ဘူမိနက်သန် နေရာမှန်

မိမိနေထိုင်ရာ အရပ်ဒေသဟာ ကိုယ့်အတွက် ကောင်းကျိုးပေးမှာလား…ဆိုးကျိုးပေးနေသလား…ဆိုတာကို တွက်စစ်ရတဲ့ မြန်မာ့လက်ဆန်းကိန်းတစ်ခုကို တင်ပြပေးလိုက်ပါတယ်။

ဒီနေရာမှာ အိမ်ထောင်စုတစ်ခုရဲ့ အိမ်ထောင်ဦးစီးကို အဓိကထားပြီး တွက်ချက်စစ်ဆေးဖို့သာ လိုပါတယ်…နေအိမ်တစ်အိမ်မှာရှိတဲ့ အခြားလူများကိုတွက်စစ်စရာမလိုပါဘူး….အိမ်ထောင်ဦးစီးဆိုတဲ့နေရာမှာ နေအိမ်တစ်ခုရဲ့ စားဝတ်နေရေးကို ဦးဆောင်ဦးရွက်ပြုသူကို ဆိုလိုတာဖြစ်ပါတယ်။

နောက်တစ်ခုက ကိုယ်နေထိုင်တဲ့မြို့ဒေသ မြို့နယ် ရပ်ကွက် စသဖြင့် ခွဲခြားရာမှာ ကိုယ်နေထိုင်ရာဒေသ ရပ်ကွက်ရှိရင် ရပ်ကွက်အမည်ကိုသာ ယူပါ…မရှိရင် မြို့နယ်ကိုသာယူတွက်ရပါမယ်။ ဦးစွာ ဂြိုလ်တစ်ခုချင်းစီရဲ့ ဂြိုလ်သက်တွေကို သိဖို့လိုပါတယ်…(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

တနင်္ဂနွေ—-၆-နှစ်

တနင်္လာ——၁၅-နှစ်

အင်္ဂါ———-၈-နှစ်

ဗုဒ္ဓဟူး——–၁၇-နှစ်

ကြာသပတေး—–၁၉-နှစ်

သောကြာ———၂၁-နှစ်

စနေ—————၁၀-နှစ်

ရာဟု—————၁၂-နှစ်

ဦးစွာ မိမိနေထိုင်တဲ့ ရပ်ကွက်အမည်ကို ဂြိုလ်သက်အရပေါင်းပါ။ဥပမာ-အောင်ချမ်းသာ ရပ်ကွက်ဆိုပါတော့…၆+၁၅+၂၁ = ၄၂…ရပါမယ်။ အဲ့လိုပေါင်းလို့ရတဲ့ရလဒ်ကို ကိုယ့်နံသက်နဲ့ထပ်ပီးပေါင်းပါ….ဥပမာ- တနင်္ဂနွေဆို ၁၊ တနင်္လာသားဆို ၂ …စသဖြင့် ပေါင်းရပါမယ်…

စနေသားတစ်ဦးက အထက်က အောင်ချမ်းသာ ရပ်ကွက်မှာနေတယ်ဆိုပါဆို့…အောင်ချမ်းသာ နံသက်ပေါင်းက ၄၂၊ စနေသားဖြစ်လို့ ၇ထပ်ပေါင်းရင် ၄၂+၇ = ၄၉ ရပါမယ်…ဒီထိပေါင်းကိန်းကိုနားလည်လောက်ပါပြီ။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

အထက်ပါ ပေါင်းလဒ်အားလုံးကို

၁။ ၈-ဖြင့်စားလို့  အကြွင်း ၅ ရလျှင် ထီးရသည်။

၂။ ၇-ဖြင့်စားလို့ အကြွင်း ၃- ရလျှင် တံခွန်ရသည်။

၃။ ၄-ဖြင့်စားလို့ အကြွင်း ၁- ရလျှင် သိုက်ရသည်။

ထီးရလျှင် သာယာအေးချမ်းခြင်း အမှီကောင်းရခြင်း ပူပန်ကြောင့်ကြကင်းမည်။

တံခွန်ရလျှင် နာမည်ဂုဏ်သတင်းကျော်ဇောခြင်း၊ ထင်ပေါ်ခြင်း ရှိမည်။

သိုက်ရလျှင် လုပ်ငန်းစီးပွားဖြစ်ထွန်းမည်။စီးပွားရှာဖွေလွယ်ကူပြီး ဆင်းရဲသားဖြစ်သော်မှ ၃-နှစ်အတွင်း ထိုက်သင့်သော ဓနဥစ္စပို်င်ဆိုင်မည် ။

သုံးချက်စလုံး ၅ကြွင်း ၃-ကြွင်း ၁-ကြွင်း ဖြစ်နေမယ်ဆိုလျှင်တော့ ဘူမိနက်သန် အမှန်ကန်ဆုံးပါပဲ…အသိမိတ်ဆွေ အပေါင်းသင်းမရှိစေကာမူ နေအပ်၏။

အထက်ပါ ထီး တံခွန် သိုက် မရလင့်ကစား သုည မကြွင်း လျှင် ကိစ္စမရှိ။ သုံးချက်စလုံး အကြွင်း သုည ဖြစ်နေခဲ့လျှင် ရာထူးတိုက်တာ နှင့်ပြည့်စုံစေကာမူ မနေအပ်ဟု ကျမ်းရင်းတွင် အတိအကျလမ်းညွန်ထားပါတယ်…

ပြန်ဆက်ရရင်…အောင်ချမ်းသာ ရပ်ကွက်မှာနေတဲ့စနေသား၏ ပေါင်းခြင်းရလဒ် ၄၂ ကို ၈-ဖြင့်စားတဲ့အခါ ၂ကြွင်းပါမယ်…၇-နဲ့စားတဲ့အခါ ၀ကြွင်းပါမယ်…၄ဖြင့်စားတဲ့အခါ ၂ကြွင်းပါမယ်….ဒါ့ကြောင့် ထီး တံခွန်  သိုက် တစ်ခုမှမရပါဘူး…သုညကြွင်း တစ်ခုပါပါမယ်….နေမယ်ဆို နေလို့ သင့်တဲ့အထဲမှာ ပါတယ်လို့ပဲသတ်မှတ်ပါတယ်…

ကိုယ်စိတ်နှစ်ပါးချမ်းမြေ့ပါစေ – ဆရာလင်းဝေအောင် (မြန်မာ့ဆန်းကျမ်းဗေဒင်နှင့် ကေပီရှေ့ဆောင်နက္ခတ်ပညာရှင်)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)