၂၀၂၂ မှာ လိုအင်ဆန္ဒ ပြည့်ဝနိုင်တဲ့ရာသီခွင်များ

တချို့က ဘဝမှာ အလုပ်အကိုင် အောင်မြင်မှုနဲ့ ငွေကြေးချမ်းသာပြည့်စုံမှုကို လိုချင်ပေမယ့် တချို့တွေကတော့ နှလုံးသားရေးရာ ဆုတောင်းတွေပဲ ပြည့်ချင်ကြပါတယ်။ ၂၀၂၂ ခုနှစ်မှာ သူများတွေနဲ့ယှဉ်ရင် လိုအင်ဆန္ဒတွေ ပို ပြည့်ဝ နီးစပ်နိုင်တဲ့ ရာသီခွင်တွေကို ဗေဒင်သုတကနေ ဟောကိန်းထုတ်ပေးလိုက်ပါတယ်။

ဗြိစ္ဆာရာသီဖွား (အောက်တိုဘာ ၂၃ – နိုဝင်ဘာ ၂၁) – အရင်နဲ့ မတူဘဲ ပိုမိုကောင်းမွန်တဲ့ ဘဝအခြေအနေတစ်ခု ပြောင်းလဲဖြစ်တည်လာနိုင်တယ်။ ကံစမ်းဥာဏ်စမ်းကိစ္စတွေမှာ အောင်မြင်တတ်တယ်။ ကံဇာတာ ပွင့်လန်းမယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ပြိဿရာသီဖွား (ဧပြီ ၂၀ – မေ ၂၀)  – ထူးခြားတဲ့နှစ်ဖြစ်လို့ ကိုယ့်ဘက်ကလည်း အသင့်ကြိုပြင်ထားရလိမ့်မယ်။ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်လာရမယ်။ ပထမနှစ်ဝက်အတွင်းမှာ အပြောင်းအလဲကြီးတွေ ဖြစ်မယ်။

တူရာသီဖွား (စက်တင်ဘာ ၂၃ – အောက်တိုဘာ ၂၂)  – ဘဝအခြေအနေအရပ်ရပ် တိုးတက်မြင့်မားလာနိုင်ပြီး အခွင့်အလမ်းသစ်တွေလည်း ပေါ်လာလိမ့်မယ်။ တစ်ခုခု စတင်ကြိုးစားချင်ရင် ဒီနှစ်ထဲမှာ ဖော်ဆောင်ကြည့်ပါ။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

သိဟ်ရာသီဖွား (ဇူလိုင် ၂၃ – သြဂုတ် ၂၂) – အနိမ့်အမြင့်အတက်အကျတွေ ဖြတ်သန်းရမှာ ဖြစ်သလို ကောင်းဖို့ ဖြစ်လာတယ်လို့လည်း ခံယူရမယ့်နှစ် ဖြစ်တယ်။ အခက်အခဲကြားကနေ လိုအင်ဆန္ဒတွေလည်း ပြည့်ဝလာမယ်။

မေထုန်ရာသီဖွား (မေ ၂၁ – ဇွန် ၂၀) – အနှစ်ချုပ်ရရင် စိတ်ချမ်းသာမှုတွေနဲ့ အောင်မြင်ပျော်ရွှင်မယ့်နှစ် ဖြစ်ပြီး ရည်ရွယ်မျှော်လင့်သမျှလည်း အကောင်အထည် ပေါ်လာနိုင်တယ်။ အိပ်မက်တွေ ရုပ်လုံးပေါ်လာချိန် ဖြစ်တယ်။

ဖော်ပြပါ ရာသီခွင် (၅) ခုဟာ ဒီတစ်နှစ်မှာ လိုအင်ဆန္ဒ ရည်မှန်းချက်တွေ ပြည့်ဝဖို့ နီးစပ်ပြီး ကံတရားကလည်း ကိုယ့်ဘက်က ရပ်တည်ကူညီပေးမယ့်နှစ် ဖြစ်လို့ အကောင်းဆုံး ကြိုးစားဖို့သာ ပြင်ဆင်ထားကြပါခင်ဗျား.. ဧက (ဗေဒင်သုတ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)