မင်္ဂလာရက်မြတ် လက်ထပ်မယ့်သူတွေအတွက်

မင်္ဂလာမှု ပြုရန် စတင်သည့်ရက်ကို ရွေးချယ်ရာမှာ လက်ရိုးစနစ် နက္ခတ်ဗေဒင်ပညာဖြင့် နေ့ကောင်းရက်သာ အချိန်နာရီ စသည်တို့ကို အနုစိတ် ရွေးခြယ်ကြလေ့ရှိတတ်ကြပါတယ်။

ဒါပေသိ…ယခု ကျွန်တော် ရေးသားဖော်ပြပေးလိုက်တာကတော့ ….

လက်ဆန်းပညာစနစ်ဖြင့် ကောဇာနှစ်အလိုက် လက်ရှိရောက်ဆဲ ၁၃၈၀ ခုနှစ်ထဲမှာ မင်္ဂလာရက်မြတ် လက်ထပ်ရန် မသင့်… ရှောင်ကျဉ် သင့်သော …ရက်မျိုးကို ..ဆိုင်ရာ သတို့သား သတို့သမီးနေ့နံများ အလိုက် အလွယ်တစ်ကူသိရှိနိုင်ဖို့၊ ရှောင်ရှားနိုင်ဖို့ပါပဲ။

အဲဒီတော့ လက်ရှိ ရောက်နေတဲ့ မြန်မာသက္ကရာဇ် ၁၃၈၀ ထဲမှာ

  • တနင်္ဂနွေနေ့ဖွားများ …. အင်္ဂါနေ့တွင် မင်္ဂလာအမှု မပြုသင့်။
  • တနင်္လာနေ့ဖွားများ ….. တနင်္ဂနွေနေ့ မွန်းတည့် ၁၂နာရီ နောက်ပိုင်းတွင် မင်္ဂလာအမှု မပြုသင့်။
  • အင်္ဂါနေ့ဖွားများ…… စနေနေ့တွင် မင်္ဂလာ အမှု မပြုသင့်။
  • ဗုဒ္ဓဟူးနေ့ဖွားများ …. . သောကြာနေ့တွင် မင်္ဂလာအမှု မပြုသင့်။

  • ကြာသာပတေးနေ့ဖွားများ …တနင်္လာနေ့တွင် မင်္ဂလာအမှု မပြုသင့်။
  • သောကြာနေ့ဖွားများ …….ကြာသာပတေးနေ့တွင် မင်္ဂလာအမှု မပြုသင့်။
  • စနေနေ့ဖွားများသည်လည်း …ကြာသာပတေးနေ့တွင် မင်္ဂလာ အမှု မပြုသင့်။
    • ပြုမိခဲ့လျင်..ဘာဖြစ်တတ်သည် ညာဖြစ်တတ်သည် ကျွန်တော် မရေးလိုပါ။

      မဖြစ်သာ၍ ရွေးခြယ်ရမည့် မင်္ဂလာ မောင်မယ်များကို စိတ်အနှောက်အယှက် ဖြစ်သွားမှာစိုးလို့ပါ။ သို့သော် ဖြစ်နိုင်ရင်တော့ …ထိုရက်တွေကို မရွေးပါနဲ့ခင်ဗျာ။

      လက်ဆန်းဗေဒင်ပညာဟာ လက်ရိုးစနစ် နက္ခတ်ဗေဒင်ပညာလို ထုထည်အခိုင်အခန့် မထူသော်လည်း ပါးပါးလေးနဲ့ သိပ်အသုံးဝင်တဲ့ အံ့မခန်း ပညာရပ်တစ်ခု ဖြစ်ပါတယ်။ ရှောင်အပ်ရာကို ရှောင်ကျဉ်နိုင်ခြင်းသည် အကျိုးစီးပွား ပျက်ပြားမှုကို တင်ကြိုကာကွယ်နိုင်ခြင်းပါပဲ။

      လူအများစု …အလွယ်တကူ ဖတ်ရှု သိရှိ၊ ရွေးခြယ်နိုင်ဖို့ တွက်စစ်…ရေးသားပေးလိုက်ရပါကြောင်း။

      လေးစားစွာဖြင့်

      ကိုဖုန်း
      သုတေသီ ဝေသာလီမောင်ဖုန်း
      ကိုစိုးမိုးထွန်း (ဗေဒင်ပညာသုတေသီ)
      09 789 333 791
      09 318 17 287
      ဟောခန်းလိပ်စာ
      တိုက် 6 ၊ အခန်း 3 ၊ မြေညီထပ်
      မြကန်သာအိမ်ယာ၊ မြကန်သာလမ်း
      ကမာရွတ်မြို့နယ် ၊ ရန်ကုန်။
      အနီးဆုံး မှတ်တိုင် – ဆင်ရေတွင်းမှတ်တိုင်

      (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)