လပြည့်နေ့နှင့် ခရီးယတြာ

လာမယ့် မြန်မာသက္ကရာဇ် ၁၃၈၁-ခုနှစ် နယုန်လပြည့်နေ့၊ ခရစ်နှစ် ၂၀၁၉ခုနှစ် ဇွန်လ ၁၇ – ရက်နေ့ဟာ တနင်္လာနေ့ဖြစ်ပါတယ်။ ဆိုတော့…မြန်မာ့လောကီပညာအယူအဆအရ လပြည့်နေ့နဲ့တနင်္လာနေ့မှာ လုပ်ဆောင်ရတဲ့ အစီအရင်တစ်ခု ဖော်ပြပေးလိုက်ပါတယ်။

ခရီးနဲ့ပက်သက်ပြီး ရပ်ဝေးခရီးကိစ္စဆောင်ရွက်နေသူများ၊ နိုင်ငံခြားခရီးအတွက် ခက်ခဲကြန့်ကြာနေသူများ အနေနဲ့ ဒီအစီအရင်ကို အထူး လုပ်ဆောင်သင့်ပါတယ်။ (ဗေဒင်သုတ – BaydinThyuta Facebook Page မှ တင်ဆက်သည်။ ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

လုပ်ဆောင်ရမယ့် အချိန်က မနက် ၉း၀၀ မှ ၁၀း၃၀ အတွင်းဖြစ်ပါတယ်။ လုပ်ဆောင်ရမဲ့နေရာကတော့ ဘုရားစေတီတစ်ဆူရဲ့ တနင်္လာထောင့်မှာပါ။ သတ်မှတ်နေ့ သတ်မှတ်ထားတဲ့အချိန်အတွင်းမှာ ကံကော် (၁၅)ညွန့်(သို့) ကြံ (၁၅)ညွန့်၊ ယပ်အဖြူအသေး ၁၅လက်၊ ဖယောင်းတိုင်အဖြူ ၁၅တိုင် လှူဒါန်းပြီး ခရီးနှင့်ပက်သက်သောကိစ္စအတွက် ဆုတောင်းဆန္ဒပြုရမှာဖြစ်ပါတယ်။

ပြီးတဲ့အခါ ဘုရားကို ရေ ၁၅ခွက် သပ္ပါယ်ရမှာ ဖြစ်ပါတယ်။ ဒီယတြာဟာ လပြည့်နေ့နဲ့ တနင်္လာ တိုက်ဆိုင်မှသာ လုပ်ဆောင်ရတဲ့ အစီအရင်မျိုးဖြစ်တဲ့အတွက် လတိုင်း ဆောင်ရွက် မရသလို တိုက်ဆိုင်မှသာ လုပ်ဆောင်နိုင်တဲ့ အစီအရင်မျိုးဖြစ်ပါတယ်။ (ဗေဒင်သုတ – BaydinThyuta Facebook Page မှ တင်ဆက်သည်။ ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

နိုင်ငံခြားခရီးနှင့် ခရီးဝေးကိစ္စဆောင်ရွက်နေသူများအတွက် လက်တွေ့ကောင်းကျိုးများစေခဲ့သော အစီအရင်တစ်ခု ဖြစ်ပြီး မည်သည့်နေ့ဖွားမဆို ဆောင်ရွက်နိုင်သော အစီအရင်ကောင်းတစ်ခု ဖြစ်ပါတယ်။

သွားလမ်းသာ၍ လာလမ်းဖြောင့်ပြီး လိုရာခရီးကို အဆင်ပြေချောမွေ့စွာ ရောက်ရှိနိုင်ကြပါစေဟု ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။

ကိုယ်စိတ်နှစ်ပါးချမ်းမြေ့ပါစေ…

ဆရာလင်းဝေအောင် (မြန်မာ့ရိုးရာဆန်းကျမ်းဗေဒင်နှင့် ကေပီရှေ့ဆောင်နက္ခတ်ပညာရှင်)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)