လက်ဖဝါးပေါ်က သင်္ကေတများ

အိန္ဒိယသားတွေရဲ့ ရှေးဟောင်းလက္ခဏာကျမ်းတွေမှာ လက်ဖဝါးပြင်ပေါ်က သင်္ကေတွေကို ဘယ်လို နိမိတ် ကောက်ယူ ဖတ်ကြားတယ် ဆိုတာ ပြသခဲ့သလိုပဲ နောက်ပိုင်းခေတ်မှာ နာမည်ကျော် လက္ခဏာဆရာကြီးကိုင်ရိုကလည်း ကျမ်းစာအုပ်တွေ ရေးသားထုတ်ဝေခဲ့ဖူးပါတယ်။ ဒီနေရာမှာ အများလည်း သိ၊ အလွယ်လည်း ကြည့်နိုင်မယ့် လက်ဝါးပေါ်က သင်္ကေတွေကို အဓိကထားပြီးတော့ (ဗေဒင်သုတ – Baydin Thyuta) ပရိသတ်များအတွက် တင်ဆက်ပေးလိုက်ပါတယ်။ ကိုယ့်ရဲ့ လက်ဖဝါးပြင်ကို သေချာ ကြည့်ပြီး ဒီသင်္ကေတွေ ပါနေသလား ဆိုတာ တိုက်ဆိုင် စစ်ဆေးကြည့်ကြပါဦး။

ကြိုတင် မေတ္တာရပ်ခံချင်တာက လက္ခဏာပညာမှာ လက်ဖဝါးပေါ်က အရေးအကြောင်းတွေ၊ သင်္ကေတွေက အရေးပါပေမယ့် လက်ဖဝါးပုံစံနဲ့ လက်ချောင်းတွေရဲ့ အနေအထား သွင်ပြင်ကလည်း အရေးကြီးတာမို့ ဒီသင်္ကေတတွေ ပါရုံနဲ့ စိတ်ဓာတ် တက်လွယ်၊ ကျလွယ် မဖြစ်ကြဖို့လည်း အသိပေးချင်ပါတယ်။  (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ဂမ္ဘီရကြက်ခြေ – နှလုံးလမ်းကြောင်းနဲ့ ဥာဏ်လမ်းကြောင်းကြားကို ဆက်သွယ်ထားတဲ့ ကြက်ခြေသဏ္ဍာန် လမ်းကြောင်းနှစ်ခုကို လက္ခဏာ ပညာရှင်တွေက ဂမ္ဘီရကြက်ခြေလို့ ခေါ်ဝေါ်ကြပါတယ်။ ဒီအမှတ်အသား ပါရင် လက္ခဏာရှင်ဟာ အတတ်ပညာတစ်ခုခုကို နက်နက်နဲနဲ ကျွမ်းကျင်သူ၊ စိတ်နယ်လွန်ကိစ္စတွေနဲ့ ပတ်သက်နေသူ၊ ဗေဒင်၊ ဂမ္ဘီရပညာတွေ လိုက်စား တတ်မြောက်သူတွေ ဖြစ်တတ်ပါတယ်။

စေတီ (သို့) တြိဂံ – လက်ဖဝါးပြင်ပေါ်မှာ တြိဂံပုံစံ (တနည်းအားဖြင့်) စေတီသဏ္ဍာန် ပါရှိသူတွေဟာ လက္ခဏာလမ်းကြောင်းတွေနဲ့ လက်ဖဝါးပေါ်က တည်နေရာအလိုက် ကောင်းကျိုးချမ်းသာ ရရှိတတ်ပါတယ်။ ဥပမာ နှလုံးလမ်းကြောင်းပေါ်မှာ ပါရှိနေရင် မေတ္တာရေး ကံကောင်းသူ ဖြစ်မယ်၊ လက်ကောက်ဝတ်မှာ ပါရင် ဥစ္စာပစ္စည်း ပြည့်စုံပြီး အမွေအနှစ် ရရှိမယ်လို့ ဟောကိန်း ထုတ်နိုင်ပြီး ဘယ်နေရာမှာ ပါပါ ကောင်းတဲ့ အမှတ်အသားလို့ ဆိုနိုင်ပါတယ်။   (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ကြက်လျှာ (သို့) တြိဂံထိပ်ချွန်း – ဒီပုံစံမျိုး လက္ခဏာမှာ ပါလာရင် လက်ခမောင်းသာ ခတ်လိုက်ပါ။ လောကီလူ့ဘောင်မှာဆို စည်းစိမ်ဥစ္စာတွေနဲ့ ပြည့်စုံမှာ ဖြစ်ပြီး လောကုတ္တရာနယ်ပယ်မှာလည်း အောင်မြင် ပေါက်မြောက်တဲ့ ရဟန်း ဖြစ်လာတတ်ပါတယ်။

surpalm1

လေးထောင့် (သို့) စတုဂံကွက် – လက်ဝါးပြင်ပေါ်က လေးထောင့်ကွက်တွေနဲ့ ပတ်သက်လို့ အယူအဆကွဲတွေ ရှိနေပါတယ်။ အကောင်းဘက်က ကြည့်ရင် ကိုယ့်အပေါ် ကျရောက်လာမယ့် ဘေးအန္တရာယ်တွေကို ကာကွယ်ပေးပေမယ့် တစ်ဖက်က ကြည့်ရင် စိတ်ရောလူပါ ပင်ပန်း ကျဉ်းကျပ်စွာနဲ့ ခက်ခဲစွာ ဖြတ်သန်းရတတ်တဲ့ အကြောင်းတရားတွေ ရှိနေပါတယ်။  (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ဒိုင်းမွန်း (သို့) ငါးရုပ်ပုံစံ – တချို့က စိန်ဖူးလို့ ခေါ်ပြီး တချို့တွေက ငါးရုပ်လို့ သတ်မှတ်ကြတဲ့ ဒီသင်္ကေတမျိုး လက္ခဏာမှာ ပါလာရင်တော့ ဘဝမှာ အငြိမ်နေလို့ မရဘဲ ရုန်းကန် လှုပ်ရှားနိုင်လေ အောင်မြင်လေ ဖြစ်ပါလိမ့်မယ်။ စိန်ဖူးအချွန် ပုံစံထက် ငါးရုပ်နဲ့ ပိုတူပြီး လုံးဝန်းနေရင်တော့ နေရာတစ်ခုမှာ ကြာကြာ လုပ်လေ ၊ အကျိုးပေးလေ ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ငါးရုပ် (သို့) ဒိုင်းမွန်းပုံစံ မပီပြင်ဘဲ ကျိုးပျက်နေရင် အကျိုးပေး အောင်မြင်မှု နည်းပါးနိုင်ပါတယ်။  (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

လက္ခဏာနဲ့ ပတ်သက်လို့ လူတိုင်း သိရှိ နားလည်နိုင်တဲ့ အကြောင်းအရာတွေကိုလည်း (ဗေဒင်သုတ – Baydin Thyuta) ကနေ နောက်ပိုင်းမှာ ဆက်လက် တင်ပြပါဦးမယ်။

ဗေဒင်သုတ ပရိတ်သတ်တွေ လက္ခဏာသုတ တိုးပွား ရရှိကြပါစေ – ဧက

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)