ဖူးစာရွင္ ဘယ္သူလဲ ၊ ဘယ္ေတာ့ ေပါင္းဖက္ရႏိုင္မလဲ

ဖူးစာရွင္ (သို႔မဟုတ္) ဘဝတစ္သက္တာ လက္တြဲေပါင္းဖက္ရမယ့္သူ ဘယ္သူဘယ္ဝါ ျဖစ္လာမလဲ ဆိုတာကို အေျဖရွာဖို႔ ေဗဒင္ပညာမွာ နည္းနာေပါင္းမ်ားစြာ ရွိပါတယ္။ ဒီထဲကမွ လူအမ်ား နားလည္လြယ္ၿပီး ကိုယ္တိုင္ပါ တြက္ၾကည့္ႏိုင္မယ့္ ျမန္မာ့ေဗဒင္ တြက္ကိန္းတစ္ခ်ိဳ႕ကို ေဖာ္ျပေပးလိုက္ပါတယ္။

ဖူးစာရွင္ ဘယ္သူလဲ အေျဖရွာရမွာ မိမိရဲ႕ ျမန္မာေမြးသကၠရာဇ္ကို (၇) နဲ႔စားၿပီး ဘာအႂကြင္းရသလဲ ၾကည့္ပါ။ အႂကြင္းအလိုက္ ေမတၱာေရးကံဇာတာကို ေယဘုယ် သိႏိုင္ပါတယ္။ ျမန္မာေမြးႏွစ္ကို (၇) နဲ႔ စားလို႔….

(၁) ႂကြင္းရင္ နီးတက်က္က်က္ အိမ္ေထာင္မ်ိဳး ျဖစ္တတ္တယ္။ အတူေနခြင့္ သိပ္မရဘဲ တစ္ေယာက္တစ္ေနရာ ျဖစ္ေနတတ္တယ္။ အတူေနရင္ ဆူပူတတ္တယ္။ အဆင့္အတန္းခ်င္း သိပ္မကြာသူေတြ ဆုံဆည္းရတတ္တယ္။ (ေဗဒင္သုတ၏ မူပိုင္ေဆာင္းပါး ျဖစ္သည္။ အျခားေသာ Social Media Platform မ်ား ႏွင့္ Website မ်ားတြင္ ျပန္လည္ကူးယူေဖာ္ျပျခင္းကုိ ခြင့္မျပဳပါ)

(၂) ႂကြင္းရင္ အတူေပါင္းဖက္ၿပီးေနာက္ တိုးတက္ႀကီးပြားလာႏိုင္တယ္။ နာမည္ဂုဏ္သတင္း ေက်ာ္ၾကားလာၿပီး ကံေတြ ေကာင္းလာတတ္တယ္။ အမ်ိဳးသားက ဇနီးေကာင္း ရေပမယ့္ အမ်ိဳးသမီးက ကိုယ့္အားကိုယ္ကိုးရမယ္။

(၃) ႂကြင္းရင္ အားကိုးအားထားရတဲ့ အိမ္ေထာင္ရွင္ဘ၀ ရမယ္။ ရာထူးဂုဏ္ ႀကီးမားမယ္။ ခ်မ္းသာခြင့္ ရရွိမယ္။ မရည္႐ြယ္တာေတြလည္း ျဖစ္တတ္တယ္။ အမ်ိဳးသားေရာ အမ်ိဳးသမီးပါ အဆင့္အတန္းခ်င္း မကြာဘဲ ျဖစ္မယ္။

(၄) ႂကြင္းရင္ အိမ္ေထာင္ဖက္ရဲ႕ အရွိန္အဝါ ႀကီးမားမယ္။ ေစာင့္ေရွာက္ကူညီေပးတတ္သလို ဆူပူခံရတာလည္း ျဖစ္တတ္တယ္။ စိုးရိမ္မကင္း ျဖစ္မယ္။ က်ားေရာမပါ အဆင့္အတန္းခ်င္းသိပ္မကြာဘဲ တန္းတူ ျဖစ္တတ္တယ္။

(၅) ႂကြင္းရင္ အိမ္ေထာင္ေရးေသာကေတြ အၿမဲ ခံစားရတတ္တယ္။ အတူတူ ၾကာၾကာေနရင္ အဆင္မေျပဘဲ ခြဲခြာေနမွသာ ေကာင္းမယ္။ က်န္းမာေရး ညံ့တတ္တယ္။ အိမ္ေထာင္ဖက္ အဆင့္ခ်င္း မတူဘဲ ကြာဟႏိုင္တယ္။ (ေဗဒင္သုတ၏ မူပိုင္ေဆာင္းပါး ျဖစ္သည္။ အျခားေသာ Social Media Platform မ်ား ႏွင့္ Website မ်ားတြင္ ျပန္လည္ကူးယူေဖာ္ျပျခင္းကုိ ခြင့္မျပဳပါ)

