ဒီနှစ်မွေးတဲ့ ရင်သွေးငယ်တွေ (၁၃၈၀ ခုနှစ်အတွက်)

လက်ရှိ မြန်မာကောဇာသက္ကရာဇ် ၁၃၈၀ ခုနှစ်အတွင်း ဖွားမြင်သည့် ကလေးငယ်လေးများအတွက် မွေးရက်ရွေးချယ်ခြင်းသုတကို တင်ပြလိုက်ပါတယ်။ ၁၃၈၀ ခုနှစ်သည် တစ်ခုကြွင်း မဟာဘုတ်ဇာတာခွင် ကျရောက်သော နှစ်တစ်နှစ်ဖြစ်ပါတယ်။ ဒီနှစ်ထဲမှာ ဖွားမြင်လာမည့်ကလေးငယ်လေးတွေသည်..ဒီ့ထက် နည်းနည်း ပိုအသေးစိတ်ပြီး အောက်မှာ ဆက်လက် ဖော်ပြပါမယ်။

( တနင်္ဂနွေ ဘင်္ဂဖွား ရင်သွေးငယ်ကို ရွေးချယ်ခဲ့မယ်ဆိုရင်)

ဘ၀ကို အပြောင်းအလဲများစွာနဲ့ ဖြတ်သန်းသွားမယ့် ဇာတာရှင်လေးတွေပါ။ သက်လတ်ပိုင်းမှာ အောင်မြင်ရေးကံ ရှိကြပြီး အသက် ၃၀ ထဲ စတင်ဝင်ရောက်ချိန်က စလို့ အောင်မြင်ရေးကံ စတင်လာတတ်ကြပါတယ်။ နေရာထိုင်ခင်းကံ အလွန်ညံ့သော ဖွားဇာတာမျိုး ဖြစ်ပြီး ပညာဥာဏ်နဲ့ စူးစမ်းရှာဖွေမှုအပိုင်းမှာတော့ ထက်မြက်သော စွမ်းဆောင်ရည်မြင့်မားသော ဖွားဇာတာလေးတွေပါ။ အိမ်ထောင်ရေးကံ အားသာချက် ရှိကြသော ဖွားဇာတာမျိုးမို့…မိန်းကလေးဖြစ်ခဲ့ရင် ပိုမိုယူသင့်ပါတယ်။ သင်ကြားရေး ၊ အနုပညာ ၊ ရေနှင့် ရေထွက်ကုန်လုပ်ငန်းနယ်ပယ်များ ၊ ရေကြောင်းဆိုင်ရာလုပ်ငန်းများ ၊ ခရီးသွားလုပ်ငန်းများ မှာ အကျိုးပေးအား ထက်သန်တတ်ကြသော ဖွားဇာတာရှင်လေးများလည်း ဖြစ်ပါတယ်ခင်ဗျား။

( တနင်္လာ ပုတိဖွား ရင်သွေးငယ်ကို ရွေးချယ်ခဲ့မယ်ဆိုရင်)

