ်လှပါတယ်။  ကဲ ..ဒီလောက်ဆိုရင်တော့….တနင်္လာသားသမီးများအဖို့ …ကျေနပ်နိုင်လောက်ပါပြီ။

တနင်္လာသားသမီးအပေါင်း သူတော်ကောင်းတို့သည် …စိတ်၏ချမ်းသာခြင်း..ကိုယ်၏ချမ်းသာခြင်းဖြင့် ပြည့်ဝချမ်းသာ နိုင်ကြပါစေကုန်သတည်း..။

စာဖတ်သူအားလုံးကို လေးစားမြတ်နိုးစွာဖြင့်- ဆရာစိုးမိုးထွန်း (ခေါ်) ဆရာဝေသာလီမောင်ဖုန်း

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)