မလွတ်တမ်း ကြည့်ရှုသင့်တဲ့ ကြယ်တံခွန်တစ်စင်း

လာမယ့် ဇူလိုင် ၂၂-၂၃ ရက်တွေမှာ ကမ္ဘာနဲ့အနီးဆုံးကို NEOWISE အမည်ပေးထားတဲ့ ကြယ်တံခွန်တစ်စင်း ချဉ်းကပ်လာပါမယ်။ ကြယ်တံခွန် NEOWISE ကို ဒီလဆန်းပိုင်းတုန်းက မနက်အစောပိုင်း ကောင်းကင်ယံမှာ တွေ့ခဲ့ရပေမယ့် နောက်ပိုင်းရက်တွေမှာ ညနေစောင်းကျမှ မြင်လာရတာပါ။

ဇူလိုင် ၂၂ – ၂၃ ရက်တွေမှာတော့ ကြယ်တံခွန်ကို အတောက်ပဆုံးအဖြစ် မြင်ရမှာ ဖြစ်ပြီး အခုတောင်မှ ကမ္ဘာ့နိုင်ငံဒေသတွေမှာ သာမန်မျက်စိနဲ့ ကြည့်ရှုလို့ရနေပါပြီ။  NEOWISE ကြယ်တံခွန်ကို ဒီလနှောင်းပိုင်းလောက်ထိ မြင်တွေ့နိုင်ပြီး သြဂုတ်လဆိုရင် ရိုးရိုးမျက်စိနဲ့ ကြည့်လို့ မရတော့ဘဲ မှိန်ဖျော့ပျောက်ကွယ်လာပါမယ်။

ဒီကြယ်တံခွန် ကမ္ဘာဆီ နောက်တစ်ခါ ပြန်လာလည်ဖို့ကတော့ နောက်ထပ် နှစ်ပေါင်း ၆၀၀၀ လောက် စောင့်ရဦးမယ်လို့ ဆိုပါတယ်။ ကြယ်တံခွန် ပေါ်လာရင် ဘာဖြစ်တတ်သလဲ ဆိုတဲ့ နက္ခတ်ဗေဒင်ကျမ်းတွေရဲ့ နိမိတ်ကောက် အယူအဆတွေကိုတော့ ကျွန်တော်တို့ ဗေဒင်သုတ Page မှာ ဆက်လက် ဖော်ပြပေးပါမယ်။ ဗေဒင်သုတ Admin Team

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)