တနင်္လာပုတိဖွား လေးတွေကတော့ လူချစ်လူခင် အလွန်များပြီး ပျော်ပျော်နေတတ်မယ့် ကလေးတွေပါပဲ။ ခေတ်စကားနဲ့ဆို စန်းသိပ်ပွင့်တဲ့ ကလေးတွေပါ။ သူတို့ရဲ့ အကောင်းဆုံး အတိတ်ကံကတော့ နေရာထိုင်ခင်းကံ နဲ့ ဘ၀တစ်လျှောက်မှာ အထောက်အပံ့ကောင်း ကောင်းစွာ ရရှိတတ်သော …ကံပါပဲ။ ဒါကြောင့် ဖေဖေ မေမေ တို့မှာ နေရာထိုင်ခင်းနဲ့ ပတ်သက်သော ရည်မှန်းချက်မျိုး ကြီးကြီးမားမား ထားရှိထားမယ်ဆိုရင် ဒီလို တနင်္လာ ပုတိဖွားလေးကို ..မိမိတို့ ရင်သွေးငယ်အဖြစ် ရွေးချယ်လိုက်ခြင်းအားဖြင့် ..ကလေးရဲ့ ကောင်းသော နေရာထိုင်ခင်းကံနဲ့ပါ ပေါင်းစပ်အင်အား ရရှိလာနိုင်တာမို့..အမိအဖ နှစ်ပါးကလည်း နေရာထိုင်ခင်းကံ အားသာချိန် ရောက်လာချိန်မှာ မုချ ဆိုသလို နေရာကောင်း ကို မိသားစု အခြေချနိုင်ခြင်း ၊ အိုးအိမ် ပိုင်ဆိုင်နိုင်ခြင်းကံအထိ ဖြစ်လာစေတတ်ပါတယ်။ ကလေးရဲ့ မေတ္တာရေးကံကတော့ ပင်ကိုယ်အားနည်းချက် ရှိကြပါတယ်။ ကျန်းမာရေးပိုင်းမှာ အာရုံကြော အထူးအားနည်းလွယ်ပါတယ်။ အရေပြားပေါ်မှာ အနာတရ ဖြစ်လွယ်စေသော ကလေးငယ်များလည်း ဖြစ်ပါတယ်။ စိတ်ထားနူးညံ့ပြီး လေးလံတဲ့ တာဝန်ကြီးတွေကို မထမ်းနိုင်တဲ့ ကလေးအမျိုးအစားမို့..စည်းကမ်းသိပ်တင်းကျပ်တဲ့ မိဘမျိုးတွေ ဆိုရင်တော့ သတိထားရပါမယ်။

 

( အင်္ဂါ သိုက်ဖွား ရင်သွေးငယ် ကို ရွေးချယ်ခဲ့မယ်ဆိုရင်)

ပညာရပ်အသစ်တွေကို ရှာဖွေစူးစမ်းရာမှာဖြစ်စေ….၊ လုပ်ငန်းနယ်ပယ်သစ်တွေကို ရှာဖွေစူးစမ်းရာမှာ ဖြစ်စေ ထက်မြက်တတ်ကြသော ဖွားဇာတာရှင်တွေပါ။ နိုင်ငံရပ်ခြားနဲ့ ပတ်သက်သော အကျိုးပေးကံ ကောင်းမွန်ပြီး …၊ သူတို့လေးတွေဟာ ရှိရင်းစွဲအနေအထားတွေကို ပိုမိုကောင်းမွန်လာအောင် လုပ်ကိုင်ရာမှာ အလွန် ထက်မြက်တတ်ကြတာမို့… မိဘလက်ငုပ်လက်ရင်းလုပ်ငန်းတွေကို အမွေ ဆက်ခံစေဖို့ ရည်သန်ထားသော မိဘမျိုးတွေ အနေနဲ့ ဒီကလေးငယ်ဇာတာရှင်မျိုးတွေကို ရင်သွေးအဖြစ် ရွေးချယ်သင့်လှပါတယ်။အိမ်ထောင်ရေးကံ မှာ ကနဦးအစပိုင်းတွေ အခက်အခဲ များရတတ်ပြီး ၊ နေရာထိုင်ခင်းကံ အားနည်းသည့် ဇာတာရှင်တွေတော့ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကလေးသည် သားယောကျာ်းလေး ဖြစ်ခဲ့မယ်ဆိုရင် ဒီနေ့ရက် ဒီအင်္ဂါသိုက်ဖွားလေးတွေကို ပိုမိုရွေးခြယ်သင့်ပါကြောင်း….။ မိန်းကလေးဆိုရင်တော့ အိမ်ထောင်ရေးကံ ..မချွတ်ချော်သွားအောင် ..အမည်ကို အတော်လေးကို ဂရုစိုက် မှည့်ခေါ်ရမယ့် ဖွားဇာတာရှင်လေးတွေပါပဲခင်ဗျား။

