ရာသီဖွားအလိုက် Selfie ရိုက်နည်း

အိမ်မှာပဲ နေနေ၊ ခရီးပဲသွားသွား ဘယ်လို ထူးခြားတဲ့ နေရာလေးတွေပဲ ရောက်ရောက် ကိုယ့်ဖုန်းလေးကို ထုတ်ပြီး Selfie လေး ဆွဲလိုက်ရမှ အာသာပြေသူအတွက် ကိုယ်မွေးဖွားရာ ရာသီခွင်အလိုက် ဘယ်လို Selfie မျိုး ရိုက်သင့်တယ် ဆိုတာ ဗေဒင်သုတကနေ မျှဝေပေးလိုက်ပါတယ်။

မိဿရာသီဖွား (မတ် ၂၁ မှ ဧပြီ ၁၉ ထိ) – ကိုယ့်ကိုကိုယ် စိတ်ချယုံကြည်မှုအပြည့် ရှိနေတဲ့ ဟန်အမူရာသွင်ပြင်က မိဿရာသီဖွားတွေ ရိုက်သင့်တဲ့ Selfie ဖြစ်ပါတယ်။ ဥပမာ ထိပ်တန်းခေါင်းဆောင်၊ စွန့်ဦးတီထွင်သူ၊ အာဂသတ္တိခဲ စတိုင်တွေ ရိုက်ကြည့်သင့်ပါတယ်။

ပြိဿရာသီဖွား (ဧပြီ ၂၀ မှ မေ ၂၀ ထိ) – ဇိမ်ခံပစ္စည်းတွေ ဒါမှမဟုတ် ချစ်ခင်ရသူတွေနဲ့ တစ်စုတစ်ဝေးတည်း Selfie ဆွဲတာမျိုး စမ်းကြည့်ပါ။ ကိုယ့်ရဲ့ လူသားဆန်မှု၊ အားလုံးအပေါ် မေတ္တာထားနိုင်မှု၊ ကိုယ့်ပိုင်ဆိုင်မှုတွေ ပေါ်လွင်အောင် ကြိုးစား ရိုက်ကြည့်ပါ။

မေထုန်ရာသီဖွား (မေ ၂၁ မှ ဇွန် ၂၀ ထိ) – အများနဲ့မတူ တစ်မူထူးခြားတဲ့ တီထွင်ဆန်းသစ်မှုတွေနဲ့ Selfie ရိုက်ပါ။ ဟာသ မြောက်ပြီး အငေါ်တူးထားတဲ့ စတိုင်မျိုးကလည်း မေထုန်ရာသီဖွားတွေနဲ့ လိုက်ဖက်ပါတယ်။ အဓိပ္ပါယ်မျိုးစုံ ထွက်လေ ကောင်းလေပါပဲ။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

ကရကဋ်ရာသီဖွား (ဇွန် ၂၁ မှ ဇူလိုင် ၂၂ ထိ)- ကိုယ့်မိသားစုဝင်တွေနဲ့ တပျော်တပါးကြီး ရိုက်တဲ့ Selfie က ကရကဋ်တွေအတွက် အကောင်းဆုံး ဖြစ်ပါတယ်။ ကိုယ် ကြိုက်တဲ့ အစားအသောက်တွေ၊ သာယာကြည်နူးဖွယ် နေရာတွေမှာလည်း Selfie ဆွဲကြည့်လိုက်ပါ။

သိဟ်ရာသီဖွား (ဇူလိုင် ၂၃ မှ သြဂုတ် ၂၂ ထိ) – တည်ကြည်ခန့်ငြားတဲ့ အသွင်သဏ္ဍာန်က သိဟ်ရာသီဖွားတွေနဲ့ လိုက်ဖက်တဲ့ Selfie ပါပဲ။ ကိုယ်ရဲ့ ရာထူးဌာန၊ ကိုယ့်ပါဝါ အင်အားကို ပြသနိုင်တဲ့ Selfie မျိုး ရိုက်ပါ။ အရမ်းကြီး မဆန်းတောင် ခန့်ခန့်ကြီး ရိုက်ကြည့်ပါဦး။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

ကန်ရာသီဖွား (သြဂုတ် ၂၃ မှ စက်တင်ဘာ ၂၂ ထိ) – ကန်ရာသီဖွားတွေက ကိုယ့် လုပ်ငန်းခွင်နဲ့ ဆက်စပ်တဲ့ နေရာမျိုးတွေမှာ Selfie ဆွဲတာမျိုး လုပ်တတ်ပါတယ်။ အလုပ်ထဲ အာရုံ စူးစိုက်မှု အပြည့် ဖြစ်နေတဲ့ ဟန်မျိုး ရိုက်ကြည့်ပါ။ အဲဒီပုံက ပိုမိုက်နေတတ်ပါတယ်။

