ဒီလမှာ သိမှတ်စရာ ဂြိုဟ်ရပ်တည်ပုံများ

မြန်မာနိုင်ငံမှာ တန်ဆောင်တိုင်ကာလအတွင်း ဆေးပေါင်းခတဲ့ည ရှိသလို ဒီလ (နိုဝင်ဘာ၊ ၂၀၁၉) ထဲမှာ နေအဖွဲ့အစည်းအတွင်း ထူးခြားတဲ့ ဖြစ်စဉ်တချို့ ရှိလာပါလိမ့်မယ်။ ဒီထဲက အားလုံးအတွက် ဗဟုသုတ ဖြစ်စေမယ့် အကြောင်းအရာ နှစ်ခုကို သိမှတ်ဖွယ်ရာအဖြစ် ဖော်ပြပေးချင်ပါတယ်။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

ဓနုရာသီရောက် ကြာသပတေးဂြိုဟ်

ကောင်းကျိုးချမ်းသာအဖြာဖြာကို ပေးစွမ်းနိုင်တဲ့ ဂျူပီတာ (ခေါ်) ကြာသပတေးဂြိုဟ်ကြီးဟာ နိယာယနစနစ်အရ နိုဝင်ဘာ ၅ ရက်နေ့မှာ ဗြိစ္ဆာရာသီကနေ ဓနုရာသီကို ကူးပြောင်းသွားပါတယ်။ နက္ခတ္တဗေဒအရ ရာသီခွင်တစ်ခုမှာ တစ်နှစ်လောက် ရပ်တည်လေ့ ရှိတဲ့ ကြာသပတေးဂြိုဟ် အကူးအပြောင်းမှာ ကံဇာတာ အလှည့်အပြောင်းတွေကလည်း ဖြစ်ပေါ်လာမှာမို့ ကျွမ်းကျင်တဲ့ နက္ခတ်ဗေဒင်ပညာရှင်တွေနဲ့ တိုင်ပင် ဆွေးနွေးသင့်ပါတယ်။ အကြမ်းဖျဉ်းအနေနဲ့ ပြောရရင်တော့ ဓနုရာသီရောက် ကြာသပတေးဂြိုဟ်ရဲ့ ရပ်တည် မြင်ယှဉ်မှုတွေအရ မိဿ၊ မေထုန်နဲ့ ဗြိစ္ဆာရာသီမှာ (လဂ်) တည်ရှိသူတွေ တနည်းနည်းနဲ့ ကံကောင်းခြင်းတွေကို တွေ့ကြုံရတော့မှာပါ။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

နေရှေ့က ဖြတ်သန်းမယ့် မာကျူရီ

လာမယ့် နိုဝင်ဘာ ၁၁ မှာ နေအဖွဲ့အစည်းထဲက အသေးဆုံးဂြိုဟ် ဖြစ်တဲ့ မာကျူရီ (ခေါ်)  ဗုဒ္ဓဟူးဂြိုဟ် ဟာ နေကို ဖြတ်သန်း သွားတော့မှာ ဖြစ်ပါတယ်။ ဗုဒ္ဓဟူးဂြိုဟ်ဟာ ၂၀၁၆ တုန်းကလည်း နေရှေ့ကနေ ဖြတ်သန်းခဲ့ဖူးပေမယ့် ဒီတစ်ခါ ဖြတ်သန်းပြီးရင်တော့ လာမယ့် ၂၀၃၂ ခုနှစ်ကျမှ ထပ်မြင်ရတော့မှာပါ။ မြန်မာစံတော်ချိန်အရ နေကို ဗုဒ္ဓဟူး ဖြတ်သန်းချိန်ဟာ ညပိုင်းကြီး ဖြစ်နေပေမယ့် ဒီကလူတွေအကုန် မြင်ဖူးရအောင် ၂၀၁၆ မေလက ဖြတ်သန်းမှုပုံစံကို တင်ပြပေးလိုက်ပါတယ်။

(ဗုဒ္ဓဟူးဂြိုဟ် နေကို ဖြတ်သန်းပုံ – ၂၀၁၆ မေလ ၉)

ဗေဒင်သုတပရိတ်သတ်အားလုံး ကံကောင်းကြပါစေ – ဧက

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)