( ဗုဒ္ဓဟူး မရဏဖွား ရင်သွေးငယ်ကို ရွေးချယ်ခဲ့မယ်ဆိုရင်)

မိသားစုကို အနစ်နာခံ ဖြည့်ဆည်းပေးနိုင်တဲ့ ရင်သွေးငယ်မျိုးလေးတွေပါ။ အိမ်ထောင်ရေး မေတ္တာရေးကံ ပုံမှန် အဆင့်လို့ ဆိုနိုင်ပေမယ့်…အမည်ပေး အတိမ်းအစောင်း မခံသော နုနယ်သော အိမ်ထောင်ရေးကံ ပိုင်ရှင်တွေလည်း ဖြစ်ပါတယ်။ လူလတ်တန်းစားအဖြစ် အနည်းဆုံး ရပ်တည်နိုင်သော ဖွားဇာတာရှင်တွေလို့လည်း အကြမ်းအားဖြင့် ဆိုနိုင်ပါတယ်။ မိန်းကလေးဆိုရင်တော့ ဒီနေ့ရက်ကို သိပ်မရွေးစေလိုပါ။ ကျားယောကျာ်းလေး ဖြစ်မယ်ဆိုရင် ရွေးခြယ်လို့ အဆင်ပြေပါတယ်။

ဘာပဲဖြစ်ဖြစ် ….ဖွားဇာတာအားလုံးထဲမှာ ဗုဒ္ဓဟူး/ရာဟု မရဏဖွား လေးတွေသည် အိုဇာတာ….တတိယအရွယ် မှာလည်း ရပ်တည်နိုင်စွမ်း ၊ အချို့ဆို…ပိုမိုကံကောင်းတတ်ကြတာမို့…..နောင်ရေးအတွက်တော့ ပူပန်စရာ မလိုလှသော …ဖွားဇာတာလေးတွေလို့ အကြမ်းအားဖြင့် ဆိုနိုင်ပါတယ်ခင်ဗျား။

( ကြာသပတေး အဓိပတိဖွား ရင်သွေးငယ်ကို ရွေးချယ်ခဲ့မယ်ဆိုရင်)

မွေးရပ်မြေနဲ့ ဝေးသောအရပ်မှာ အခြေချခွင့် …၊ ခေါင်းချခွင့် အားသန်လှသော ဖွားဇာတာလေးတွေပါ။ ထက်မြက်ပါတယ်။ အကျိုးစီးပွားရှာဖွေ ရာမှာလည်း ထက်သန်သော ဇာတာရှင်တွေပါ။ မေတ္တာရေးကံလည်း အများစုသည် ကောင်းမွန်ကြတတ်တာမို့…တော်တန်ရုံအားဖြင့် …သိပ်လှည့်ကြည့်စရာ မလိုတဲ့ ဖွားဇာတာ အမျိုးအစားပါပဲ။ ကျန်းမာရေး နည်းနည်း ဂရုစိုက်ပေးရမယ့် ကလေးတွေ တော့ ဖြစ်ပါတယ်။ အခြားသော ဘ၀ကံဇာတာအစိတ်အပိုင်း တော်တော်များများ အားကောင်းပြီး….၊ အသက် ၃၂ ကနေ နောက်ပိုင်းမှာ ဘ၀ကို စွန့်စားဖောက်ထွက် အောင်မြင်သွားတတ်ကြသော ဖွားဇာတာအမျိုးအစားတွေလို့လည်း ဆိုနိုင်ပါတယ်။ သူတို့ဟာ မွေးရပ်မြေကို စွန့်ခွာဖို့ကံ အလွန်ထက်သန်ကြတာမို့..နိုင်ငံရပ်ခြားနဲ့ပတ်သက်သော ရည်ရွယ်ရင်းရှိ မိဘများအနေနဲ့ တော့ အထူးရွေးခြယ်သင့်သော နေ့နံပါပဲခင်ဗျား။

