နာမည် ပက္ခလွတ်၏ မလွတ်၏

လိုတိုရှင်း သွားကြပါစို့။ တွက်လိုသည့် ဇာတာရှင် (၀ါ) ကလေးငယ်၏ မြန်မာမွေးခုနှစ်ကို တည်ပါ။ ၇ ဖြင့် စား ပါ။ အကြွင်းကို ကြည့်ပါ။

အကြွင်းသည် ၁ကြွင်း ဖြစ်ပြီး အမည်မှည့်ခေါ်ထားသည့်နေ့နံများသည် (၁) တနင်္ဂနွေနံ အစ တနင်္ဂနွေ အဆုံး (၂) စနေနံ အစ တနင်္လာနံအဆုံး / တနင်္လာနံအစ စနေနံအဆုံး (၃) သောကြာနံအစ အင်္ဂါနံ အဆုံး / အင်္ဂါနံအစ သောကြာနံအဆုံး (၄) ဗုဒ္ဓဟူးနံအစ  ကြာသာပတေးနံအဆုံး / ကြာသာပတေးနံအစ  ဗုဒ္ဓဟူးနံအဆုံး များထဲက တစ်ခုခုဖြစ်နေခဲ့မယ်…ဆိုရင်… ဘာနေ့သားသမီးလေးအတွက်ပဲဖြစ်စေ …မသင့်လျော်သော ပက္ခအမည်တွဲများလို့ မှတ်ယူပါ။

အကြွင်းသည် ၂ ဖြစ်ပြီး အမည်မှည့်ခေါ်ထားသည့် နေ့နံများသည် (၁) တနင်္လာနံအစ  တနင်္လာနံအဆုံး (၂) တနင်္ဂနွေနံအစ အင်္ဂါနံအဆုံး / အင်္ဂါနံအစ  တနင်္ဂနွေနံအဆုံး (၃) ဗုဒ္ဓဟူးနံအစ  စနေနံအဆုံး / စနေနံအစ  ဗုဒ္ဓဟူးနံအဆုံး (၄) သောကြာနံအစ  ကြာသပတေးနံအဆုံး / ကြာသာပတေးနံအစ  သောကြာနံအဆုံး စသည့်ဖြင့် အမည်တွဲများထဲက ဖြစ်နေခဲ့မယ်ဆိုရင် ဘာနေ့သားသမီး အတွက်ပဲဖြစ်စေ ..မသင့်လျော်သော ပက္ခအမည်တွဲများလို့ မှတ်ယူပါ။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

အကြွင်းသည် ၃ ဖြစ်ပြီး …အမည်မှည့်ခေါ်ထားသည့် နေ့နံများသည် (၁) အင်္ဂါနံအစ  အင်္ဂါနံအဆုံး (၂) တနင်္လာနံအစ ဗုဒ္ဓဟူးနံအဆုံး/ ဗုဒ္ဓဟူးနံအစ  တနင်္လာနံအဆုံး (၃) ကြာသာပတေးနံအစ  တနင်္ဂနွေနံအဆုံး / တနင်္ဂနွေနံအစ  ကြာသာပတေးနံအဆုံး (၄) စနေနံအစ သောကြာနံအဆုံး / သောကြာနံအစ စနေနံအဆုံး စသည့်ဖြင့် အမည်တွဲများထဲက ဖြစ်နေခဲ့မယ်ဆိုရင် ဘာနေ့သားသမီး အတွက်ပဲဖြစ်စေ ..မသင့်လျော်သော ပက္ခအမည်တွဲများလို့ မှတ်ယူပါ။

အကြွင်းသည် ၄ ဖြစ်ပြီး … အမည်မှည့်ခေါ်ထားသော နေ့နံများသည် (၁) ဗုဒ္ဓဟူးနံအစ  ဗုဒ္ဓဟူးနံအဆုံး (၂) အင်္ဂါနံအစ  ကြာသာပတေးနံအဆုံး / ကြာသာပတေးနံအစ  အင်္ဂါနံအဆုံး (၃) သောကြာနံအစ  တနင်္လာနံအဆုံး / တနင်္လာနံအစ သောကြာနံအဆုံး (၄) တနင်္ဂနွေနံအစ  စနေနံအဆုံး / စနေနံအစ တနင်္ဂနွေနံအဆုံး စသည့်ဖြင့် အမည်တွဲများထဲက ဖြစ်နေခဲ့မယ်ဆိုရင် ဘာနေ့သားသမီး အတွက်ပဲဖြစ်စေ ..မသင့်လျော်သော ပက္ခအမည်တွဲများလို့ မှတ်ယူပါ။

