ရာသီခွင်အလိုက် ၂၀၂၂ ခုနှစ်မှာ ကံနိမ့်တတ်တဲ့ကာလများ
၁၂ ရာသီဖွားအားလုံးအတွက် ၂၀၂၂ ခုနှစ်မှာ ကံဇာတာ အားနည်းတတ်တဲ့၊ ပုံမှန်ထက် ပိုပြီး သတိထားရမယ့် လအပိုင်းအခြားတွေကို ကြိုတင်သိရှိကာကွယ်နိုင်ဖို့ တင်ပြလိုက်ပါတယ်။ ကိုယ့်အတွက် ကံညံ့နိုင်တဲ့လပိုင်းကို ကြိုသိထားရင် အများကြီး အကျိုးရှိနိုင်ပါတယ်။
မိဿရာသီဖွား (မတ် ၂၁ – ဧပြီ ၁၉) – ဒီနှစ် စက်တင်ဘာလဟာ တစ်နှစ်လုံးမှာ အခက်ခဲဆုံးလ ဖြစ်လာနိုင်ပြီး လဆန်းကတည်းက ပြဿနာပေါင်းစုံကို ရင်ဆိုင်ရတတ်ပါတယ်။ ပဋိပက္ခတွေလည်း ပေါ်ပေါက်လာနိုင်ပါတယ်။
ပြိဿရာသီဖွား (ဧပြီ ၂၀ – မေ ၂၀) – ဒီနှစ် ဇွန်လမှာ ပြိဿရာသီဖွားတွေ ကံဆိုးမိုးမှောင် ကျတတ်ပြီး အလုပ်၊ စီးပွားပိုင်းမှာ အကျပ်အတည်းတွေ ဖြစ်လာနိုင်ပါတယ်။ လုပ်သမျှ လွဲချော်ပြီး ဆုံးဖြတ်ချက်တွေ မှားတတ်တယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)
မေထုန်ရာသီဖွား (မေ ၂၁ – ဇွန် ၂၀) – နှစ်အစ ဇန်နဝါရီလဟာ မေထုန်ရာသီဖွားတွေအဖို့ စစချင်းမှာ ဆောက်နဲ့ ထွင်းခံရသလို ကံဆိုးတတ်ပါတယ်။ အကြံအစည်တွေ ပျက်ပြီး အခက်အခဲတွေနဲ့ချည်း လုံးပန်းရတတ်ပါတယ်။
ကရကဋ်ရာသီဖွား (ဇွန် ၂၁ – ဇူလိုင် ၂၂) –  ဒီနှစ် မေလမှာ ကံဇာတာအညံ့ပိုင်းကို ရောက်လာပြီး ဆက်ဆံရေး အဆင်မပြေတာ၊ နားလည်မှု လွဲတာ၊ အထင်မှားခံရတာတွေ ဖြစ်တတ်ပါတယ်။ မေတ္တာရေး ကံခေပါလိမ့်မယ်။
သိဟ်ရာသီဖွား (ဇူလိုင် ၂၃ – သြဂုတ် ၂၂) –  သိဟ်ရာသီဖွားတွေက ဇူလိုင်လမှာ ကံဇာတာ အားနည်းလာနိုင်ပြီး စိတ်လက် မကြည်မသာ ဖြစ်လာပါမယ်။ သည်းခံနိုင်စွမ်း နည်းပြီး ပြဿနာတွေနဲ့ ထိပ်တိုက် တိုးမိတတ်ပါတယ်။
ကန်ရာသီဖွား (သြဂုတ် ၂၃ – စက်တင်ဘာ ၂၂) – ဒီနှစ် သြဂုတ်လမှာ ကံအညံ့ဆုံး ဖြစ်လာနိုင်ပြီး ရည်ရွယ်သမျှ သဲထဲရေသွန်သလို ဖြစ်တတ်ပါတယ်။ ဘယ်လောက်ပဲ စနစ်တကျ ကြိုးစားထားပါစေ၊ လွဲချော်သွားနိုင်ပါတယ်။
တူရာသီဖွား (စက်တင်ဘာ ၂၃ – အောက်တိုဘာ ၂၂) – တူရာသီဖွားတွေကလည်း သြဂုတ်လမှာပဲ ကံဇာတာ အားနည်းလာပြီး ဗရုသုက္ခတွေ ဖြစ်လာနိုင်ပါတယ်။ ဘာမှ အလုပ်မဖြစ်ဘဲ ငွေကြေးလည်း ခက်ခဲတတ်ပါတယ်။
ဗြိစ္ဆာရာသီဖွား (အောက်တိုဘာ ၂၃ – နိုဝင်ဘာ ၂၁) – ဒီနှစ် ဇူလိုင်လမှာ ကိုယ်စိတ်နှစ်ပါး မချမ်းမြေ့စရာတွေနဲ့ပဲ ကြုံရတတ်ပါတယ်။ ကြံတိုင်း မပေါက်၊လုပ်တိုင်း မဖြစ်ဘဲ မေတ္တာရေးမှာလည်း တင်းမာမှုတွေ များတတ်ပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)
ဓနုရာသီဖွား (နိုဝင်ဘာ ၂၂ – ဒီဇင်ဘာ ၂၁) – ဒီနှစ် အောက်တိုဘာလဟာ အင်မတန်မှ စိတ်ရှုပ်ရမယ့်ကာလမျိုး ဖြစ်ပြီး ဆုံးဖြတ်ချက်အမှားတွေ ချမိတတ်ပါတယ်။ အလုပ်နဲ့နှလုံးသားရေးမှာ ဘေးကျပ်နံကျပ် ဖြစ်တတ်ပါတယ်။
မကာရရာသီဖွား (ဒီဇင်ဘာ ၂၂ – ဇန်နဝါရီ ၁၉) – မကာရရာသီဖွားတွေက ဇူလိုင်လမှာ ကံနိမ့်တတ်ပြီး လက်ထဲ ရှိသမျှ ပြောင်အောင် အသုံးအဖြုန်း များမိတတ်ပါတယ်။ ငွေရေးကြေးရေး အခက်အခဲတွေ ကြီးမားနိုင်ပါတယ်။
ကုမ်ရာသီဖွား (ဇန်နဝါရီ ၂၀ – ဖေဖော်ဝါရီ ၁၈) – ကုမ်ရာသီဖွားတွေကလည်း ဇူလိုင်လမှာပဲ ကံဇာတာ ညံ့နိုင်လို့ သတိထား နေထိုင်ရပါမယ်။ အထူးသဖြင့် မေတ္တာရေးကိစ္စတွေမှာ ရှုပ်ထွေးမှုတွေ ဖြစ်လာလို့ စိတ်ညစ်ရပါမယ်။
မိန်ရာသီဖွား (ဖေဖော်ဝါရီ ၁၉ – မတ် ၂၀) – မိန်ရာသီဖွားတွေက ဒီနှစ် အောက်တိုဘာလမှာ ကံဇာတာ ညံ့နိုင်ပြီး လုပ်သမျှ တလွဲတွေချည်း ဖြစ်တတ်ပါတယ်။ နမော်နမဲ့နိုင်တာ၊ ဂရုမစိုက်တာတွေကြောင့် ကံဆိုးတတ်ပါတယ်။
ရာသီဖွားအားလုံး နှစ်သစ်မှာ ဘေးရန်ကင်းကွာ လိုရာပြည့်ကြပါစေ – ဧက (ဗေဒင်သုတ)