လုံးကြီးတင်ကို ကြောက်သတဲ့လား

အခုနောက်ပိုင်း ရင်သွေးပိုင်ရှင် မိဘတစ်ချို့ မောင်ဖုန်းဆီ အွန်လိုင်းကနေဖြစ်စေ၊ လူတွေ့ဖြစ်စေ ရင်သွေး အမည်ပေး လာရောက် ဆွေးနွေး တိုင်ပင်ကြသည့်အခါမှာ ထူးထူးခြားခြား လေးငါးခါလောက် ပါလာသည့် မှတ်မိလောက်သည့် အကြောင်းအရာတစ်ခုကတော့ လုံးကြီးတင် ထည့်ပြီး မှည့်ရမှာ ကြောက်ကြသည်ဟု ဆိုတတ်ကြခြင်းပါပဲ။

ဘယ်က ဘယ်လို ဖတ်မှတ်လာကြသည်တော့ မသိပါ။ ကျွန်တော့်အတွေ့အကြုံအရ လုံးကြီးတင်နဲ့ နာမည်ကို မှည့်ခေါ်ခြင်းသည်  လူကို ကံဆိုးမိုးမှောင်ကျခြင်းမျိုး မဖြစ်စေပါ။ လုံးကြီးတင်နဲ့ မှည့်ရင် ပိတယ်လို့ ကြားဖူးလို့ ဆိုတာမျိုး ပြောတဲ့ မိဘတစ်ချို့လည်း ကြုံဖူးပါတယ်။ မဟုတ်ပါခင်ဗျာ။ ကျွန်တော် လေ့လာလာခဲ့သလောက် အတွေ့အကြုံလေးပဲ ပြောပါ့မယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

လုံးကြီးတင်သည် တာဝန်နဲ့ သက်ဆိုင်ပါတယ်။ လုံးကြီးတင်နဲ့ မှည့်ခေါ်ထားသူတွေသည် ကံအားနည်းချိန်မှာ ဝန်ထုပ်တွေ ပိပြီး လေးပင်တတ်ပါတယ်။ ကံအားသာချိန်မှာတော့ တာဝန်ကြီးတွေ ယူနိုင်ခြင်းနဲ့ ကြီးမြင့်သော ဘဝအနေအထားကို ရောက်ရှိခြင်းကို ဖော်ပြပါတယ်။  လုံးကြီးတင်သည် စနေဂြိုဟ်နဲ့ ဆက်နွယ်နေတယ်လို့ ယူဆစရာ အနေအထားဖြစ်ပါတယ်။ စနေကို လူတော်တော်များများက ကြောက်ရွံ့တတ်ကြပေမယ့် စနေသည်လည်း လောကအတွက် မရှိမဖြစ် လိုအပ်သော ပါပဂြိုဟ်တစ်မျိုးသာ ဖြစ်ပါတယ်။

တာဝန်ယူလိုမှု ၊ တာဝန်ကို ကျေပွန်အောင် ထမ်းရွက်နိုင်ရန် ကြိုးပမ်းမှုအ၀၀ကို စနေဂြိုဟ်က တွန်းအားပေးတတ်သကဲ့သို့ပင်၊ လုံးကြီးတင်နဲ့ အမည်ကို မှည့်ခေါ်ခြင်းသည်လည်း ထိုပုဂ္ဂိုလ်အား တာဝန်ယူတတ်မှုနှင့် တာဝန်ကို ထမ်းရွက်ပေးလိုမှု ဆန္ဒကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။ ဒါကြောင့် လုံးကြီးတင်ကို ဆိုးသည် ဟူသော အယူအဆကို ကျွန်တော့်အနေဖြင့် လက်မခံလိုပါ။(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

လူ့လောက မှာ လူရယ်လို့ ဖြစ်လာမှတော့ လူ့တာဝန် ကို ထမ်းရွက်ကြရမှာချည်းပါပဲ။ တစ်ခါတစ်ရံ မှာဆို ဖခင်တာဝန် မကျေတဲ့ ဖခင်တွေ၊ မိခင်တာဝန် မကျေတဲ့ မိခင်တွေကိုသော်လည်းကောင်း၊ တာဝန် မယူတတ်သော မျက်နှာလွှဲ ခဲပစ်သမားမျိုးတွေကိုသော် လည်းကောင်း တွေ့ဖူးမြင်ဖူးကြမှာ ဖြစ်ပါလိမ့်မယ်။

ဒီလောက်ဆိုရင် လုံးကြီးတင်ရဲ့ တာဝန် ထမ်းရွက်လိုမှု အာနိသင်လေးကို အပြစ် မမြင်ကြလောက်တော့ဘူးလို့ ထင်မိပါတယ်။ ကိုယ့်သားသမီးရင်သွေးကို တာဝန်ကင်းမဲ့စွာ လုပ်ကိုင်တတ်သော သားသမီးတစ်ယောက် မဖြစ်စေချင်ဘူး ဆိုရင်တောင် လုံးကြီးတင်ကို ထည့်သွင်း စဉ်းစားရမယ့် အနေအထား ရှိလာပါတယ်။ တကယ့် တကယ်တမ်းမှာ ကျွန်တော့်အတွေ့အကြုံအရ သတိပြုအပ်တာလေးတွေကို ပြပါဆိုရင် ဟထိုး ၊ လုံးကြီးတင်ဆံခတ်၊ နောက်သို့ပစ်..၊ အောက်ကမြစ်… စသည်တို့ကသာ ပိုမို ဂရုစိုက်ရမယ့် အနေအထား ရှိပါတယ်ခင်ဗျား…။

ကလေး အမည်ပေးနှင့် ဗေဒင်မေးမြန်းလိုသူများအတွက် – ဆရာဝေသာလီမောင်ဖုန်း (ခေါ်) ဆရာစိုးမိုးထွန်း

 

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)