ထီထိုးဖို့ရာ နိမိတ်ရှာ

တကယ်လို့များ သင်ဟာ “ဒီနေ့ ထီထိုးမယ်” လို့ စိတ်ပိုင်းဖြတ်ထားရင် ထီဆိုင်သွားရာ လမ်းမှာ ဖြစ်ဖြစ် ၊ လက်တွန်းလှည်းထီဆိုင်လေးမှာ ထိုးဖို့ ဖြစ်ဖြစ် ပြင်ဆင်နေတုန်း နေ့သားသမီး အလိုက် အောင်နိမိတ်တွေ မြင်ရမယ် ဆိုရင် ထီပေါက်ကိန်းကို ပိုမို အားကောင်းစေလိမ့်မယ်လို့ ဆိုပါရစေ။ ဒီနိမိတ်တွေဟာ ထီထိုးဖို့အတွက်သာ မဟုတ်ဘဲ ဘယ်လိုအမှုကိစ္စမဆို ဆောင်ရွက်ဖို့အတွက် အိမ် အပြင်ထွက်ရာမှာ မြင်တွေ့ခဲ့ရင်လည်း ထိုကိစ္စ အောင်မြင်စေမယ့် နိမိတ်တွေ ဖြစ်တယ်လို့ မှတ်ထားပါ။ နေ့သားသမီးအလိုက် အောင်နိမိတ် ပြဆိုချက်တွေကတော့…

တနင်္ဂနွေသားသမီးများ – ဘာသာတရားအလိုက် (ရဟန်း၊ သင်းအုပ်ဆရာ) စသည့် သူတော်စင်ကို မြင်လိုက်ရခြင်း၊ ဆရာသမား တစ်ဦးဦးနှင့် မထင်မှတ်ဘဲ ဆုံတွေ့ရခြင်း၊ ကြေးစည်သံ ကြားရခြင်း၊ လှပခမ်းနားသော ကားတစ်စီးကို မြင်ရခြင်း၊ ငွေရေးကြေးရေး အဆင်ပြေသည့် စကား ကြားရခြင်း နိမိတ်များ တွေ့သော် ထီထိုးပါ။

တနင်္လာသားသမီးများ – ဘုရားဖူးသွားသူများ၊ ဘုရားဖူးကားများကို မြင်ရခြင်း၊ (ရုပ်ရှင်၊ ဂီတ စသည်..) အနုပညာရှင်တစ်ဦးဦး နှင့် ကြုံဆုံရခြင်း၊ (သူဌေးဝါဒ၊ နဂါးနီ စသည်..) အတိတ်နိမိတ် ကောင်းသော သီချင်းသံ ကြားရခြင်း၊ ပျက်နေသော စက်များ ကိုယ့်ရှေ့တွင် ပြန်ကောင်းသွားခြင်း နိမိတ်များ တွေ့သော် ထီထိုးပါ။(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

အင်္ဂါသားသမီးများ – သွားရင်းလာရင်း မြွေတွေ့ရခြင်း၊ ဘာသာရေးဆိုင်ရာ ဆင်းတုရုပ်ပုံ အဆောင်လက်ဖွဲ့များ မထင်မှတ်ဘဲ ရရှိခြင်း၊ ဘုရား လှည့်လည်အပူဇော်ခံ ၊ ရဟန်းခံ ရှင်ပြုပွဲများနှင့် ကြုံရခြင်း၊ ကိုယ်ဝန်ဆောင်တစ်ဦးကို မြင်တွေ့ရခြင်း၊ နာတာရှည်သမား ပြန်ကျန်းမာလာသည်ကို မြင်ရခြင်း နိမိတ်များ တွေ့သော် ထီထိုးပါ။

ဗုဒ္ဓဟူးသားသမီးများ – အိမ်တက်ပွဲ အဖိတ်ခံရခြင်း၊ နေအိမ် အကြီးစားပြင်ဆင်နေသည်ကို မြင်ရခြင်း၊ မင်္ဂလာဖိတ်စာ လက်ထဲ ရောက်လာခြင်း၊ ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ်များနှင့် ကြုံဆုံရခြင်း၊ မတွေ့တာ ကြာပြီ ဖြစ်သော ဆရာ နှင့် မထင်မှတ်ဘဲ ပြန်ဆုံခြင်း၊ အိမ်ထောင်ပြုမည့် သတင်းကြားရခြင်း နိမိတ်များ ကြုံသော် ထီထိုးပါ။(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ကြာသပတေးသားသမီးများ – ကလေး မွေးဖွားသည့် သတင်း ကြားရခြင်း၊ ကလေးများ ရွှင်မြူးနေသည်ကို မြင်ရခြင်း၊ အလှူမင်္ဂလာပွဲ ဖိတ်စာများ ရရှိခြင်း၊ ပြန်မရတော့ဟု ထင်ထားသော ငွေများ ဝင်လာခြင်း၊ သွားရင်းလာရင်း ငွေကြေး ကောက်ရခြင်း၊ ခရီးဝေးသွားမည့်သူနှင့် ဆုံရခြင်း၊ ကြိုပို့ လုပ်ပေးရခြင်း နိမိတ်များ ကြုံသော် ထီထိုးပါ။

သောကြာသားသမီးများ – စစ်ဘက်၊ လက်နက်ကိုင်ဘက်မှ မိတ်ဆွေတစ်ဦးနှင့် မမျှော်လင့်ဘဲ ဆုံရခြင်း၊ ရာထူးတိုး ဌာနကောင်း ရသည့် သတင်းများ ကြားရခြင်း၊ အရူးနှင့် ကလေးများ ပျော်ရွှင်နေသည်ကို မြင်ရခြင်း၊ ထီပေါက်ဖူးသူ တစ်ဦးနှင့် ကြုံဆုံရခြင်း၊ နိုင်ငံရပ်ခြားမှ လက်ဆောင်ပစ္စည်း ရရှိခြင်း နိမိတ်များ ကြုံသော် ထီထိုးပါ။(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

စနေသားသမီးများ – ဘာသာရေးဆိုင်ရာ ဆင်းတု၊ ရုပ်ပုံ၊ အဆောင်တစ်ခုခု ဝင်လာခြင်း၊ ရဟန်းသံဃာများ ကြွလာသည်ကို မြင်ရခြင်း၊ ကိုယ်ဝန်ဆောင်သည် မီးဖွားသည့် သတင်း ကြားရခြင်း၊ အိမ်သစ်တက်ပွဲသို့ အဖိတ်ခံရခြင်း၊ အလုပ်အကိုင်နေရာကောင်း ရ၊ ရာထူးတိုးသည့် သတင်း ကြားခြင်း နိမိတ်များ ကြုံသော် ထီထိုးပါ။

(၇) ရက်သားသမီးအပေါင်း ထီကံထူးခြားမယ့် နိမိတ်များ တွေ့ရှိ ကံပွင့်ကြပါစေ – ဧက (ဗေဒင်သုတ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)