( သောကြာ ရာဇဖွား ရင်သွေးငယ်ကို ရွေးချယ်ခဲ့မယ်ဆိုရင်)

နိုင်ငံရပ်ခြားနဲ့ အကျိုးသိပ်ပေးတဲ့ ကလေးငယ်တွေပါ။ နိုင်ငံခြား ဘာသာစကားနဲ့ ပတ်သက်လာရင်လည်း သင်လွယ်တတ်လွယ် လွန်းလှသလို…ဘ၀မှာ  အကောင်းဆုံး ဆိုသည့် ဇိမ်ခံပစ္စည်းတွေ…၊ ပျော်ပွဲရွှင်ပွဲ တွေ နဲ့ ၀န်းရံနေတတ်သော ဖွားဇာတာ တစ်မျိုးလည်းဖြစ်ပါတယ်။ ထက်မြက်သလို….အတိုက်အခံများပြီး စိတ်လည်းမြန်တတ်သော် ဖွားဇာတာတွေပါ။ အိမ်ထောင်ရေး မေတ္တာရေးကံကတော့ အားနည်းချက် ထင်ရှားတာမို့ ကြိုတင် သိထားဖို့ လိုအပ်ပါလိမ့်မယ်။ ကျန်တဲ့ဘ၀ကံ တော်တော်များများကတော့ သူတို့အတွက် …ကောင်းမွန်သင့်တင့်လှပြီး အသက် ၂၈ကနေ စပြီး ဘ၀ကံအမြင့်ဆုံးအဆင့်ကို တက်ရောက်သွားပါမယ်။ လိုချင်ရင် စိတ်မထိမ်းနိုင်ဖြစ်တတ်သော ဖွားဇာတာမျိုးမို့….ဒီဇာတာရှင် ရင်သွေးငယ်မျိုးကို မွေးထားမိပြီဆိုတာနဲ့ အလိုလိုက်ရဖို့ကတော့ ပြင်သာထားကြပါလေတော့….။ အကောင်းတကာ့ အကောင်းတွေနဲ့ …ဘ၀ကံဖြတ်သန်းသွားရမှု ပိုမိုများနိုင်သော ဖွားဇာတာရှင်လေးတွေလို့ ဆိုနိုင်ပါတယ်။

( စနေ အထွန်းဖွား ရင်သွေးငယ်ကို ရွေးခြယ်ခဲ့မယ်ဆိုရင်…)

ပညာရေး အားနည်းချက် ရှိခြင်း၊ အပြတ်အတောက် ကျောင်းအပြောင်းအလဲ များတတ်ခြင်းကို ထည့်မတွက်လို့ မရသည့် ဖွားဇာတာလေးတွေပါ။ ဘ၀မှာ နေရာထိုင်ခင်းကံ နဲ့ ကျောထောက်နောက်ခံ အင်အား စုကံ သိပ်ကောင်းတဲ့ ဖွားဇာတာပါ။ သက်လတ်ပိုင်း ၄၂ ကနေ စပြီး နောက်ပိုင်းမှာ …ချမ်းသာကြွယ်ဝမှုနဲ့ နေရာကောင်း ပိုင်ဆိုင်ရသော ကံအမျိုးအစားတွေ နိုးထလာတတ်သော ဖွားဇာတာရှင်တွေပါပဲ။ ဆွေမျိုးသွေးသားတွေနဲ့ ခွဲခွာပြီး ဝေးဝေးမှာ အခြေချပြီးမှ. ပိုမိုအဆင်ပြေလာတတ်သော ဖွားဇာတာမျိုးမို့ ဒီအချက်ကလေးကိုလည်း ထည့်သွင်းစဉ်းစားကြရပါလိမ့်မယ်။ ယောကျာ်းလေးဆို ပိုမိုရွေးခြယ်သင့်ပြီး အိမ်ထောင်ရေးကံ ပုံမှန်အနေအထား အသင့်အတင့် ရှိပါတယ်။ ဘ၀ချမ်းသာရေးဘက်မှာ ပိုမိုကံအားသာချက် ရှိသော ဖွားဇာတာအမျိုးအစားပဲ ဖြစ်ပါတယ်ခင်ဗျား။

