လုပ်ငန်း ၂ မျိုးနဲ့ ဝင်ငွေလမ်းကြောင်း ၂ ခု ရမယ့် လက္ခဏာ

ယနေ့ခေတ်ကာလတွင် အများစုသော လူငယ်များအနေဖြင့် လုပ်ငန်းတစ်ခုတည်းအပေါ် မှီခို၍ စူးစိုက် လုပ်ကိုင်နေခြင်းထက် လက်ခွဲလုပ်ငန်းများလည်း ထူထောင်ဖန်တီး လုပ်ကိုင်လိုလာကြသည်။

ယင်းကဲ့သို့အခြေအနေမျိုးတွင် လက်ရှိအလုပ်အပြင် အခြားလုပ်ငန်းတစ်ခု လုပ်ချင်လာသည့်အခါ အောင်မြင်မှာလား…. အဆင်ပြေမှာလား….ဆိုတဲ့ မေးခွန်းအပေါ် လက္ခဏာပညာရပ်၏ ရှူထောင့်မှ သုံးသပ်ရှုမြင်လိုပါက ကံကြမ္မာလမ်းကြောင်း အနေအအထားနဲ့ သုံးသပ်စစ်ဆေးနိုင်မည် ဖြစ်သည်။

ကံကြမ္မာလမ်းကြောင်း ဆိုသည်မှာ လက်ကောက်ဝတ်မှ အစပြုပြီး လက်ဝါးပြင်မှ ဒေါင်လိုက် အရှည်လိုက် သွားကာ လက်ခလယ်အောက် စနေဂြိုလ်ခုံကို ဦးတည်နေသော လမ်းကြောင်းကို ခေါ်ဆိုသည်။ ဥပမာ ပုံစံကို ကြည့်ပါ။

ပုံမှာပြထားတဲ့အတိုင်း ကံကြမ္မာလမ်းကြောင်းဟာ နှစ်ကြောင်းဖြစ်ပြီး ထင်ထင်ရှားရှားလည်း ဖြစ်နေခဲ့ရင်တော့..ဘဝမှာ လုပ်ငန်းစီးပွား ၂ မျိုး လုပ်ကိုင်နေရတတ်ပြီး ဝင်ငွေနှစ်မျိုးလည်း ရရှိမည့် လက္ခဏာပိုင်ရှင်များ ဖြစ်ကြောင်း လက္ခဏာပညာ၏ တစ်စိတ်တစ်ဒေသကို သုတရစေရန် ဖော်ပြပေးလိုက်ပါသည်။ ကိုယ်စိတ်၂ပါးချမ်းမြေ့ပါစေ…

ဗေဒင်၊ ယတြာကိစ္စများအတွက် – ဆရာလင်းဝေအောင် (မြန်မာ့ဆန်းကျမ်းဗေဒင်နှင့် ကေပီရှေ့ဆောင်နက္ခတ်ပညာရှင်)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)