နိုင်ငံခြား သွားကိန်း ရှိသူများနှင့် နိုင်ငံခြားခရီးယတြာ

အနောက်တိုင်းနက္ခတ်ဗေဒင်အရ လက်ရှိ ဖြတ်သန်းနေဆဲ ၂၀၂၂ ခုနှစ်နဲ့ နောက်နှစ် ၂၀၂၃ ဇူလိုင်အတွင်းမှာ အောက်ဖော်ပြပါ ရာသီဖွားတွေဟာ နိုင်ငံရပ်ခြားခရီး ကြိုးစားနေရင် အောင်မြင်မယ့်လမ်းစ ရှိနေပါတယ်။

၁ – ပြိဿရာသီဖွား (ဧပြီ ၂၀ – မေ ၂၀)

၂ – ကုမ်ရာသီဖွား (ဇန်နဝါရီ ၂၀ – ဖေဖော်ဝါရီ ၁၈)

၃ – ကန်ရာသီဖွား (သြဂုတ် ၂၃ – စက်တင်ဘာ ၂၂)

၄ – ဗြိစ္ဆာရာသီဖွား (အောက်တိုဘာ ၂၃ – နိုဝင်ဘာ ၂၁)

၅ – မေထုန်ရာသီဖွား (မေ ၂၁ – ဇွန် ၂၀)

ဖော်ပြပါရာသီဖွားတွေဟာ လက်ရှိ ၂၀၂၂ ခုနှစ်နဲ့ ၂၀၂၃ ခုနှစ်၊ နှစ်လယ်အထိမှာ နိုင်ငံခြားသွားကိန်း ရှိနေပြီး တခြားသူတွေထက် အခွင့်အလမ်း ပိုအားသာသူတွေလို့ ဆိုနိုင်ပါတယ်။

တကယ်လို့ ကိုယ်က ဒီနှစ်ပိုင်းတွေထဲမှာ နိုင်ငံရပ်ခြားကို မဖြစ်မနေ သွားချင်တယ်၊ သွားမှ ဖြစ်မယ်၊ ဒီကြားထဲ အခက်အခဲတွေလည်း အရမ်း များနေတယ်ဆိုရင်…အောက်ဖော်ပြပါ နေ့နံအလိုက် ပြုလုပ်ရမယ့် ယတြာအစီအရင်ကို တစ်လ အနည်းဆုံး (၃) ကြိမ်လောက် အထိ လုပ်ကြည့်ဖို့ အကြံပြုတိုက်တွန်းလိုက်ရပါတယ်။

ဥပမာတစ်ခု ပြရရင် စနေသားသမီးတစ်ဦးဟာ နိုင်ငံရပ်ခြားခရီး ထစ်ငေ့ါကြန့်ကြာပြီး အတော်လေး အဆင်မပြေ ဖြစ်နေတယ်ဆိုရင်…

ကြာသပတေးနေ့မနက် ၆ နာရီနဲ့ ၇ နာရီခွဲအတွင်း တန်ခိုးကြီးဘုရားစေတီတစ်ဆူရဲ့ တနင်္လာထောင့်ဘုရားမှာ ဦးစွာ အမှိုက်ကောက်၊ တံမျက်လှည်း၊ သန့်ရှင်းရေး လုပ်ပါ။ ပြီးရင် အဲဒီထောင့်မှာပဲ တနင်္လာနံ လှူဖွယ် ဖြစ်တဲ့ ကံကော်၊ ကျောက်ကျော စတဲ့ နံသင့်ပစ္စည်းတွေ ကပ်လှူပြီး ဆုတောင်းပေးရပါမယ်။

ဒီအတိုင်း တခြားနေ့သားသမီးတွေလည်း အောက်ပါဇယားအတိုင်း ပြုလုပ်သွားနိုင်ပါတယ်။ တနင်္လာနေ့ဖွားနဲ့ ရာဟုနေ့ဖွားတွေဟာ စနေမနက်ပိုင်း၊ ညနေပိုင်း ကွာခြားမှုလေးတစ်ခုတော့ ရှိပါတယ်။ ဒါကို သတိပြုပေးပါ။

နိုင်ငံခြားသွားလိုသူများ လိုအင်ဆန္ဒ ပြည့်ဝနိုင်ပါစေ ဧက (ဗေဒင်သုတ)

Zawgyi Font

အေနာက္တိုင္းနကၡတ္ေဗဒင္အရ လက္ရွိ ျဖတ္သန္းေနဆဲ ၂၀၂၂ ခုႏွစ္နဲ႔ ေနာက္ႏွစ္ ၂၀၂၃ ဇူလိုင္အတြင္းမွာ ေအာက္ေဖာ္ျပပါ ရာသီဖြားေတြဟာ ႏိုင္ငံရပ္ျခားခရီး ႀကိဳးစားေနရင္ ေအာင္ျမင္မယ့္လမ္းစ ရွိေနပါတယ္။

