ရာသီဖွားအားလုံးအတွက် ၂၀၂၀ ဟောကိန်းအကျဉ်း

၂၀၂၀ ပြည့်နှစ်မှာ ၁၂ ရာသီဖွားအားလုံးရဲ့ ကံကြမ္မာအခြေအနေ အကောင်းအဆိုးတွေကို လိုတိုရှင်း တင်ပြပေးပါမယ်။ ၂၀၂၀ အဝင် ကြာသပတေး၊ စနေ၊ ယူရေးနပ်စ်ဂြိုဟ်ကြီးတွေရဲ့ ရပ်တည် မြင်ယှဉ်မှုနဲ့ ၂၀၂၀ အတွင်း နေကြတ်လကြတ် ဖြစ်ပွားမှုတွေအရ ကံဇာတာ အကောင်းဆုံးနဲ့ အညံ့ဆုံး ရာသီခွင်တွေကို အောက်ပါအတိုင်း တန်းစီပြလိုက်ပါတယ်။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

ဒီဇယားအရ မကာရ၊ ကန်၊ ပြိဿ ရာသီဖွား (၃) ခုဟာ ၂၀၂၀ ပြည့်နှစ်ထဲမှာ ကံဇာတာ အကောင်းဆုံး ဖြစ်လာပြီး ကရကဋ်၊ တူ၊ မိဿ ရာသီဖွား (၃) ခုကတော့ ကံဇာတာ အနိမ့်ဆုံး ဖြစ်လာပါလိမ့်မယ်။ အလယ်က ရာသီဖွားတွေကတော့ ကံဇာတာ အဆိုးအကောင်း သိပ်မထင်ရှားဘဲ မျှတနေပါတယ်။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

တစ်ခုတော့ မှတ်သားထားပါ။ ကံဇာတာ ကောင်းတယ်ဆိုတာ ကြံစည် လုပ်ကိုင်သမျှ ဖြစ်မြောက်၊ အောင်မြင်ဖို့ လွယ်ကူတာ ဖြစ်ပြီး ကံဇာတာ အားနည်းတယ် ဆိုတာကတော့ ခက်ခက်ခဲခဲ ရုန်းကန် ကြိုးစားယူရတာကို ဆိုလိုတာပါ။ ကံအကောင်းဆုံးစာရင်းထဲမှာ ပါနေလို့ ဘာမှ မကြိုးစားဘဲ နေရင် ဘာမှ ဖြစ်လာမှာ မဟုတ်သလို ကံအားအနည်းဆုံးထဲ ပါနေပေမယ့်လည်း ကြိုးစားအားထုတ်ရင် အတိုင်းအတာအလျောက် အောင်မြင်မှာ အသေချာပါပဲလို့ ပြောပါရစေ။ 

၂၀၂၀ နှစ်သစ်မှာ အားလုံး အေးချမ်း ပျော်ရွှင် အောင်မြင်ကြပါစေ – ဧက (ဗေဒင်သုတ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)