တူရာသီဖွား (စက်တင်ဘာ ၂၃ မှ အောက်တိုဘာ ၂၂ ထိ) – Selife ဆွဲရာမှာ ဘယ်တော့မှ အမှားအယွင်း အိုဗာတင်း မဖြစ်တတ်တာက တူရာသီဖွားတွေရဲ့ အားသာချက် ဖြစ်ပါတယ်။ အလှတရားကို ခံစားနိုင်သလို သူတပါးကိုလည်း ရှင်းလင်း မြင်သာအောင် ရိုက်ပြနိုင်သူတွေပါ။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

ဗြိစ္ဆာရာသီဖွား (အောက်တိုဘာ ၂၃ မှ နိုဝင်ဘာ ၂၁ ထိ) – အများအမြင်မှာ လျှို့ဝှက်ချက်တွေနဲ့ ပြည့်နှက်နေတဲ့ Selfie မျိုး ရိုက်ကြည့်ပါ။ သေသေချာချာ ပြူးပြဲကြည့်နိုင်မှ မြင်သာမယ့် ရိုက်ချက်မျိုးကို ဗြိစ္ဆာတွေ လုပ်တတ်ပါတယ်။ ခံစားချက်တွေကို အပေါ်လွင်ဆုံး ရိုက်ပြကြည့်ပါ။

ဓနုရာသီဖွား (နိုဝင်ဘာ ၂၂ မှ ဒီဇင်ဘာ ၂၁ ထိ) -တောက်ပလေးနက်တဲ့ အပြုံးနဲ့ အရာတိုင်းကို အကောင်းမြင်စိတ်နဲ့ ရှုနိုင်တဲ့ စတိုင်မျိုး ရိုက်ကြည့်ပါ။ ဓနုတွေက စွန့်စားမှု ဆန်တဲ့ ပုံမျိုးကိုလည်း ရိုက်တတ်ပါတယ်။ ပုံကိုလည်း အသေးစိတ်ကျကျ ဖန်တီးပြနိုင်ပါတယ်။

မကာရရာသီဖွား (ဒီဇင်ဘာ ၂၂ မှ ဇန်နဝါရီ ၁၉ ထိ)  – တည်ကြည် လေးနက်တဲ့ ဟန်ပန်မျိုးက မကာရရာသီဖွားတွေရဲ့ ပင်ကိုယ်ဟန်ပါ။ ဒီစတိုင်လေးကို Selfie ထဲမှာ ထည့်ရိုက်ပြနိုင်ရင် အကောင်းဆုံးပါပဲ။ လက်တွေ့ဆန်ပြီး တာဝန်ယူနိုင်သူကြီးလို ရိုက်ကြည့်ပါ။

ကုမ်ရာသီဖွား (ဇန်နဝါရီ ၂၀ မှ ဖေဖော်ဝါရီ ၁၈ ထိ) – နောက်ဆုံးပေါ် စတိုင်တွေနဲ့ App တွေ သုံးပြီး Selife ဆွဲပြနိုင်သူတွေပါ။ ဆန်းသစ်မှုတွေ၊ ပေါ့ပါး လွတ်လပ်မှုတွေ၊ အမျိုးမျိုးသော စတိုင်ဟန်ပန်တွေကို သုံးပြီး ရိုက်ပြရင် အလန်းစား ဖြစ်လာပါလိမ့်မယ်။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

 

မိန်ရာသီဖွား (ဖေဖော်ဝါရီ ၁၉ မှ မတ် ၂၀ ထိ) – လိုရင်းကို မပြဘဲ ဝေ့ဝိုက်နေတဲ့၊ စိတ်ကူးယဉ်လည်း ဆန်တဲ့၊ အမြင် ဆန်းကြယ်တဲ့ စတိုင်မျိုး ထုတ်ပြီး Selfie ဆွဲကြည့်ပါ။ ပြီးတော့ အိမ်ထဲမှာထက် အိမ်ပြင်ဘက် ထွက်ရိုက်တာမျိုးက မိန်ရာသီဖွားနဲ့ ပိုလိုက်ဖက်ပါတယ်။

၁၂ ရာသီဖွားအားလုံး အလန်းစား Selife တွေကို အပီဆွဲနိုင်ကြပါစေဗျား – ဧက (ဗေဒင်သုတ)

 

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)