ဘုန္းကံေတာက္ပေစေသာ နဝင္းက်င့္စဥ္

ေရွးဆရာသခင္ႀကီးမ်ား၏ ေအာင္ပြဲဝင္က်င့္စဥ္တစ္ခုျဖစ္ေသာ နဝင္းက်င့္စဥ္အစီအရင္သည္ ပိတ္ေနေသာ ဘုန္းကံမ်ား ပြင့္လန္းျခင္း၊ လုပ္ငန္းေဆာင္တာအရပ္ရပ္ ေအာင္ျမင္ျခင္း၊ ေငြဝင္လာဘ္႐ႊင္ျခင္းမ်ား ဒိဌဓမၼ ခံစားရေစေသာ အက်ိဳးထူးကို ေပးစြမ္းႏိုင္ေပသည္။

“နဝင္းကိုခံ ကံကိုျမႇင့္” ဟူ၍ အခ်ိဳ႕ဆရာႀကီးမ်ား ၾသဝါဒေပးခဲ့သည္ကို ၾကားဖူးနားဝရွိေကာင္း ရွိၾကပါလိမ့္မည္။

နဝင္းက်င့္စဥ္သည္ ရက္ေပါင္း (၉) ရက္တိတိ ဝင္ရမည္ျဖစ္ပါသည္။ နဝင္းက်င့္စဥ္ရန္ စတင္ေသာအခ်ိန္ ၊ နဝင္းဓာတ္ပန္း အ႐ြက္အခက္မ်ား ၊ စိပ္ရမည့္ ဂုဏ္ေတာ္ပုတီး တိက်ျခင္းျဖင့္ ေကာင္းမြန္ေသာ အက်ိဳးထူးကို ေပးစြမ္းေပမည္။

မည္သည့္ေန႔သားမဆို မိမိ ေမြးေန႔ မနက္ (သို႔) ည ၉း၀၀ မွ ၁၀း၃၀ အတြင္း စတင္ရေပမည္။ ေန႔သားအလိုက္ နင္းၾကမ္း (ခင္းထိုင္ရန္)၊ ေဆာင္ပန္း(ဘုရားလႉဒါန္းရန္) တို႔ကို ေအာက္ပါအတိုင္း ေဖာ္ေျပေပးပါမည္။

ေန႔ဖြား            ေဆာင္ပန္း                          နင္းၾကမ္း

၁ေႏြေန႔ဖြား      ေမၿမိဳ႕ပန္း၅ပြင့္                      ဝါး ၄ ၫြန႔္

၂ လၤာေန႔ဖြား    သီဟိုဠ္ ၆ၫြန႔္(သို႔) သီး၆ၫြန႔္     ပ်ဥ္းမ(သို႔)ေပါက္ ၅ ၫြန႔္

၃ဂၤါေန႔ဖြား        ႏွင္းဆီ ၇ပြင့္                        သီဟိုဠ္ (သို႔) သီး ၆ ၫြန႔္

၄ဟူးေန႔ဖြား      အုန္း ၁ၫြန႔္                         ဒန္း ၇ ၫြန႔္

၅ေတးေန႔ဖြား    ကံ့ေကာ္(သို႔)ႀကံ၂ၫြန႔္             အုန္း ၁ ၫြန႔္

၆ၾကာေန႔ဖြား     ဇီး(သို႔) ေဇာ္စိမ္း ၃ၫြန႔္            ကံ့ေကာ္(သို႔) ႀကံ ၂ၫြန႔္

စေနေန႔ဖြား      ႐ြက္လွ ၄ၫြန႔္                      ဇီး(သို႔)ေဇာ္စိမ္း ၅ ၫြန႔္

ေဖာ္ျပပါ နဝင္းဓာတ္သစ္႐ြက္မ်ားကို နင္းၾကမ္းကို ဖ်ာအေသး ၁ ခ်ပ္ (သို႔) အေနကထိုင္ ခင္းထိုင္၍ ေဆာင္ပန္း အ႐ြက္အခက္မ်ားကို အိုးတစ္ခုျဖင့္ ေရခံၿပီး ထိုးလႉကာ ဘုရားလႉပါ။

မိမိ ေမြးေန႔ မနက္ ၉း၀၀ မွ ၁၀း၃၀ အတြင္း ဘုရားစဥ္ေရွ႕တြင္ ျမတ္စြာဘုရားရွင္ကိုယ္ေတာ္ျမတ္ႀကီး၏ တုႏိုင္းမဲ့ ဂုဏ္ေတာ္ ၉ ပါးကို ဂုဏ္ေတာ္ ၁ ပါး ပုတီး ၁ ပတ္စီ စိပ္ၿပီး လိုရာဆုေတာင္းပါ။

