ဒီနှစ် ၁၃၈၂ ခုနှစ်အတွက် ဗေဒင်မှတ်စု

ဒီနှစ် မြန်မာလို ၁၃၈၂ ခုနှစ်အတွက် ဆရာစိုးမိုးထွန်းရဲ့ နေ့သားအလိုက် ဟောကိန်းတွေကို ဆရာ ရေးသားပြီးစီးသလောက် ဗေဒင်သုတမှာ တင်ပြပေးခဲ့ပါတယ်။ အဲဒီထဲမှာ ဒီနှစ် ကံကောင်းတတ်တဲ့ နေ့ဖွား၊ ကံခေတတ်တဲ့နေ့သားတွေနဲ့ ထီပေါက်ကိန်း ရှိနိုင်တဲ့ နေ့ဖွားတွေကိုလည်း ဆရာ့အာဘော် ဆရာ့အရေးအသားအတိုင်း တင်ပြခဲ့ပြီးပါပြီ။ ဒီတစ်ခါတော့ ဆရာ့ Facebook မှာ ဒီနှစ်အတွက် မှတ်စုသဖွယ် ရေးသားထားတဲ့ ဗေဒင်အကြောင်းအရာတချို့ကို ထုတ်နုတ်ဖော်ပြလိုက်ပါတယ်။

ဆရာ့ဆီ ဗေဒင်မေးမြန်းလိုသူများ၊ အထူးသဖြင့် ကလေးအမည် ပေးလိုသူများအတွက် ဆရာ့ရဲ့ ဟောခန်းလိပ်စာနဲ့ ဆက်သွယ်နိုင်တဲ့ ဖုန်းနံပါတွေကိုလည်း တပါတည်း ဖော်ပြပေးထားပါတယ်။ ဆရာစိုးမိုးထွန်းရဲ့ ဒီနှစ်အတွက် ဗေဒင်မှတ်စုတချို့ကို ဖတ်ရှုလိုက်ရအောင်ဗျာ…။

အလုပ်ရှာနေသူများအတွက် မှတ်စု

ဒီနှစ် မြန်မာခုနှစ် ၁၃၈၂ ခုနှစ်အတွင်းမှာ … အလုပ်အကိုင်ရရှိရေးအတွက် ကြိုးစားနေသူများ…၊ အင်တာဗျူးဖြေမယ့်သူများ….အများစု အားလုံးအတွက် …. လိမ္မော်ရောင်ကိုသာ ဆောင်ပါလို့ အကြံပေးပါရစေ။ လက်ကိုင်အိတ်ကောင်းကောင်းယူသွားပါ။ နေကြာပန်း သို့မဟုတ် နေကြာပန်း ပုံလေးကို ဆောင်သွားပါခင်ဗျာ။ အားလုံးပဲ ကောင်းသော အသက်မွေးမှုဖြင့် ပြည့်စုံနိုင်ကြပါစေ။

စနေနေ့ဖွားများအတွက် မှတ်စု

ဒီတစ်နှစ် ၁၃၈၂ခုနှစ် ထဲမှာ စနေနေ့ဖွားတွေသည် အလုပ်အကိုင် လုပ်ကိုင်နိုင်သော အစွမ်း အမြင့်ဆုံး နေ့နံတွေပါပဲ။ နှစ်တစ်နှစ်ရဲ့ ခွန်အားအသန်ဆုံးနေ့နံအမျိုးအစားလို့လည်း သတ်မှတ်ရပါလိမ့်မယ်။ ဒီလိုပြောလို့ စနေတွေ ကံကောင်းမှာပဲ လို့ မယူဆအပ်ပါ။

ခွန်အားရှိသူဟာ စွမ်းဆောင်နိုင်မှုလည်း မြင့်တတ်တာ သဘာဝပါ။ သို့သော် ရှိသည့်ခွန်အားကို အကျိုးရှိပြီး ဆီလျော်တဲ့နေရာမှာ အသုံးပြုမှသာ အကျိုးရှိမှာပါ။ ထို့အတူ ခွန်အားရှိနေတာကို သတိမမူမိမသုံးမိရင်လည်း.အချည်းနှီးဖြစ်ရတတ်ပါတယ်။ နောက်တန်းခံစစ်ကနေ ရှေ့တန်း စစ်မျက်နှာကို တက်ခွင့်ရလာတဲ့ သည်တစ်နှစ် စနေဂြိုဟ်သည် …စနေနေ့ဖွားများစွာကိုလည်း .ခွန်အားနဲ့ စွမ်းရည် ရှိနေစေလိမ့်မယ်ဆိုတဲ့ မက်ဆေ့ရှ်လေး ပေးခဲ့ချင်ရုံပါခင်ဗျာ။ အားလုံးသော စနေနေ့ဖွားများ ခွန်အားဖြင့် ကောင်းကျိုးဆောင်နိုင်ကြပါစေ။(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)

အင်္ဂါနေ့ဖွားများအတွက် မှတ်စု

ဒီတစ်နှစ် မြန်မာခုနှစ် ၁၃၈၂ခုနှစ် အတွင်းမှာ အင်္ဂါနေ့ဖွားတွေသည် ဖူးစာဖက် သို့မဟုတ် ချစ်သူ၊ အိမ်ထောင်ဖက်စသည်ဖြင့် အတွေ့လွယ်ဆုံး မွေးနံတစ်ခုပါပဲ။ ဆိုတော့ အင်္ဂါနေ့ဖွား အပေါင်း အပျိုးကြီး ၊လူပျိုကြီးအပေါင်းတို့လည်း ဒီတစ်နှစ်တော့ ကံမစမ်းဘဲ မနေလိုက်ပါနဲ့။ ပိုပြီးလွယ်လွယ်ကူကူ စွံနိုင်ဖို့ အတွက်ဆိုရင် တနင်္ဂနွေထောင့်မှာ ပန်းနဲ့ရေချမ်းကပ်လှုပြီး ဆုတောင်းကြည့်နိုင်ကြပါကြောင်း။

ဆရာစိုးမိုးထွန်း (ခေါ်) ဆရာဝေသာလီမောင်ဖုန်း

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)