(၆) ႂကြင္းရင္ အိမ္ေထာင္က်စမွာ သိပ္ မထူးျခားေပမယ့္ အိမ္ေထာင္သက္ ၾကာေလ အဆင္ေျပေလ ျဖစ္မယ္။ လက္ထပ္ၿပီး ႀကီးပြားမယ္။ အမ်ိဳးသားက အဆင့္မတူတဲ့ဇနီး ရတတ္ၿပီး အမ်ိဳးသမီးက အားကိုးရသူနဲ႔ ဆုံမယ္။

(ဝ) ႂကြင္းရင္ အိမ္ေထာင္ေရးမွာ အထစ္အေငါ့၊ အေႏွာင့္အယွက္ေတြ မ်ားတတ္တယ္။ စိတ္ရႈပ္စရာ မ်ားမယ္။ အမ်ိဳးသားဆိုရင္ အဆင့္အတန္း ျမင့္မားတဲ့ ဇနီးမ်ိဳး ရတတ္ေပမယ့္ အမ်ိဳးသမီးက အားမကိုးရသူနဲ႔ ဆုံႏိုင္တယ္။

ဥပမာတစ္ခု တြက္ျပပါမယ္။ ကိုယ့္ရဲ႕ ျမန္မာေမြးႏွစ္က ၁၃၆၃ ခုႏွစ္ ဆိုပါစို႔။ (၇) နဲ႔စားရင္ ၅ – ႂကြင္းပါမယ္။ ဒါဆို ၅ ႂကြင္းအေဟာရဲ႕ ဖူးစာဖက္အိမ္ေထာင္ေရးကံဇာတာကို ဖတ္ၾကည့္႐ုံပါပဲ။ ေယဘုယ်အေဟာ ျဖစ္လို႔ တရားေသ မွတ္ယူလို႔ မရဘူးဆိုတာ သတိျပဳပါ။ မိမိ ေမြးႏွစ္အလိုက္ ေယဘုယ် ဖူးစာဖက္ကံဇာတာကို အၾကမ္းဖ်ဥ္းေတာ့ သိရပါၿပီ။ လက္ရွိတြဲေနသူ၊ ရည္႐ြယ္ထားတဲ့ ခ်စ္ရသူနဲ႔ ဘယ္ေတာ့ ေပါင္းဖက္ရႏိုင္မလဲ သိခ်င္ရင္ေတာ့..

ေရာက္ဆဲအသက္ရယ္၊ ကိုယ့္ေမြးနံရယ္၊ ခ်စ္သူရဲ႕ ေမြးနံရယ္ အားလုံးကို ေပါင္းပါ။ ၿပီးရင္ (၈) နဲ႔စားလိုက္ပါ။

အႂကြင္းက ၁ ၊ ၃ ၊ ၅ ၊ ၀ တစ္ခုခု ရမယ္ဆိုရင္ အိမ္ေထာင္ မက်ႏိုင္ေသးပါဘူး။ ႏွစ္ဦးသား စီစဥ္ထားသမွ်ေတြ ေနာက္ဆုတ္ရတတ္ပါတယ္။ လက္ထပ္ပြဲကိစၥမွာ အေႏွာင့္အယွက္ မ်ားတတ္ပါတယ္။ အတင္းႀကီး စီစဥ္မယ္ဆို အဆင္မေျပတာေတြ မ်ားတတ္ပါတယ္။ ခဏ သည္းခံၿပီး ေ႐ႊ႕ဆိုင္းလိုက္တာ ပိုေကာင္းပါလိမ့္မယ္။

