တရုတ် ၁၂ ရာသီခွင်ထဲက ဝက်နှစ်ဖွားအကြောင်း

ရှေ့လ ဖေဖော်ဝါရီ ၅ ရက်နေ့ကနေ နောင်နှစ် ၂၀၂၀၊ ဇန်နဝါရီ ၂၄ အထိကို တရုတ်ရိုးရာ ၁၂ ရာသီခွင်အရ “ဝက်” က စိုးမိုးပါတယ်။ ဒါကြောင့်လည်း ၂၀၁၉ ခုနှစ်ကို ဝက်နှစ်လို့ အလွယ် ခေါ်ဆိုနိုင်ပါတယ်။ ဝက်နှစ် ဆိုတာ ဘယ်လို ဖြစ်လာသလဲ၊ ဝက်နှစ်မှာ ဘာတွေ ဖြစ်တတ်သလဲ၊ ဝက်နှစ်ဖွားတွေက ဘယ်သူတွေလဲ၊ သူတို့ စရိုက်သဘာဝ စိတ်နေစိတ်ထားက ဘယ်လိုတွေလဲ စတဲ့ မေးခွန်းတွေကို တစ်ဆင့်ချင်း ဖြေသွားပါမယ်။

ဒဏ္ဍာရီထဲက အအိပ်သမား

ရှေးဟောင်းပုံပြင်တွေအရ တရုတ်တွေ အလေးထားတဲ့ မိုးနတ်မင်းကြီးရဲ့ ပွဲတော်တစ်ခုမှာ ၁၂ ရာသီခွင်ထဲက ကိုယ်စားပြု သတ္တဝါတွေကို ဖိတ်တဲ့အခါ အအိပ်ကြီးလွန်းတဲ့ ဝက်က နောက်ဆုံးမှ ရောက်လာတဲ့အတွက် ၁၂ ရာသီခွင်မှာ နောက်ဆုံးမြောက်အဖြစ် သတ်မှတ်ခံရတဲ့ သတ္တဝါ ဖြစ်ခဲ့ပါသတဲ့။ နောက်ပုံပြင်တစ်ခုမှာလည်း မိုးနတ်မင်းက လူသားတွေ မှတ်ရလွယ်အောင် ပြက္ခဒိန် စီရင်တဲ့ အခါ တိရိစ္ဆာန်တွေကို မြစ်ကူးပြိုင်ပွဲ လုပ်ခိုင်းပြီး ပန်းဝင်တဲ့ တိရစ္ဆာန်တွေအလိုက် ရာသီခွင်တွေ သတ်မှတ်ပေးရာမှာ ထုံးစံအတိုင်း အပျင်းထူ အအိပ်ကြီးတဲ့ ဝက်က နောက်ဆုံးရာသီခွင်အဖြစ် ပန်းဝင်ခဲ့ပါတယ်။ အဲဒီက စလို့ တရုတ်လူမျိုးတွေကြားမှာ ဘာနှစ်ဖွားလဲ ဆိုတဲ့ ၁၂ ရာသီရုပ်တွေက အရေးပါအရာရောက်တဲ့ ဗေဒင်ကိန်းခန်း ဖြစ်လာခဲ့ပါတယ်။ (ဗေဒင်သုတ – BaydinThyuta Facebook Page မှ တင်ဆက်သည်။ ကူးယူဖော်ပြခွင့် မပြုပါ)

ဝက်နှစ်မှာ ဘာတွေ ဖြစ်တတ်သလဲ

ကမ္ဘာ့လူမျိုးအသီးသီးမှာ ရေ၊ မြေ၊ လေ၊ မီး ဆိုတဲ့ မဟာဘူတဓာတ်ကြီး ၄ ပါးရယ်လို့ သတ်မှတ်ကြပေမယ့် တရုတ်ရိုးရာမှာတော့ သစ်သား၊ မီး၊ မြေ၊ သတ္တုနဲ့ ရေ ဆိုတဲ့ ထူးထူးခြားခြား ဓာတ်ကြီး ၅ ပါးတောင် ရှိပါတယ်။ ဒီနှစ် ၂၀၁၉ ဟာ ဓာတ်အရပါ တွက်ရင် မြေဝက်နှစ် ဖြစ်ပါတယ်။ တရုတ်ရိုးရာဗေဒင်အရ ဝက်နှစ်ဟာ အအိပ်၊ အစားချည်း များပြီး လေးကန်ထိုင်းမှိုင်းတဲ့ သဘာဝ ရှိလို့ သိပ်ကောင်းလွန်းတဲ့ နှစ်လို့ မယူဆပေမယ့် ဝဖြီးနေတဲ့ ဝက်ကြီးဟာ ချမ်းသာကြွယ်ဝခြင်းရဲ့ သင်္ကေတလည်း ဖြစ်တာကြောင့် ယူတတ်ရင် ရမယ့် သဘော ရှိပါတယ်။ (ဗေဒင်သုတ – BaydinThyuta Facebook Page မှ တင်ဆက်သည်။ ကူးယူဖော်ပြခွင့် မပြုပါ)

