ရာသီဖွားအလိုက် Selfie ရိုက်နည်း (အပိုင်း ၂)

အိမ်မှာပဲ နေနေ၊ ခရီးပဲသွားသွား ဘယ်လို ထူးခြားတဲ့ နေရာလေးတွေပဲ ရောက်ရောက် ကိုယ့်ဖုန်းလေးကို ထုတ်ပြီး Selfie လေး ဆွဲလိုက်ရမှ အာသာပြေသူအတွက် ကိုယ်မွေးဖွားရာ ရာသီခွင်အလိုက် ဘယ်လို Selfie မျိုး ရိုက်သင့်တယ် ဆိုတာ ဗေဒင်ရှုထောင့်ကနေ လမ်းညွှန်ပေးပါရစေ။

ရာသီဖွားအလိုက် Selfie ရိုက်နည်းပထမပိုင်းမှာ မိဿကနေ ကန်ရာသီအထိ (၆) ခုကို တင်ပေးခဲ့ပြီးပါပြီ။ အခု တူရာသီကနေ မိန်ရာသီ အထိ ဆက်လက် ဖော်ပြပေးပါမယ်။

တူရာသီဖွား

Selife ဆွဲရာမှာ ဘယ်တော့မှ အမှားအယွင်း အိုဗာတင်း မဖြစ်တတ်တာက တူရာသီဖွားတွေရဲ့ အားသာချက် ဖြစ်ပါတယ်။ အလှတရားကို ခံစားနိုင်သလို သူတပါးကိုလည်း ရှင်းလင်း မြင်သာအောင် ရိုက်ပြနိုင်သူတွေပါ။

ဗြိစ္ဆာရာသီဖွား

အများအမြင်မှာ လျှို့ဝှက်ချက်တွေနဲ့ ပြည့်နှက်နေတဲ့ Selfie မျိုး ရိုက်ကြည့်ပါ။ သေသေချာချာ ပြူးပြဲကြည့်နိုင်မှ မြင်သာမယ့် ရိုက်ချက်မျိုးကို ဗြိစ္ဆာတွေ လုပ်တတ်ပါတယ်။ ခံစားချက်တွေကို အပေါ်လွင်ဆုံး ရိုက်ပြကြည့်ပါ။

ဓနုရာသီဖွား

တောက်ပလေးနက်တဲ့ အပြုံးနဲ့ အရာတိုင်းကို အကောင်းမြင်စိတ်နဲ့ ရှုနိုင်တဲ့ စတိုင်မျိုး ရိုက်ကြည့်ပါ။ ဓနုတွေက စွန့်စားမှု ဆန်တဲ့ ပုံမျိုးကိုလည်း ရိုက်တတ်ပါတယ်။ ပုံကိုလည်း အသေးစိတ်ကျကျ ဖန်တီးပြနိုင်ပါတယ်။

မကာရရာသီဖွား

တည်ကြည် လေးနက်တဲ့ ဟန်ပန်မျိုးက မကာရရာသီဖွားတွေရဲ့ ပင်ကိုယ်ဟန်ပါ။ ဒီစတိုင်လေးကို Selfie ထဲမှာ ထည့်ရိုက်ပြနိုင်ရင် အကောင်းဆုံးပါပဲ။ လက်တွေ့ဆန်ပြီး တာဝန်ခံနိုင်စွမ်း ပြသတဲ့ ဟန်မျိုးကို ရိုက်ကြည့်ပါ။

ကုမ်ရာသီဖွား

နောက်ဆုံးပေါ် စတိုင်တွေ App တွေ သုံးပြီး Selife ဆွဲပြနိုင်သူ အများစု ကုမ်ရာသီဖွားတွေပါ။ ဆန်းသစ်မှုတွေ၊ ပေါ့ပါး လွတ်လပ်မှုတွေ၊ အမျိုးမျိုးသော စတိုင်ဟန်ပန်တွေကို သုံးပြီး ရိုက်ပြရင် အလန်းစား ဖြစ်လာပါလိမ့်မယ်။

မိန်ရာသီဖွား

လိုရင်းကို မပြဘဲ ဝေ့ဝိုက်နေတဲ့၊ စိတ်ကူးယဉ်လည်း ဆန်တဲ့၊ အမြင် ဆန်းကြယ်တဲ့ စတိုင်မျိုး ထုတ်ပြီး Selfie ဆွဲကြည့်ပါ။ ပြီးတော့ အိမ်ထဲမှာထက် အိမ်ပြင်ဘက် ထွက်ရိုက်တာမျိုးက မိန်ရာသီဖွားနဲ့ ပိုလိုက်ဖက်ပါတယ်။

ဧက

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)