အႂကြင္းက ၂ ၊ ၄ ၊ ၆ တစ္ခုခု ရမယ္ဆိုရင္ေတာ့ ႏွစ္ဦးသား စီစဥ္ထားၾကသလို အေၾကာင္းဆက္ ေပါင္းဖက္ခြင့္ ရပါၿပီ။ မဂၤလာပြဲႀကီး ခမ္းခမ္းနားနားနဲ႔ တင့္တင့္တယ္တယ္ စီမံႏိုင္ပါတယ္။ မဂၤလာကိစၥေတြ ေခ်ာေမြ႕ေအာင္ျမင္ အဆင္ေျပၿပီး ႏွစ္ဦးေပါင္းဘဝတစ္ခုကို အေကာင္းဆုံး တည္ေဆာက္ခြင့္ ရရွိပါလိမ့္မယ္။ (ေဗဒင္သုတ၏ မူပိုင္ေဆာင္းပါး ျဖစ္သည္။ အျခားေသာ Social Media Platform မ်ား ႏွင့္ Website မ်ားတြင္ ျပန္လည္ကူးယူေဖာ္ျပျခင္းကုိ ခြင့္မျပဳပါ)

ဒီေနရာမွာ အမ်ိဳးသားနဲ႔ အမ်ိဳးသမီး ယွဥ္ရင္ အမ်ိဳးသမီးရဲ႕ကံကို အဓိက ယူၿပီး တြက္ရပါမယ္။ ဥပမာ အသက္ ၂၂ အ႐ြယ္ ၾကာသပေတးသမီးတစ္ဦးက တနဂၤေႏြသားတစ္ဦးနဲ႔ အိမ္ေထာင္ျပဳဖို႔ ရည္႐ြယ္ထားတယ္ ဆိုပါစို႔။

ေန႔နံ ဂဏန္းအရ ၾကာသပေတးဆို (၅) ၊ တနဂၤေႏြ ဆို (၁) ယူရမွာပါ။ ဒါေလးကိုေတာ့ သိထားၿပီး ျဖစ္မွာပါ။ အဲဒီေတာ့ တြက္ၾကည့္မယ္ဆိုရင္… အသက္ ၂၂ + ၅ + ၁ = ၂၈ ၊ ေပါင္းရကိန္း ၂၈ ကို (၈) နဲ႔ စားရင္ (၄) ႂကြင္းပါမယ္။

တြက္ကိန္းအရဆို ၾကာသပေတးသမီးဟာ အသက္ ၂၂ ႏွစ္ထဲမွာ တနဂၤေႏြသားနဲ႔ လက္ထပ္ထိမ္းျမားမယ္ဆို စီစဥ္ထားတဲ့အတိုင္း ျဖစ္ပါလိမ့္မယ္။ မဂၤလာပြဲ ျဖစ္ေျမာက္ၿပီး အိမ္ေထာင္ျပဳခြင့္ ရပါမယ္လို႔ ေဟာႏိုင္ပါတယ္။

ဒါေလာက္ဆိုရင္ မိမိတို႔ရဲ႕ ဖူးစာကံအေျခအေနနဲ႔ အိမ္ေထာင္က်ႏိုင္တဲ့အသက္ပိုင္းျခားေတြကို အလြယ္တကူ တြက္စစ္အေျဖရွာႏိုင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။ အားလုံးပဲ ေမတၱာေရးကံေတြ ေကာင္းမြန္လွပႏိုင္ၾကပါေစ..။ ဧက (ေဗဒင္သုတ)

Unicode Font

ဖူးစာရှင် (သို့မဟုတ်) ဘဝတစ်သက်တာ လက်တွဲပေါင်းဖက်ရမယ့်သူ ဘယ်သူဘယ်ဝါ ဖြစ်လာမလဲ ဆိုတာကို အဖြေရှာဖို့ ဗေဒင်ပညာမှာ နည်းနာပေါင်းများစွာ ရှိပါတယ်။ ဒီထဲကမှ လူအများ နားလည်လွယ်ပြီး ကိုယ်တိုင်ပါ တွက်ကြည့်နိုင်မယ့် မြန်မာ့ဗေဒင်တွက်ကိန်းတစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။

ဖူးစာရှင် ဘယ်သူလဲ အဖြေရှာရမှာ မိမိရဲ့ မြန်မာမွေးသက္ကရာဇ်ကို (၇) နဲ့စားပြီး ဘာအကြွင်းရသလဲ ကြည့်ပါ။ အကြွင်းအလိုက် မေတ္တာရေးကံဇာတာကို ယေဘုယျ သိနိုင်ပါတယ်။ မြန်မာမွေးနှစ်ကို (၇) နဲ့ စားလို့….