အ႐ြက္မ်ားကို ၉ရက္ ၾကာၿပီးမွ နင္းၾကမ္းမ်ားကို ဘုမၼိအရပ္ႏွင့္ ေဆာင္ပန္းမ်ားကို သီရိအရပ္မွာ စြန႔္ပစ္ပါ။ ေန႔သားအလိုက္ ဘုမၼိအရပ္၊ သီရိအရပ္မ်ားကို ေအာက္ပါအတိုင္း ေဖာ္ျပအပ္ပါသည္။

ေန႔သား          ဘုမၼိအရပ္                 သီရိအရပ္

၁ေႏြ                       ေတာင္                     ေျမာက္

၂လၤာ                      အေနာက္ေတာင္         အေရွ႕ေျမာက္

၃ဂၤါ                         အေနာက္                  အေရွ႕

၄ဟူး                       အေနာက္ေျမာက္         အေရွ႕ေတာင္

၅ေတး                     အေရွ႕ေျမာက္             အေနာက္ေတာင္

၆ၾကာ                      အေရွ႕ေတာင္             အေနာက္ေျမာက္

စေန                       ေျမာက္                    ေတာင္

ရာဟု                      အေရွ႕                     အေနာက္

ထိုကဲ့သို႔ စနစ္တက်ေဆာင္႐ြက္ျခင္းျဖင့္ အဓိဌာန္ကာလ ၉ ရက္အတြင္း လိုေသာဆုမ်ားကို ေတာင္းႏိုင္သည္။ ဆုေတာင္း မရွိပါကလည္း ဘုန္းကံျမင့္မားျခင္း၊ စီးပြားဥစၥာ တိုးတက္ျခင္း၊ လုပ္ေရးကိုင္ေရး ေအာင္ျမင္ျခင္းမ်ား ျဖစ္ထြန္းေပမည္။ လက္ေတြ႕က်င့္ႀကံျခင္းျဖင့္ ေအာင္ျမင္မႈအေပါင္း ခေညာင္းႏိုင္ပါေစသတည္း.

ကိုယ္စိတ္ႏွစ္ပါးခ်မ္းေျမ့ပါေစ

ဆရာလင္းေဝေအာင္ (ျမန္မာ့ဆန္းက်မ္းေဗဒင္ႏွင့္ ေကပီေရွ႕ေဆာင္နကၡတ္ပညာရွင္)

Unicode Font

ရှေးဆရာသခင်ကြီးများ၏ အောင်ပွဲဝင်ကျင့်စဉ်တစ်ခုဖြစ်သော နဝင်းကျင့်စဉ်အစီအရင်သည် ပိတ်နေသော ဘုန်းကံများ ပွင့်လန်းခြင်း၊ လုပ်ငန်းဆောင်တာအရပ်ရပ် အောင်မြင်ခြင်း၊ ငွေဝင်လာဘ်ရွှင်ခြင်းများ ဒိဌဓမ္မ ခံစားရစေသော အကျိုးထူးကို ပေးစွမ်းနိုင်ပေသည်။

“နဝင်းကိုခံ ကံကိုမြှင့်” ဟူ၍ အချို့ဆရာကြီးများ သြဝါဒပေးခဲ့သည်ကို ကြားဖူးနားဝရှိကောင်း ရှိကြပါလိမ့်မည်။

နဝင်းကျင့်စဉ်သည် ရက်ပေါင်း (၉) ရက်တိတိ ဝင်ရမည်ဖြစ်ပါသည်။ နဝင်းကျင့်စဉ်ရန် စတင်သောအချိန် ၊ နဝင်းဓာတ်ပန်း အရွက်အခက်များ ၊ စိပ်ရမည့် ဂုဏ်တော်ပုတီး တိကျခြင်းဖြင့် ကောင်းမွန်သော အကျိုးထူးကို ပေးစွမ်းပေမည်။

မည်သည့်နေ့သားမဆို မိမိ မွေးနေ့ မနက် (သို့) ည ၉း၀၀ မှ ၁၀း၃၀ အတွင်း စတင်ရပေမည်။ နေ့သားအလိုက် နင်းကြမ်း (ခင်းထိုင်ရန်)၊ ဆောင်ပန်း(ဘုရားလှူဒါန်းရန်) တို့ကို အောက်ပါအတိုင်း ဖော်ပြေပေးပါမည်။