၁ – ၿပိႆရာသီဖြား (ဧၿပီ ၂၀ – ေမ ၂၀)
၂ – ကုမ္ရာသီဖြား (ဇန္နဝါရီ ၂၀ – ေဖေဖာ္ဝါရီ ၁၈)
၃ – ကန္ရာသီဖြား (ၾသဂုတ္ ၂၃ – စက္တင္ဘာ ၂၂)
၄ – ၿဗိစာၦရာသီဖြား (ေအာက္တိုဘာ ၂၃ – ႏိုဝင္ဘာ ၂၁)
၅ – ေမထုန္ရာသီဖြား (ေမ ၂၁ – ဇြန္ ၂၀)

ေဖာ္ျပပါရာသီဖြားေတြဟာ လက္ရွိ ၂၀၂၂ ခုႏွစ္နဲ႔ ၂၀၂၃ ခုႏွစ္၊ ႏွစ္လယ္အထိမွာ ႏိုင္ငံျခားသြားကိန္း ရွိေနၿပီး တျခားသူေတြထက္ အခြင့္အလမ္း ပိုအားသာသူေတြလို႔ ဆိုႏိုင္ပါတယ္။

တကယ္လို႔ ကိုယ္က ဒီႏွစ္ပိုင္းေတြထဲမွာ ႏိုင္ငံရပ္ျခားကို မျဖစ္မေန သြားခ်င္တယ္၊ သြားမွ ျဖစ္မယ္၊ ဒီၾကားထဲ အခက္အခဲေတြလည္း အရမ္း မ်ားေနတယ္ဆိုရင္…

ေအာက္ေဖာ္ျပပါ ေန႔နံအလိုက္ ျပဳလုပ္ရမယ့္ ယၾတာအစီအရင္ကို တစ္လ အနည္းဆုံး (၃) ႀကိမ္ေလာက္ အထိ လုပ္ၾကည့္ဖို႔ အႀကံျပဳတိုက္တြန္းလိုက္ရပါတယ္။

ဥပမာတစ္ခု ျပရရင္ စေနသားသမီးတစ္ဦးဟာ ႏိုင္ငံရပ္ျခားခရီး ထစ္ေင့ါၾကန႔္ၾကာၿပီး အေတာ္ေလး အဆင္မေျပ ျဖစ္ေနတယ္ဆိုရင္…
ၾကာသပေတးေန႔မနက္ ၆ နာရီနဲ႔ ၇ နာရီခြဲအတြင္း တန္ခိုးႀကီးဘုရားေစတီတစ္ဆူရဲ႕ တနလၤာေထာင့္ဘုရားမွာ ဦးစြာ အမႈိက္ေကာက္၊

တံမ်က္လွည္း၊ သန႔္ရွင္းေရး လုပ္ပါ။ ၿပီးရင္ အဲဒီေထာင့္မွာပဲ တနလၤာနံ လႉဖြယ္ ျဖစ္တဲ့ ကံေကာ္၊ ေက်ာက္ေက်ာ စတဲ့ နံသင့္ပစၥည္းေတြ ကပ္လႉၿပီး ဆုေတာင္းေပးရပါမယ္။

ဒီအတိုင္း တျခားေန႔သားသမီးေတြလည္း ေအာက္ပါဇယားအတိုင္း ျပဳလုပ္သြားႏိုင္ပါတယ္။ တနလၤာေန႔ဖြားနဲ႔ ရာဟုေန႔ဖြားေတြဟာ စေနမနက္ပိုင္း၊ ညေနပိုင္း ကြာျခားမႈေလးတစ္ခုေတာ့ ရွိပါတယ္။ ဒါကို သတိျပဳေပးပါ။


ႏိုင္ငံျခားသြားလိုသူမ်ား လိုအင္ဆႏၵ ျပည့္ဝႏိုင္ပါေစ ဧက (ေဗဒင္သုတ)

 

(ေဗဒင္သုတ၏ မူပိုင္ေဆာင္းပါး ျဖစ္သည္။ အျခားေသာ Social Media Platform မ်ား ႏွင့္ Website မ်ားတြင္ ျပန္လည္ကူးယူေဖာ္ျပျခင္းကုိ ခြင့္မျပဳပါ။ ဖတ္ရႈအားေပးမႈအတြက္ ေက်းဇူးတင္ပါသည္)