လက္ခဏာပညာ အတိုအထွာ

လက္ခဏာပညာကိုမှ ယုံကြည်လေးနက် ဝါသနာပါသူများအတွက် လက္ခဏာအဘိဓာန်ကျမ်းထဲက နည်းစနစ် အတိုအထွာလေးတွေကို ပြန်လည် ဝေမျှလိုက်ပါတယ်။ ကိုယ့်လက်ဖဝါးကို ပြန်ကြည့်ပြီး တိုက်ဆိုင် စစ်ဆေး ကြည့်နိုင်ပါတယ်။

လက္ခဏာအဘိဓာန်ကျမ်းအလိုအရ …- လက်ကြီးတဲ့သူတွေက အသေးစိတ်လုပ်ရကိုင်ရတာ ၀ါသနာပါပြီး လက်သေးသူတွေက အလုပ်ကြီး အကိုင်ကြီးတွေ၊ စီမံကိန်းကြီးတွေ ကိုသာ လုပ်ချင်တဲ့ သူတွေ ဖြစ်နေပါသတဲ့။ နူးညံ့ပျော့ပျောင်းတဲ့ လက်ဖ၀ါးတွေက စိတ်ထားသိမ်မွေ့၊ ဆွဲဆောင်လွယ်၊ စိတ်ယိုင်လွယ်သူတွေ ဖြစ်ပြီး လက်ဖ၀ါးမာသူတွေက စိတ်ဓာတ် မာကျောသူ၊ လက်တွေ့ကျသူ၊ ဇွဲကောင်းသူတွေ ဖြစ်နေပါတယ်တဲ့။  (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

လက်ဝါးပါးပါးလေးတွေက အားငယ် သိမ်ငယ်တတ်သူတွေ ဖြစ်နေတတ်ပြီး လက်ဝါးထူထဲသူတွေက လူကြမ်းစိတ်ကြမ်းနဲ့ ခပ်ပေပေသမားတွေ ဖြစ်တတ်ပါသတဲ့။ လက်ဖ၀ါးအလယ်ခွက် ချိုင့်နေသူတွေကတော့ သတိထားရပါမယ်။ (ပိန်တာ ၀တာနဲ့ မဆိုင်ပါဘူး) ကျန်းမာရေး၊ စီးပွားရေး တစ်ခုခု ထိုးကျသွား၊နိုင်ပါတယ်။ ဘ၀တစ်ချိန်ချိန်မှာပေါ့။  (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

တကယ်လို့ တမင်လုပ်တာ မဟုတ်ဘဲ သူ့အလိုအလျာက် လက်ချောင်းတွေကို ဆုပ်ထားရင် လျှို့ဝှက်လုပ်ကိုင်တတ်သူ၊ လက်တွေကို တမင်လှုပ်ရှားနေရင် သတိဝီရိယကောင်းသူ၊ လက်ပိုက်ထားလေ့ရှိသူက စိတ်တည်ငြိမ်တဲ့သူ၊ လက်ဖ၀ါးအချင်းချင်း ပွတ်သပ်နေသူက ကြောင်သူတော် ကြွက်သူခိုးလို့လည်း ယူဆထားပါတယ်။

လက်တွေ နောက်ပစ်လေ့ရှိသူက သတိကြီးလွန်းသူ ဖြစ်ပြီး ပစ္စည်းအသေးမွှားလေးတွေကို လိုက်ကိုင်တွယ်နေသူ ဆိုရင် လတ်တလောမှာ စိတ်လှုပ်ရှားနေသူတွေ ဖြစ်ပါတယ်တဲ့။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ဒါ့အပြင် ထူထဲ တုတ်ခိုင်တဲ့ လက်ချောင်းပိုင်ရှင်ဆိုတာ ရုပ်ဝါဒီဆန်သူ၊ ပျော့ပျောင်းတဲ့ လက်ချောင်းတွေက အပေါင်းအသင်းဆံ့ပြီး ကျရာနေရာ တည့်အောင်နေတတ်သူ၊ တင်းမာဖြောင့်စင်းတဲ့ လက်ချောင်းတွေက ဇွဲသတ္တိကောင်းသူတွေ ဖြစ်ကြပါသတဲ့။ ဒီအချက်တွေကို ယေဘုယျအဟောအဖြစ်သာ သတ်မှတ်နိုင်ပြီး တစ်ထစ်ချ မှတ်ယူ ကောက်ချက်ချလို့ မသင့်ဘူး ဆိုတာကိုလည်း သတိပြုရမှာ ဖြစ်ပါတယ်။ လက္ခဏာပညာတွေကို ဖတ်မှတ်သုတ ရရှိကြပါစေဗျာ – ဧက (ဗေဒင်သုတ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)