တရုတ်နှစ်သစ်ကူးကာလမှာ ရှောင်ရန် အချက် (၈) ချက်

မြန်မာနှစ်သစ်ကူးကာလမှာ မကောင်းတဲ့ အနိဌာရုံ အပြောအဆို၊ အပြုအမူတွေကို ရှောင်ကျဉ်တတ်ကြသလိုပဲ တရုတ်ရိုးရာ နှစ်သစ်ကူးကာလမှာလည်း ရှောင်ရန် အချက်တွေ ရှိပါတယ်။ အဲဒီအချက်တွေကို ဗေဒင်သုတက စုစည်း ဖော်ပြပေးလိုက်ပါတယ်။

(၁) ဆန်ပြုတ်၊ ယာဂု စတာတွေကို မသောက်ပါနဲ့၊ ဆင်းရဲနွမ်းပါးမှုစေတတ်ပါတယ်။

(၂) ပန်းကန်တွေ ကွဲအောင် မလုပ်မိပါစေနဲ့၊ ကံဆိုးမိုးမှောင် ကျတတ်ပါတယ်။

(၃) ရုန့်ရင်းကြမ်းတမ်းတဲ့စကားတွေ၊ ဆဲဆိုကြိမ်းမောင်းတာတွေ မလုပ်ပါနဲ့၊ မရှိစကား မပြောပါနဲ့။

(၄) တံမျက်စည်းလှည်းကျင်းတာတွေ မလုပ်ပါနဲ့ ၊ ၀င်ငွေဥစ္စာကို ဖယ်ထုတ်သလို ဖြစ်တတ်ပါတယ်။

(၅) ကတ်ကြေး၊ ဓား စတာတွေကို မသုံးပါနဲ့၊ ရှိပြီးသား ဥစ္စာတွေ လျော့ပါးသွားတတ်ပါတယ်။

(၆) ၀မ်းနည်းငိုကြွေးတာတွေ မလုပ်ပါနဲ့ ၊ ကံမကောင်း အကြောင်းမလှ ဖြစ်စေတတ်ပါတယ်။

(၇) နှစ်သစ်ကူးပထမနေ့မှာ ခေါင်းလျှော်၊ အ၀တ်လျှော်တာတွေ မလုပ်ရ။ ကံကောင်းခြင်းကို ရှင်းထုတ်သလို ဖြစ်တတ်ပါတယ်။

(၈) နှစ်ကူးကာလမှာ ငွေအချေးအငှားတွေ မလုပ်ပါနဲ့ ၊ ကြွေးထူပြီး ကြွေးနွံနစ်တတ်ပါတယ်။

အားလုံးပဲ ဗေဒင်သုတ ရရှိကြပါစေ – ဧက

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)