လွဲချော်သမျှ တည့်မတ်ကြပါစေ

အရောင်းအဝယ်ကိစ္စ လုပ်တယ်၊ တေ့တေ့ဆိုင်ဆိုင် ညှိကြတော့မှ အဆင်မပြေဘဲ တပ်ခေါက် ပြန်ခဲ့ရတယ်။ ရှာမှ ရှားပါး အလုပ် အင်တာဗျူးလေး ခေါ်တယ်၊ သွားဖြေတော့မှ လစာ ညှိမရ၊ အလုပ်ချိန်က အဆင်မပြေနဲ့ ဆင်ပြောင်ကြီး အမြီးမှာ တစ် သွားတာတွေ ဖြစ်ဖူးကြမယ်။ အရေးပါတဲ့ လူကြီးသူမတစ်ဦးနဲ့ တွေ့ချင်တယ်၊ ကိုယ်သွားတိုင်း သူ မရှိ၊ သူရှိပြန်တော့ ကိုယ်က မသွားဖြစ်နဲ့ ကိုယ့်ကိစ္စလည်း အဆင်မပြေ တေ့လွဲတွေ များနေပြီ ဆိုရင်တော့….

ဘာတွေပဲ ဘယ်လို လွဲချော်လွဲချော် လွဲသမျှကို ပြန်တည့်မတ်စေမယ့် မြန်မာ့ရိုးရာဗေဒင် နည်းစနစ်တစ်ခုကို ဗေဒင်သုတ ပရိတ်သတ်တွေ အတွက် မျှဝေ တင်ဆက်လိုက်ပါတယ်။ ခုရေတွင်းတူး၊ အခု ရေကြည်သောက် ဆိုတဲ့ တစ်ပွဲတိုး နည်းမျိုး မဟုတ်ပေမယ့် ကိုယ်ပြုသည့် ကံ ကိုယ့်ထံ ပြန်လာ ဆိုတဲ့အတိုင်း လုပ်သလောက် ပြန်ရမယ့် အစွမ်းထက် တည့်မတ်နည်းပဲ ဖြစ်ပါတယ်။ ဘာတွေ လုပ်ရမလဲ ဆိုတော့ .. (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါ)

(၁) မိမိနာရီများထဲမှ ပျက်နေသည့် နာရီများကို ပြင်တန်သည်ပြင် ၊ စွန့်တန်သည် စွန့်ပါ။ (၂) ပြက္ခဒိန်ဟောင်းများကို စွန့်ပါ။ ရွက်စုတ်ပြက္ခဒိန် ရှိပါက..အချိန်၊ ရက် မှန်ကန်ညီညွတ်အောင် … နေ့စဉ် သတိပြုပါ။

(၃) ဝိပဿနာတရား ရှုမှတ်အားထုတ်သော နေရာဌာနတို့တွင် …ကြေးစည်၊ ခေါင်းလောင်း၊ အုံးမောင်း၊ နာရီ၊ ပြက္ခဒိန် စသော .နှိုးဆော် သတိပေးနိုင်သော လှုဖွယ်မျိုးတို့ကို .နှိုးဆော်သတိကို အကျိုးပြုစေခြင်းအလို့ငှာ ရည်မှန်းလှုဒါန်းပေးပါ။ (၄) ကိုယ်တိုင် ဝိပဿနာ နေ့စဉ် (ပုံမှန်၊ အချိန်မှန်) တတ်နိုင်သလောက် ရှုမှတ်ပါ။ (၅) ဒီနည်းစနစ်ကို ရက်ပေါင်း သုံးဆယ်လုပ်ပါ။ အစစ လွဲချော်နေသည်များ ပြန်လည် တည့်မတ်လာသည်ကို မုချတွေ့ရပါလိမ့်မယ်။

ချမ်းသာတည့်မတ်…ဖြောင့်မတ်စွာ မှန်ကန်နိုင်ပါစေသတည်း- ဆရာစိုးမိုးထွန်း (ခေါ်) ဆရာဝေသာလီမောင်ဖုန်း

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)