(၁) ကြွင်းရင် နီးတကျက်ကျက် အိမ်ထောင်မျိုး ဖြစ်တတ်တယ်။ အတူနေခွင့် သိပ်မရဘဲ တစ်ယောက်တစ်နေရာ ဖြစ်နေတတ်တယ်။ အတူနေရင် ဆူပူတတ်တယ်။ အဆင့်အတန်းချင်း သိပ်မကွာသူတွေ ဆုံဆည်းရတတ်တယ်။

(၂) ကြွင်းရင် အတူပေါင်းဖက်ပြီးနောက် တိုးတက်ကြီးပွားလာနိုင်တယ်။ နာမည်ဂုဏ်သတင်း ကျော်ကြားလာပြီး ကံတွေ ကောင်းလာတတ်တယ်။ အမျိုးသားက ဇနီးကောင်း ရပေမယ့် အမျိုးသမီးက ကိုယ့်အားကိုယ်ကိုးရမယ်။

(၃) ကြွင်းရင် အားကိုးအားထားရတဲ့ အိမ်ထောင်ရှင်ဘ၀ ရမယ်။ ရာထူးဂုဏ် ကြီးမားမယ်။ ချမ်းသာခွင့် ရရှိမယ်။ မရည်ရွယ်တာတွေလည်း ဖြစ်တတ်တယ်။ အမျိုးသားရော အမျိုးသမီးပါ အဆင့်အတန်းချင်း မကွာဘဲ ဖြစ်မယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

(၄) ကြွင်းရင် အိမ်ထောင်ဖက်ရဲ့ အရှိန်အဝါ ကြီးမားမယ်။ စောင့်ရှောက်ကူညီပေးတတ်သလို ဆူပူခံရတာလည်း ဖြစ်တတ်တယ်။ စိုးရိမ်မကင်း ဖြစ်မယ်။ ကျားရောမပါ အဆင့်အတန်းချင်းသိပ်မကွာဘဲ တန်းတူ ဖြစ်တတ်တယ်။

(၅) ကြွင်းရင် အိမ်ထောင်ရေးသောကတွေ အမြဲ ခံစားရတတ်တယ်။ အတူတူ ကြာကြာနေရင် အဆင်မပြေဘဲ ခွဲခွာနေမှသာ ကောင်းမယ်။ ကျန်းမာရေး ညံ့တတ်တယ်။ အိမ်ထောင်ဖက် အဆင့်ချင်း မတူဘဲ ကွာဟနိုင်တယ်။

(၆) ကြွင်းရင် အိမ်ထောင်ကျစမှာ သိပ် မထူးခြားပေမယ့် အိမ်ထောင်သက် ကြာလေ အဆင်ပြေလေ ဖြစ်မယ်။ လက်ထပ်ပြီး ကြီးပွားမယ်။ အမျိုးသားက အဆင့်မတူတဲ့ဇနီး ရတတ်ပြီး အမျိုးသမီးက အားကိုးရသူနဲ့ ဆုံမယ်။

(ဝ) ကြွင်းရင် အိမ်ထောင်ရေးမှာ အထစ်အငေါ့၊ အနှောင့်အယှက်တွေ များတတ်တယ်။ စိတ်ရှုပ်စရာ များမယ်။ အမျိုးသားဆိုရင် အဆင့်အတန်း မြင့်မားတဲ့ ဇနီးမျိုး ရတတ်ပေမယ့် အမျိုးသမီးက အားမကိုးရသူနဲ့ ဆုံနိုင်တယ်။

ဥပမာတစ်ခု တွက်ပြပါမယ်။ ကိုယ့်ရဲ့ မြန်မာမွေးနှစ်က ၁၃၆၃ ခုနှစ် ဆိုပါစို့။ (၇) နဲ့စားရင် ၅ – ကြွင်းပါမယ်။ ဒါဆို ၅ ကြွင်းအဟောရဲ့ ဖူးစာဖက်အိမ်ထောင်ရေးကံဇာတာကို ဖတ်ကြည့်ရုံပါပဲ။ ယေဘုယျအဟော ဖြစ်လို့ တရားသေ မှတ်ယူလို့ မရဘူးဆိုတာ သတိပြုပါ။ မိမိ မွေးနှစ်အလိုက် ယေဘုယျ ဖူးစာဖက်ကံဇာတာကို အကြမ်းဖျဉ်းတော့ သိရပါပြီ။ လက်ရှိတွဲနေသူ၊ ရည်ရွယ်ထားတဲ့ ချစ်ရသူနဲ့ ဘယ်တော့ ပေါင်းဖက်ရနိုင်မလဲ သိချင်ရင်တော့.. (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ရောက်ဆဲအသက်ရယ်၊ ကိုယ့်မွေးနံရယ်၊ ချစ်သူရဲ့ မွေးနံရယ် အားလုံးကို ပေါင်းပါ။ ပြီးရင် (၈) နဲ့စားလိုက်ပါ။