ဒီနှစ်တွေမှာ မွေးရင် ဝက်နှစ်ဖွားတွေပါပဲ

တရုတ်တွေရဲ့ ၁၂ ရာသီစနစ်အရ ၁၉၃၅ ၊ ၁၉၄၇ ၊ ၁၉၅၉ ၊ ၁၉၇၁ ၊ ၁၉၈၃ ၊ ၁၉၉၅ ၊ ၂၀၀၇ နဲ့ အခု ၂၀၁၉ မှာ ဖွားမြင်သူတွေဟာ ဝက်နှစ်ဖွားတွေ ဖြစ်ပါတယ်။ ဒါကိုမှ ဓာတ်ကြီး ၅ ပါးနဲ့ အသေးစိတ်ရင် ၁၉၃၅ နဲ့ ၁၉၉၅ မှာ မွေးဖွားတဲ့ ဝက်နှစ်ဖွားတွေက သစ်သားဝက်၊ ၁၉၄၇ နဲ့ ၂၀၀၇ မှာ မွေးဖွားသူတွေက မီးဝက်၊ ၁၉၅၉ နဲ့ ၂၀၁၉ က မြေဝက်၊ ၁၉၁၁ နဲ့ ၁၉၇၁ က သတ္တုဝက်၊ ၁၉၂၃ နဲ့ ၁၉၈၃ က ရေဝက်တွေလို့ ခွဲခြားနိုင်ပါတယ်။

ဝက်နှစ်ဖွားတွေရဲ့ စိတ်နေသဘာဝ

(ဗေဒင်သုတ – BaydinThyuta Facebook Page မှ တင်ဆက်သည်။ ကူးယူဖော်ပြခွင့် မပြုပါ) ဝက် ဆိုတဲ့အတိုင်း အပျင်းထူ၊ အအိပ်ကြီး၊ ဇိမ်ခံချင်စိတ် များပြီး ဥာဏ်ရည်လည်း သိပ်မကောင်းဘူး။ ဒါပေမယ့် အလုပ်ကို အင်တိုက်အားတိုက်နဲ့ ကြိုးစားပမ်းစား လုပ်တတ်တယ်။ ဘဝကို လက်တွေ့ကျကျ ဖြတ်သန်းတတ်ပြီး အောက်သက်လည်း ကြေကြတယ်။ ကိုယ့်ဖာသာ အေးရာအေးကြောင်း နေတတ်ပြီး သူများနဲ့ အပြိုင်အဆိုင် လုပ်ရမှာလည်း စိတ်မဝင်စားကြဘူး။ ရိုးရိုးအေးအေးကြီး လုပ်နေပြီး သူတပါးအပေါ် သစ္စာရှိ၊ ရိုးသားသလောက် ကိုယ့်အပေါ် ဖျံကျ လူလည်လုပ်သွားတာတွေလည်း ခံရတတ်တယ်။ ဘဝကို ပျော်ပျော်နေပေမယ့် ကိုယ်တိုင်က လိုချင်မက်မောစိတ် ပြင်းပြလာပြီဆိုရင် ဘယ်လောက်ခက်ခက် ရအောင် ကြိုးစား ဖန်တီးလိမ့်မယ်။

ဝက်နှစ်ဖွားတွေအတွက် အဆောင်

ကံကောင်းစေမယ့် ဂဏန်းတွေက ၂ ၊ ၅ ၊ ၈ ၊ အရောင်ဆိုရင် အဝါ၊ မီးခိုးနဲ့ အညိုရောင်တွေကို အမြဲ ဆောင်ပါ။ ကျောက်မျက်ရတနာ စိတ်ဝင်စားရင် မဟူရာကိုသာ ဝတ်ပါ။ ယေဘုယျအနေနဲ့ နှစ်တစ်နှစ်ရဲ့ ဧပြီလကနေ ဇူလိုင်လအထိမှာ ကံကောင်းလေ့ ရှိတတ်ပါတယ်။

-၂၀၁၉ မှာ ရောက်ရှိတဲ့ ဝက်နှစ်ကို အလေးထားတဲ့အနေနဲ့ ဝက်နှစ်ဖွားတွေအကြောင်းကို ဦးစားပေး ဟောဆို အပြီးမှာ မကြာခင် ၂၀၁၉ အတွက် တရုတ်ရိုးရာ ၁၂ ရာသီခွင်ဟောကိန်းကို ဆက်လက် ဖော်ပြပေးပါမယ်။

ဧက

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)