ဘကြီးအောင်ရဲ့ ဆန်ရောင်းနည်း

ဘကြီးအောင်သည် မိဘလက်ငုပ်လက်ရင်း လယ်ယာစိုက်ပျိုးရေးကို လုပ်ကိုင်ရင်း အသက်ရလာလျှင် လုပ်ငန်းစီးပွား ပြောင်းရန် စဉ်းစားထားပြီး ဖြစ်သည်။ ဘိုးဘွားပိုင်လယ်မြေများကို သူတပါးအား အငှားပေး၍ ဘကြီးအောင်ကိုယ်တိုင် ဆန်ဆိုင်ကြီးတစ်ဆိုင် ဖွင့်လှစ်ရန် မြို့ပေါ်က ဆိုင်ခန်းတစ်ခန်းကို ဝယ်လိုက်သည်။ ထို့နောက် ယင်းဆန်ဆိုင်ကို “အောင်ပဒေသာ”ဟု အမည်ပေးပြီး ဆန်များကို လက်ကားဖြန့်ဖြူး ရောင်းချလေတော့သည်။

တစ်နှစ်အတွင်းမှာပင် ဘကြီးအောင်၏ ဆန်ဆိုင်သည် နယ်မှ အော်ဒါများ ရလာသည်အထိ အောင်မြင်လာသည်။ တစ်နေ့ .. ဘကြီးအောင်၏ ပဒေသာဆန်ဆိုင်သို့ ရောက်ဖြစ်ခဲ့သည်။ ဆန်ဆိုင်သည် သူလိုငါလို သာမန် ဆန်ဆိုင်မျှသာဖြစ်သည်။ သို့သော် ဆိုင်၏ ညာဘက်ထောင့်တွင် ထုံးအိုးအဟောင်းကြီး တစ်လုံးကို ခုံမြင့်တစ်လုံးနှင့်တင်ထားပြီး ထုံးအိုးထဲတွင် တစ်တောင်ခန့်ရှိသော သစ်သားချောင်း ၁ချောင်းကို ထည့်ထားသည်။  (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)

ဘကြီးအောင်သည် မနက်မိုးလင်းသည်နှင့် ၄င်းထုံးအိုးထဲမှ သစ်သားတုတ်ကို ယူပြီး ၄င်း၏ ဂိုထောင်အတွင်း မှ ဆန်အိတ်များကို လိုက်လံရိုက်တော့သည်။ ဘကြီးအောင် ကိုင်သော တုတ်တံမှာ စနေ+တနင်္ဂနွေဓာတ်သား ဟု ယူဆရသဖြင့် ဆိုင်မှကလေးတစ်ဦးကို မေးမြန်းကြည့်ရာ “ထအောင်းသား” ဖြစ်နေပေသည်။

ဘကြီးအောင်သည် မြန်မာ့ရိုးရာအင်္ဂ၀ိဇ္ဇာပညာ၏ ပဉ္စပွတ်+ဆပွတ်ပညာခန်းကို အသုံးချသွားခြင်းဖြစ်ကြောင်း ကျွန်တော် နားလည်လိုက်သည်။ ထို့ကြောင့် ၃င်္ဂါနံ ဆန်ကို ရောင်းကောင်းစေရန်အတွက် ပဉ္စပွတ်+ဆပွတ် တွဲလုံးများဖြစ်သော ထုံးအိုးနှင့် ထအောင်းကို လက်တွေ့ကျကျ အသုံးချသွားခြင်းဖြစ်သည်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)

ဤသည်မှာ နယ်မြို့လေးတစ်ခုမှ အောင်မြင်လှသော ဘကြီးအောင်၏ ဆန်ဆိုင်တွင် အသုံးပြုနေသည့် နည်းလမ်းတစ်ခုကို ဆန်၊ ဆီ၊ ဆား စသည့် အင်္ဂါနံသင့် ကုန်ပစ္စည်းများ ရောင်းဝယ်ခြင်းဖြင့် အသက်မွေးဝမ်းကြောင်း ပြုနေသူများအတွက် စေတနာ ရှေ့ထား၍ ဖော်ပြပေးလိုက်ပါသည်။

ကိုယ်စိတ်နှစ်ပါးချမ်းမြေ့ပါစေ – ဆရာလင်းဝေအောင် (မြန်မာ့ရိုးရာဆန်းကျမ်းဗေဒင်နှင့် ကေပီရှေ့ဆောင်နက္ခတ်ပညာရှင်)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)