အနှစ်ချုပ်ဆိုရရင် ဘယ်နေ့မွေးမွေး ကိုယ့်ရင်သွေးပါပဲ။ သို့သော် ခေတ်မီ တိုးတက်တဲ့ ယနေ့ခေတ်ကြီးမှာ ဖေဖေ မေမေတို့ကလည်း သားသမီးငယ်လေးတွေကို ဘယ်ရက်ဘယ်အချိန်မှာ ဝင်လာခဲ့ပါဆိုပြီး …အချိန်ကိုက် တံခါးဖွင့်ပေးနိုင်လာပြီမို့….(သူ့အတိတ်ကံနဲ့လည်း ကိုက်ညီနေမယ်ဆိုရင် …) ရင်သွေးမွေးရက် ရွေးချယ်ခြင်းဟာ …အလွန်အမင်း ငြင်းဆန်စရာမလိုတဲ့ …ကဏ္ဍတစ်ရပ်လို့ ကျွန်တော်မြင်ပါတယ်။

အကယ်၍ ကိုယ့်ရင်သွေးမွေးရက်ကို ကိုယ်နှစ်သက်ရွေးခြယ်ထားသလိုမရခဲ့ရင်တောင်… နာမည်ပေး မှည့်ခေါ်ရာမှာ လမ်းကြောင်းရွေးချယ်ပြီး ထိန်းကွပ်ထားလို့ ရနိုင်တာမို့…ဘာနေ့မှာပဲ ဖွားမြင်လာသည်ဖြစ်စေ..
စိတ်ပျက်စရာ အကြောင်း မရှိနိုင်ပါ။

အထက်ပါ ဖွားဇာတာရှင်းလင်းချက်လေးတွေသည်….ဒီတစ်နှစ်မြန်မာခုနှစ် ၁၃၈၀ ခုနှစ် ထဲမှာ ဖွားမြင်လာမယ့် ကလေးငယ်လေးတွေရဲ့ ဖွားဇာတာအသီးသီးလိုက် ကံဇာတာအနှစ်ချုပ်လေးတွေပါ။ ဒီအချက်လေးတွေကို ကြည့်ပြီး ရင်သွေးမိဘများအနေနဲ့ ကိုယ့်ရင်သွေး မွေးရက်ကို ရွေးခြယ်ခွင့်ရရှိကြပါလိမ့်မယ်။

ဘာပဲဖြစ်ဖြစ် အားလုံးသော မိဘများအဖို့ ..ဒီဆောင်းပါးလေးကိုဖတ်ပြီး ….အကျိုးအတန်အသင့် ရခဲ့မယ်ဆိုရင် ကျွန်တော် ပင်ပန်းခံရကျိုးနပ်ပါပြီ။ ရင်သွေးမွေးရက် ရွေးချယ်တာ၊ အမည်ပေးတာနဲ့ ပတ်သက်ပြီး ကျွန်တော့်ဆီ ဆက်သွယ်ချင်ရင်တော့ …

ကိုစိုးမိုးထွန်း (ဗေဒင်ပညာသုတေသီ)
09 789 333 791, 09 318 17 287 ဟောခန်းလိပ်စာ – တိုက် 6 ၊ အခန်း 3 ၊ မြေညီထပ် ၊ မြကန်သာအိမ်ယာ၊ မြကန်သာလမ်း ၊ ကမာရွတ်မြို့နယ် ၊ ရန်ကုန်။ အနီးဆုံး မှတ်တိုင် – ဆင်ရေတွင်းမှတ်တိုင်

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)