အကြွင်းက ၁ ၊ ၃ ၊ ၅ ၊ ၀ တစ်ခုခု ရမယ်ဆိုရင် အိမ်ထောင် မကျနိုင်သေးပါဘူး။ နှစ်ဦးသား စီစဉ်ထားသမျှတွေ နောက်ဆုတ်ရတတ်ပါတယ်။ လက်ထပ်ပွဲကိစ္စမှာ အနှောင့်အယှက် များတတ်ပါတယ်။ အတင်းကြီး စီစဉ်မယ်ဆို အဆင်မပြေတာတွေ များတတ်ပါတယ်။ ခဏ သည်းခံပြီး ရွှေ့ဆိုင်းလိုက်တာ ပိုကောင်းပါလိမ့်မယ်။

အကြွင်းက ၂ ၊ ၄ ၊ ၆ တစ်ခုခု ရမယ်ဆိုရင်တော့ နှစ်ဦးသား စီစဉ်ထားကြသလို အကြောင်းဆက် ပေါင်းဖက်ခွင့် ရပါပြီ။ မင်္ဂလာပွဲကြီး ခမ်းခမ်းနားနားနဲ့ တင့်တင့်တယ်တယ် စီမံနိုင်ပါတယ်။ မင်္ဂလာကိစ္စတွေ ချောမွေ့အောင်မြင် အဆင်ပြေပြီး နှစ်ဦးပေါင်းဘဝတစ်ခုကို အကောင်းဆုံး တည်ဆောက်ခွင့် ရရှိပါလိမ့်မယ်။

ဒီနေရာမှာ အမျိုးသားနဲ့ အမျိုးသမီး ယှဉ်ရင် အမျိုးသမီးရဲ့ကံကို အဓိက ယူပြီး တွက်ရပါမယ်။ ဥပမာ အသက် ၂၂ အရွယ် ကြာသပတေးသမီးတစ်ဦးက တနင်္ဂနွေသားတစ်ဦးနဲ့ အိမ်ထောင်ပြုဖို့ ရည်ရွယ်ထားတယ် ဆိုပါစို့။

နေ့နံ ဂဏန်းအရ ကြာသပတေးဆို (၅) ၊ တနင်္ဂနွေ ဆို (၁) ယူရမှာပါ။ ဒါလေးကိုတော့ သိထားပြီး ဖြစ်မှာပါ။ အဲဒီတော့ တွက်ကြည့်မယ်ဆိုရင်…

အသက် ၂၂ + ၅ + ၁ = ၂၈ ၊ ပေါင်းရကိန်း ၂၈ ကို (၈) နဲ့ စားရင် (၄) ကြွင်းပါမယ်။

တွက်ကိန်းအရဆို ကြာသပတေးသမီးဟာ အသက် ၂၂ နှစ်ထဲမှာ တနင်္ဂနွေသားနဲ့ လက်ထပ်ထိမ်းမြားမယ်ဆို စီစဉ်ထားတဲ့အတိုင်း ဖြစ်ပါလိမ့်မယ်။ မင်္ဂလာပွဲ ဖြစ်မြောက်ပြီး အိမ်ထောင်ပြုခွင့် ရပါမယ်လို့ ဟောနိုင်ပါတယ်။

ဒါလောက်ဆိုရင် မိမိတို့ရဲ့ ဖူးစာကံအခြေအနေနဲ့ အိမ်ထောင်ကျနိုင်တဲ့အသက်ပိုင်းခြားတွေကို အလွယ်တကူ တွက်စစ်အဖြေရှာနိုင်မယ်လို့ မျှော်လင့်ပါတယ်။ အားလုံးပဲ မေတ္တာရေးကံတွေ ကောင်းမွန်လှပနိုင်ကြပါစေ..။

ဧက (ဗေဒင်သုတ)

(ေဗဒင္သုတ၏ မူပိုင္ေဆာင္းပါး ျဖစ္သည္။ အျခားေသာ Social Media Platform မ်ား ႏွင့္ Website မ်ားတြင္ ျပန္လည္ကူးယူေဖာ္ျပျခင္းကုိ ခြင့္မျပဳပါ။ ဖတ္ရႈအားေပးမႈအတြက္ ေက်းဇူးတင္ပါသည္)