ဘုန်းနဲ့ မှည့်ထားသော ကလေးငယ်များအတွက်

ဒီမနက် လာမေးတာလေးတစ်ခုဖြေပေးရင်းနဲ့  ရေးပေးချင်တာလေး တိုတို ရေးပေးခဲ့ပါ့မယ်။ ကလေးအမည်ပေးရာမှာ အထူးသဖြင့် ယောကျာ်းလေးတွေမှာ ဘုန်းဖြင့် မှည့်ခေါ်ထားသည့် ကလေးငယ်တွေအတွက်ပါ။ (ဥပမာ – ဘုန်းမြတ်၊ ဘုန်းလျှံ၊ ဘုန်းနိုင်၊ ဘုန်းဝေ၊ ဘုန်းမင်း..)

ထိုပညတ်သည် မူလဇာတာအား ကောင်းမွန်မှသာ အလွန် ချိန်ဆပြီးမှ မှည့်ရပါတယ်။ မူလဇာတာမှာ မွေးနံအား ၊ တနင်္ဂနွေအား ၊ တေဇောအားတွေ နည်းခဲ့မယ်ဆိုရင် အရမ်းကာရော မမှည့်အပ်ပါ။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ဘုန်း..ဘုန်းကံဟူသည် တေဇောဓါတ်ရဲ့ အားဗလနဲ့လည်း သက်ဆိုင်ပါတယ်။ ဘုန်တန်ခိုး တန်ခိုးတေဇာ ဟူသည်မှာ မီးဓါတ် ၀ါ တေဇောဓါတ်နဲ့လည်း သက်ဆိုင်တာမို့ ဘုန်းဖြင့် မှည့်ခေါ်ထားမိသော ကလေးငယ်များကို ငယ်စဉ်ကတည်းက မီးပူဇော်မှု အမြဲအကျင့် လုပ်ပေးထားသင့်ပါတယ်။

ဘာသာတရားနဲ့လည်း နီးနီးစပ်စပ် ဖြစ်အောင် သွန်သင်ဆုံးမပေးထားနိုင်ရပါမယ်။ ဘုန်းကံ အားနည်းစေတတ်သော အကြောင်းအရာတွေကိုလည်း ကလေးကို သွန်သင်လမ်းညွှန် ပေးထားသင့်ပါတယ်ခင်ဗျား။ အမည်ဟူသည် မှည့်ပြီးရုံနှင့်လည်း မပြီးပါ။ အမည်နှင့်လူ ကိုက်ညီအောင် နေထိုင်တတ်ဦးပါမှ ကောင်းကျိုးပေးသည်သာ….

လေးစားစွာဖြင့် – ဆရာစိုးမိုးထွန်း (ခေါ်) ဆရာဝေသာလီမောင်ဖုန်း

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)