ဓနသိဒ္ဓိနက္ခတ်ပေါ် စန်းဖြတ်သန်းချိန် (၂၀၁၉၊ ဇူလိုင်လ)

ကေပီနက္ခတ်ဗေဒင် အာယနအရ မနက်ဖြန် “၁၉.၇.၂၀၁၉ မနက် ၂-နာရီ ၂၃-မိနစ် ၄၀-စက္ကန့်” မှ “၂၀.၇.၂၀၁၉ မနက် ၅-နာရီ ၁၄-မိနစ် ၃၈-စက္ကန့်” အတွင်းသည် ဓနသိဒ္ဓိနက္ခတ်ပေါ် စန်းဖြတ်မည့် အချိန် ဖြစ်ပါသည်။

၎င်းဓနသိဒ္ဓိနက္ခတ်ပေါ် စန်းဖြတ်ချိန်တွင် ရတနာရွှေမိုးငွေမိုး ရွာသွန်းစေနိုင်သော မဟာဝေဒဗ္ဗမန္တာန်တော်၊ လာဘ်လာဘအရာတွင် ဧတဒင်္ဂ ရရှိသော ရှင်သီဝလိကိုယ်တော်မြတ်ကြီး ဂါထာ၊ လာဘ်ရွှင်ငွေဝင်ဂါထာအဖြစ် နာမည်ကျော်ကြားသော သဗ္ဗဇေယျမင်္ဂလာ ဂါထာတော် (ဒိဝါတပတိဂါထာ) စသည်တို့ကို မိမိတို့ တတ်စွမ်းသမျှ ကြည်ညိုသဒ္ဒါ ထက်သန်စွာဖြင့် ရွတ်ပွားပူဇော်နိုင်ပါသည်။

ရွတ်ဖတ်ပူဇော်လိုသူများ အဆင်ပြေစေရန် ဒိဝါတပတိဂါထာနှင့် ရှင်သီဝလိ ၁၀ ဂါထာတော်ကို တပါတည်း ပူးတွဲ ဖော်ပြထားပါသည်။ မိမိတို့ စိတ်သန်ရာ အဆင်ပြေရာ ဂါထာတော်ကို အထူး အားပြု ရွတ်ဖတ်ပူဇော်ပါ။ ဂါထာအနက်နှင့် အသံထွက်ကို နားလည်သူများ၊ သံဃာတော်များထံ လေ့လာမေးမြန်းနိုင်ပါသည်။

နက္ခတ်အချိန်အခါကောင်းတွင် အစွမ်းထက်မြက်သော ဂါထာတော်များကို ယုံကြည်လေးမြတ်စွာ ရွတ်ပွား ပူဇော်ခြင်းဖြင့် မိမိတို့ ကုသိုလ်ကံအကြောင်းတရားအလိုက် လိုအင်ဆန္ဒ ပြည့်ဝခြင်း၊ ငွေကြေးဓန ဥစ္စာ ချမ်းသာကြွယ်ဝခြင်း၊ စီးပွားလာဘ်လာဘ တိုးတက်ခြင်းများ ရရှိကြပါစေသော်ဝ်…….

ကိုယ်စိတ်နှစ်ပါးချမ်းမြေ့ပါစေ

ဆရာလင်းဝေအောင် (မြန်မာ့ရိုးရာဆန်းကျမ်းဗေဒင်နှင့် ကေပီရှေ့ဆောင်နက္ခတ်ဗေဒင်ပညာရှင်)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)