မူလကံနဲ့ အကျိုးပေး

ဗေဒင်ပညာမှာ မူလဇာတာရဲ့သဘောဟာ နှလုံးသည်းခြေသဖွယ် အရေးကြီးလှပါတယ်။ မူလက ခွင့်မပြုတဲ့ ကိန်းကံတစ်ခုဟာ ဖြစ်ထွန်းရင်လည်း ကောက်ရိုးမီးသဖွယ်ပါပဲ။

အလုပ်အကိုင်အဆင်ပြေချင်တယ်…လုပ်ငန်းနဲ့ကိုယ်နဲ့အကျိုးပေးမပေးဆိုတာကို ဦးစွာ တကယ်တတ်ကျွမ်း နားလည်သူ ဆရာနဲ့ တွက်စစ်ညှိနှိုင်းကြည့်လို့ ကံအားနည်းရင် ယတြာတောင်းမလား အခြားအလုပ် စဉ်းစားမလား ဆိုရင် …အများစုသော ဗေဒင် ပရိတ်သတ်တွေက ယတြာကိုသာ တောင်းကြမှာပါ။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ဆိုတော့ မူလဇာတာမှာမှ အကျိုးမပေးသောကံ ပါလာသော လုပ်ငန်းသည်လည်း ဘယ်လိုယတြာမျိုးပြုပြု ဘယ်လို အမည်ပေးပေး ထိုက်သင့်သောအကျိုးခံစားမှုကို ရရှိနိုင်မှာမဟုတ်ပါ..ဖြစ်ထွန်းလည်းခဏတာပါပဲ။

နောက်တစ်ခု…အိမ်ထောင်ရေး အချစ်ရေး…ပြတ်သွားလို့ ပြန်လာနိုင်မလား လို့မေးတဲ့အခါ ဗေဒင်ဆရာက ပြန်မလာနိုင်တော့ပါလို့ဖြေတဲ့အခါ ကြိုးစားပြီးမေ့မလား ဆိုရင်.. ဟင့်အင်းလို့သာ ဖြေကြမှာပါ။ (အကုန်တော့မဟုတ်)။

အများစုက ယတြာကိုသာ တောင်းကြမှာပါ..အဲ့မှာ အချို့ကျတော့ ယတြာလုပ်သည်ဖြစ်စေ မလုပ်သည်ဖြစ်စေ ပြန်လာမည့်ကံ ပါလာပြီးသား…ဒါကိုမသိတဲ့အခါ ဗေဒင်ဆရာဆီသွားပြီး ယတြာ ပြုလိုက်တယ်။ မကြာခင် ပြန်ဆက်သွယ်ကြတယ်။ ယတြာကြောင့်လို့ ထင်ပြီး ဆရာကိုအထင်ကြီးကြပြန်တယ်။(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

အဲ့ဒီအခါ အချို့သော တိုက်ဆိုင်မှုတွေဟာ အမှန်တရားလို့ မြင်လာတတ်ကြတယ်..နောက်စဉ်းစားရမှာက လူတစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကို ယတြာနဲ့ လုပ်မှရမယ်ဆိုရင်ရော ခိုင်မြဲမလား၊ အစစ်အမှန်ကို ရနိုင်ပါ့မလား…စသဖြင့် မစဉ်းစားမိတဲ့အခါ အချို့သော အတုအယောင်ပုဂ္ဂိုလ်တွေရဲ့ လိမ်ညာမှုတွေကြားမှာ ဗေဒင်ဆရာဆိုတာ လူလိမ်ပါဆိုတဲ့ အသိတွေ လူအချို့မှာ စွဲကပ်သွားကြပါတော့တယ်။

ဒါကိုဖတ်ပြီး ယတြာဟာ မကောင်းဘူးလို့တော့ မထင်ပါနဲ့။ တစ်ဖက်စွန်းရောက်မသွားဖို့နဲ့ အချို့သော ကံတရားတွေဟာ လွန်ဆန်လို့ မရဘူးဆိုတာကို သိစေချင်လို့သာ ဒီဆောင်းပါးကို ရေးသားဖြစ်ပါတယ်။

နှစ်ပေါင်းများစွာ အနောက်တိုင်း အရှေ့တိုင်း ယတြာအချို့ကို စမ်းသပ်ပေးခဲ့ဖူးပါတယ် လူတွေရဲ့ ကိန်းကံနဲ့ ယတြာသဘောကို လက်တွေ့ကျကျ သိလာတဲ့အခါ ယတြာဆို အရမ်းကာရော မပေးဖြစ်တော့ပါ။ ကံကတော့ မရှိဘူး..ရသေ့စိတ်ဖြေ လုပ်ချင်ရင်တော့ ယူသွားပါ..ကံကတော့သင့်တယ် ယတြာလုပ်ရင် အဆင်ပြေနိုင်စွမ်း ရှိပါတယ်..စသဖြင့်သာ ကျွန်တော် ရိုးသားစွာ လမ်းညွန်လေ့ ရှိခဲ့ပါတယ်။

တွေးဆဆင်ခြင်နိုင်ကြပါစေ… ဆရာလင်းဝေအောင် (မြန်မာ့ရိုးရာဆန်းကျမ်းဗေဒင်နှင့် ကေပီ ရှေ့ဆောင်နက္ခတ်ပညာရှင်)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)