နေ့ဖွား               ဆောင်ပန်း                                 နင်းကြမ်း

၁နွေနေ့ဖွား        မေမြို့ပန်း၅ပွင့်                           ဝါး ၄ ညွန့်

၂ င်္လာနေ့ဖွား    သီဟိုဠ် ၆ညွန့်(သို့) သီး၆ညွန့်        ပျဉ်းမ(သို့)ပေါက် ၅ ညွန့်

၃င်္ဂါနေ့ဖွား        နှင်းဆီ ၇ပွင့်                               သီဟိုဠ် (သို့) သီး ၆ ညွန့်

၄ဟူးနေ့ဖွား       အုန်း ၁ညွန့်                                ဒန်း ၇ ညွန့်

၅တေးနေ့ဖွား     ကံ့ကော်(သို့)ကြံ၂ညွန့်                 အုန်း ၁ ညွန့်

၆ကြာနေ့ဖွား      ဇီး(သို့) ဇော်စိမ်း ၃ညွန့်                ကံ့ကော်(သို့) ကြံ ၂ညွန့်

စနေနေ့ဖွား        ရွက်လှ ၄ညွန့်                             ဇီး(သို့)ဇော်စိမ်း ၅ ညွန့်

ဖော်ပြပါ နဝင်းဓာတ်သစ်ရွက်များကို နင်းကြမ်းကို ဖျာအသေး ၁ ချပ် (သို့) အနေကထိုင် ခင်းထိုင်၍ ဆောင်ပန်း အရွက်အခက်များကို အိုးတစ်ခုဖြင့် ရေခံပြီး ထိုးလှူကာ ဘုရားလှူပါ။

မိမိ မွေးနေ့ မနက် ၉း၀၀ မှ ၁၀း၃၀ အတွင်း ဘုရားစဉ်ရှေ့တွင် မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီး၏ တုနိုင်းမဲ့ ဂုဏ်တော် ၉ ပါးကို ဂုဏ်တော် ၁ ပါး ပုတီး ၁ ပတ်စီ စိပ်ပြီး လိုရာဆုတောင်းပါ။

အရွက်များကို ၉ရက် ကြာပြီးမှ နင်းကြမ်းများကို ဘုမ္မိအရပ်နှင့် ဆောင်ပန်းများကို သီရိအရပ်မှာ စွန့်ပစ်ပါ။ နေ့သားအလိုက် ဘုမ္မိအရပ်၊ သီရိအရပ်များကို အောက်ပါအတိုင်း ဖော်ပြအပ်ပါသည်။

နေ့သား             ဘုမ္မိအရပ်                      သီရိအရပ်

၁နွေ                              တောင်                          မြောက်

၂င်္လာ                           အနောက်တောင် အရှေ့မြောက်

၃င်္ဂါ                             အနောက်                       အရှေ့

၄ဟူး                             အနောက်မြောက်            အရှေ့တောင်

၅တေး                           အရှေ့မြောက်                 အနောက်တောင်

၆ကြာ                           အရှေ့တောင်                  အနောက်မြောက်

စနေ                              မြောက်                         တောင်

ရာဟု                            အရှေ့                            အနောက်

ထိုကဲ့သို့ စနစ်တကျဆောင်ရွက်ခြင်းဖြင့် အဓိဌာန်ကာလ ၉ ရက်အတွင်း လိုသောဆုများကို တောင်းနိုင်သည်။ ဆုတောင်း မရှိပါကလည်း ဘုန်းကံမြင့်မားခြင်း၊ စီးပွားဥစ္စာ တိုးတက်ခြင်း၊ လုပ်ရေးကိုင်ရေး အောင်မြင်ခြင်းများ ဖြစ်ထွန်းပေမည်။ လက်တွေ့ကျင့်ကြံခြင်းဖြင့် အောင်မြင်မှုအပေါင်း ခညောင်းနိုင်ပါစေသတည်း.

ကိုယ်စိတ်နှစ်ပါးချမ်းမြေ့ပါစေ

ဆရာလင်းဝေအောင် (မြန်မာ့ဆန်းကျမ်းဗေဒင်နှင့် ကေပီရှေ့ဆောင်နက္ခတ်ပညာရှင်)

(ေဗဒင္သုတ၏ မူပိုင္ေဆာင္းပါး ျဖစ္သည္။ အျခားေသာ Social Media Platform မ်ား ႏွင့္ Website မ်ားတြင္ ျပန္လည္ကူးယူေဖာ္ျပျခင္းကုိ ခြင့္မျပဳပါ။ ဖတ္ရႈအားေပးမႈအတြက္ ေက်းဇူးတင္ပါသည္)