အကြွင်းသည် ၅ ဖြစ်ပြီး …အမည်မှည့်ခေါ်ထားသော နေ့နံများသည် (၁) ကြာသာပတေးနံအစ ကြာသာပတေးနံအဆုံး (၂) ဗုဒ္ဓဟူးနံအစ သောကြာနံအဆုံး / သောကြာနံအစ ဗုဒ္ဓဟူးနံအဆုံး (၃) အင်္ဂါနံအစ  စနေနံအဆုံး / စနေနံအစ  အင်္ဂါနံအဆုံး (၄) တနင်္ဂနွေနံအစ  တနင်္လာနံအဆုံး / တနင်္လာနံအစ  တနင်္ဂနွေနံအဆုံး စသည့်ဖြင့် အမည်တွဲများထဲက ဖြစ်နေခဲ့မယ်ဆိုရင် ဘာနေ့သားသမီး အတွက်ပဲဖြစ်စေ ..မသင့်လျော်သော ပက္ခအမည်တွဲများလို့ မှတ်ယူပါ။

အကြွင်းသည် ၆ ဖြစ်ပြီး … အမည်မှည့်ခေါ်ထားသော နေ့နံများသည် (၁) သောကြာနံအစ  သောကြာနံအဆုံး (၂) ကြာသာပတေးနံအစ  စနေနံအဆုံး / စနေနံအစ  ကြာသာပတေးနံအဆုံး (၃) တနင်္ဂနွေနံအစ  ဗုဒ္ဓဟူးနံအဆုံး / ဗုဒ္ဓဟူးနံအစ  တနင်္ဂနွေနံအဆုံး (၄) အင်္ဂါနံအစ တနင်္လာနံအဆုံး / တနင်္လာနံအစ  အင်္ဂါနံအဆုံး စသည့်ဖြင့် အမည်တွဲများထဲက ဖြစ်နေခဲ့မယ်ဆိုရင် ဘာနေ့သားသမီး အတွက်ပဲဖြစ်စေ ..မသင့်လျော်သော ပက္ခအမည်တွဲများလို့ မှတ်ယူပါ။

အကြွင်းသည် ၀ ဖြစ်ပြီး …အမည်မှည့်ခေါ်ထားသော နေ့နံများသည် (၁) စနေနံအစ စနေနံအဆုံး (၂) သောကြာနံအစ တနင်္ဂနွေနံအဆုံး / တနင်္ဂနွေနံအစ  သောကြာနံအဆုံး (၃) တနင်္လာနံအစ  ကြာသာပတေးနံအဆုံး / ကြာသာပတေးနံအစ  တနင်္လာနံအဆုံး (၄) ဗုဒ္ဓဟူးနံအစ အင်္ဂါနံအဆုံး/ အင်္ဂါနံအစ ဗုဒ္ဓဟူးနံအဆုံး ..စသည့်ဖြင့် အမည်တွဲများထဲက ဖြစ်နေခဲ့မယ်ဆိုရင် ဘာနေ့သားသမီး အတွက်ပဲဖြစ်စေ ..မသင့်လျော်သော ပက္ခအမည်တွဲများလို့ မှတ်ယူပါ။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ကဲ နောက်ထပ် လိုတိုရှင်း ထပ်သွားပါမယ်။ အမည်ပက္ခမိတော့ဘာဖြစ်လဲ..။ ကျမ်းတွေမှာကတော့ တိုင်ပြန်ဦးစောက် နဲ့ ပက္ခပါမိနေခဲ့ရင် အသက်ဘေးထိ ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။ မောင်ဖုန်းကတော့ မိဘတွေ မှတ်လို့ လွယ်အောင် …ပြောပါ့မယ်။ ပက္ခမိသည့် အမည်ရှင်တွေသည် ဘ၀မှာ ကြီးမားတဲ့ အခက်အခဲကြီးတွေ ရင်ဆိုင်ရတတ်ပါတယ်။

