ဒီတစ်နှစ် (၁၃၈၃) ခုနှစ်မှာ သတိထားရမယ့် နေ့နံများ

လက်ရှိ ဖြတ်သန်းနေပြီ ဖြစ်တဲ့ မြန်မာနှစ် ၁၃၈၃ ခုနှစ်အတွက် ဒုဌာနဆုံချက်တွင် ကျရောက်သည့် နေ့နံသုံးမျိုးသည် ….ဗုဒ္ဓဟူး/ရာဟု၊ စနေ ၊ တနင်္ဂနွေတို့ ဖြစ်ကြ၏။

အကယ်၍ မိမိ အမည်သည် ….(၁) ဗုဒ္ဓဟူး/ရာဟုနံ အစ …  ဗုဒ္ဓဟူးရာဟုနံအဆုံး  ဖြစ်နေခဲ့လျှင် ၊ ဥပမာ… ယင်းမာလွင်၊ ရွှေလုံး၊ လင်းလက်တာရာ ..စသည်ဖြင့် ဖြစ်နေခဲ့လျှင် ..

(၂) စနေနံ အစ ….တနင်္ဂနွေနံ အဆုံး  ၊ ဥပမာ .. တင်တင်အေး၊ တင်မောင်ဦး၊ ထွန်းအေး ၊ ထက်ထက်စိုးဦး စသည်ဖြင့် ဖြစ်နေခဲ့လျှင် …

(၃) တနင်္ဂနွေနံ အစ  + စနေနံအဆုံး …ဥပမာ … အေးဝတ်ရည်ထွန်း၊ အောင်မိုးနိုင်၊ စသည်ဖြင့် ဖြစ်နေခဲ့လျှင်…

အထက်ပါသုံးမျိုးထဲမှာ မိမိနာမည်အမျိုးအစား ပါနေခဲ့ရင် ..ဟောဒီနှစ် ၁၃၈၃ မှာ အခက်အခဲတွေ ကျော်ဖြတ်ရတော့မယ်လို့သာ မှတ်ယူပါ။

အလွယ်ဆုံး မှတ်လို့ရအောင် ထပ်ပြောပါ့မယ်။ မိမိအမည်မှာ … ဗုဒ္ဓဟူး/ ရာဟု နံ ( ယ၊လ၊၀၊ရ) စနေ နံ  … ( တ၊ထ၊ဓ၊ဒ၊န၊ဌ) တနင်္ဂနွေနံ ( အ၊ ဥ)  စသည်ဖြင့် နေ့နံတွေ များများပါနေရင် ဒီနှစ်မှာ သွားသတိ စားသတိ…နေထိုင်ပြောဆိုလုပ်ကိုင် အရာရာ သတိဖြင့် နေထိုင်သင့်တဲ့နှစ် ဖြစ်လာပါပြီ။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

အကယ်၍ အထက်ပါ ဒုဌာနဆုံချက် မိနေသော နေ့နံ သုံးမျိုးလုံးဖြင့် မှည့်ခေါ်ထားမိသောအမည်ရှင်မျိုး ဖြစ်နေမယ်ဆိုရင် ဥပမာ .. လင်းအောင်ထူး၊.ဝေဦးနိုင် ၊ ထွန်းအောင်လွင်၊ အောင်လွင်ထွန်း စသည်ဖြင့် ဖြစ်နေမယ်ဆိုရင် …. ဂရုစိုက်ရန် အလိုအပ်ဆုံးအဆင့်ပါပဲ။

ထို့အတူ… နေအိမ်တစ်ခုထဲမှာ အထက်ပါနေ့နံသုံးမျိုးစလုံး အတူတကွ နေထိုင်နေရမယ်ဆိုရင်လည်း ထိုဒုဌာနဆုံချက်မျိုးရဲ့ အာနိသင် သက်ရောက်လွယ်ကူစေတတ်ပါတယ်။

ဒါနဲ့ပတ်သက်ပြီး လောကီပညာအရ ဘာလေးတွေ လုပ်သင့်တယ်..ဆောင်သင့် ရှောင်သင့်တယ် ဆိုတာလေးတွေ ထပ်မံ ရေးသားတင်ပြပေးပါဦးမယ်။ အားလုံးပဲ ဘေးရန်ကင်းကွာ ချမ်းသာခြင်း ရှိကြပါစေ။

လေးစားလျက် – ဆရာစိုးမိုးထွန်း (ခေါ်) ဆရာဝေသာလီမောင်ဖုန်း 09 789 333 791

 

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)