မိမိရဲ့ မွေးနံအပေါ်မူတည်ပြီး မိမိမှည့်ထားသော ပက္ခအမည်မှာ ပါဝင်နေသည့် နေ့နံတွေ ဂြိုဟ်တွေအလိုက်….. အိမ်ထောင်ရေး ပက္ခအမျိုးအစားဖြစ်နေရင် …ကြီးမားသော အိမ်ထောင်ရေး အခက်အခဲများ အသက်မွေးမှု ဆိုင်ရာ ပက္ခအမျိုးအစားဖြစ်နေရင်…အလုပ်အကိုင်နှင့် ပတ်သက်သောအခက်အခဲများ ကျန်းမာရေး ပက္ခအမျိုးအစားဖြစ်နေရင်…ကျန်းမာရေးဆိုင်ရာ ဘ၀ပြဿနာများ …အသက်ဘေးနှင့် ဆိုင်သော ပက္ခအမျိုးအစားဖြစ်နေရင် အသက်ဘေးအန္တရယ်များ မုချ (မုချ) ကြုံရစေတတ်တယ်လို့မှတ်ပါ။ ပက္ခဆိုတာ အလကားပါကွာ..ဘာမှမဟုတ်ပါဘူးဆိုပြီး ဖင်ပိတ်ငြင်းနေကြသူတွေလည်း ရှိပါတယ်။ သွားမလုပ်ပါနဲ့။ ခံရမှာက ကိုယ့်ရင်သွေးပါ။

ကျွန်တော်လေ့လာအားထုတ် သုတေသနပြုခဲ့ပြီးသည့်နောက် ပက္ခအမျိုးအစားအလိုက် ဆိုင်ရာပက္ခများ အလုပ်လုပ်သည့် အသက်ပိုင်းတွေ မှာ …၊ ဆိုင်ရာအခက်အခဲအမျိုးအစားတွေကို အမည်ရှင်ဟာ မုချ (မုချအဆင့်) ကြုံတွေ့ဖြတ်သန်းကြရပါတယ်။

ကျော်လွှားနိုင်လို့ ပိုမိုအောင်မြင်လာကြသူတွေရှိသလို…မကျော်လွှားနိုင်လို့ ဘ၀ကို အရှုံးပေးသွားရသူတွေလည်း ဒုနဲ့ဒေးပါ။ ကျော်လွှားနိုင်သူတွေပဲ ဖြစ်ဖြစ် မကျော်လွှားနိုင်သူတွေ အတွက်ပဲဖြစ်ဖြစ် .သေချာတာကတော့ ပက္ခအမည်တွေသည် ဆိုင်ရာအမည်ရှင်တွေရဲ့ ဘ၀တွေကို .ဒဏ်ရာဒဏ်ချက် များစေတာ အမှန်ပါပဲ။

ကဲ.ခဏခဏဖြေပေးရ ရှင်းပေးရလွန်းလို့ ..ဒီပို့စ်ကို မျက်လုံးဝါးနေသည့်ကြားက အသေးစိတ် ရိုက်ပေးခဲ့ပါတယ်။ နောက်ထပ် ကျွန်မသားလေး နာမည် ပက္ခမိသလား ရှင့်လို့ မေးမယ့်အစား သည်ပို့စ်ကို …ဖြစ်နိုင်သမျှ…ရှယ်ယူထားကြပါ။ မိသားစု အတွက် …မှတ်ထား ၊ ဆေ့ဗ်ထား ၊ နောင်ကာလများစွာအထိလည်း အသုံးပြုနိုင်ပါကြောင်း။ လေးစားစွာဖြင့် – ဆရာစိုးမိုးထွန်း (ခေါ်) ဆရာဝေသာလီမောင်ဖုန်း ph – 09 789 333 791

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)