ဝင်ငွေမြဲအောင် ဒီနည်းဆောင်ပါ

လစာဝင်ငွေလေး ရလာရင် စုချင်ဆောင်းချင်ပေမယ့် အကြောင်းကြောင်းတွေ ပေါ်လာပြီး ဘယ်လိုမှ စု မရတာ၊ ငွေ မမြဲတာတွေ ဖြစ်နေသူတွေအတွက် မြန်မာ့ရိုးရာဗေဒင်နဲ့ ပြုလုပ်နိုင်တဲ့ ငွေအထိန်းဓာတ် ပညာခန်းကို ပြသလိုက်ပါတယ်။ နေ့သားအလိုက် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

(၁) တနင်္ဂနွေနေ့ဖွားများဟာ အိတ်လေးတစ်လုံးအတွင်း သဲထည့်ပြီးတော့ အနီရောင် အပ်ချည်ကြိုးနဲ့ ချည်ပါ။ အဲဒီသဲအိတ်လေးကို ပိုက်ဆံထည့်တဲ့ အံဆွဲ၊ သေတ္တာ၊ ဘူး စတဲ့ ငွေသိမ်းဆည်းရာ နေရာတွေမှာ ထားပါ။ ဦးဦးဖျားဖျား ဝင်လာတဲ့ ငွေထဲကနေ နည်းနည်း ဖယ်၊ အဲဒီငွေနဲ့ ဆန်ဝယ်ပြီး ကြက် ၊ ငှက်သတ္တဝါတွေကို မကြာခဏ အစာဒါနပြုပါ။

(၂) တနင်္လာနေ့ဖွားတွေဟာ ကောင်းကင်မှာ တိမ်ကင်းစွာ သာနေတဲ့ လမင်းကြီးပုံစံ ဓာတ်ပုံကို ပုံအသေးလေး ထုတ်ပြီး “လသာနေသောပုံ” လို့ ရေးပြီး ပိုက်ဆံထည့်တဲ့ အိတ်၊ သေတ္တာ၊ ဘူး စတဲ့ ငွေသိမ်းဆည်းရာ နေရာတွေမှာ ထားပါ။ ဦးဦးဖျားဖျား ဝင်လာတဲ့ ငွေထဲက နည်းနည်းဖယ်ပြီး မကြခဏ လိပ်စာ ကျွေးခြင်းဖြင့် ကုသိုလ်ပြုပါ။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

(၃) အင်္ဂါနေ့ဖွားတွေက စံပယ်ပန်းပါတဲ့ ဓာတ်ပုံကိုအမွှေးနံ့သာဖျန်းပြီး ပိုက်ဆံထည့်တဲ့ အိတ်၊ သေတ္တာ၊ ဘူး ငွေသိမ်းဆည်းရာ နေရာတွေမှာ ထားပါ။ ဦးဦးဖျားဖျား ဝင်ငွေထဲက နည်းနည်း ဖယ်ပြီးတော့ ဘုရားပန်း လှူတဲ့ ကုသိုလ်ကို မကြာခဏ ပြုပေးပါ။

(၄) ဗုဒ္ဓဟူးနေ့ဖွားတွေအနေနဲ့က ပိတောက်သားနဲ့လုပ်ထားတဲ့ ပုတီးအသေးလေး တစ်ကုံးကို အမွှေးနံ့သာ ဖြန်းပြီး ပိုက်ဆံထည့်တဲ့ အိတ်၊ သေတ္တာ၊ ဘူး အစရှိတဲ့ ငွေသိမ်းဆည်းရာ နေရာတွေမှာ ထားပါ။ လာဘ်ဦးလာဘ်ဖျားထဲကနေ အနည်းငယ် ဖယ်ထားပြီး မရှိဆင်းရဲတဲ့ ကလေးငယ်တွေကို အချိုရည် ဖျော်ရည် ဒါနပြုပါ။(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါ)

(၅) ဗုဒ္ဓဟူး ညနေဖွားများ(ရာဟုနေ့ဖွားများ) ရွှေရောင်ခေါင်းလောင်း အသေးလေး တစ်လုံးကို ပိုက်ဆံထည့်တဲ့ ငွေသိမ်းဆည်းရာ နေရာတွေမှာ ထားပါ။ ဦးဦးဖျားဖျား ဝင်သော ငွေများထဲက နည်းနည်းဖယ်ပြီး ဖျော်ရည်အအေးကို မကြာခဏ ဒါနပြုပါ။

(၆) ကြာသပတေးနေ့ဖွားတွေက အိုးစည်သေးသေးလေးတစ်လုံးကို ပိုက်ဆံ ထည့်တဲ့ အိတ်၊ သေတ္တာ၊ ဘူး စတဲ့ ငွေသိမ်းဆည်းရာ နေရာတွေမှာ ထားပါ။ဦးဦးဖျားဖျား ဝင်တဲ့ ငွေတွေထဲက နည်းနည်းစီ ဖယ်ပြီး ဘုရားစေတီ ဘာသာရေးအဆောက်အဦတွေမှာ လျှပ်စစ်မီး၊ လောင်စာဆီ စသဖြင့် မကြာခဏ ကုသိုလ်ပြုပါ။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

(၇) သောကြာနေ့ဖွားတွေက ဆပ်ပြာအမွှေးခဲ သေးသေးလေးတစ်ခုကို ပိုက်ဆံထည့်တဲ့ အိတ်၊ သေတ္တာ၊ ဘူး ငွေသိမ်းဆည်းရာ နေရာတွေမှာ ထားပါ။ ဦးဦးဖျားဖျား ဝင်လာတဲ့ ငွေတွေထဲက နည်းနည်း ဖယ်ပြီး သက်ကြီးရွယ်အိုတွေကို ဆေးဝါးဓာတ်စာများ လှူဒါန်း ကုသိုလ်ပြုပါ။

(၈) စနေနေ့ဖွားတွေက ဓာတ်ခဲအသေး (အသစ်) တစ်လုံးကို ပိုက်ဆံထည့်တဲ့ အိတ်၊ သေတ္တာ၊ ဘူး စတဲ့ ငွေသိမ်းဆည်းတဲ့ နေရာတွေမှာ ထားပါ။ လာဘ်ဦးလာဘ်ဖျားထဲက ငွေအနည်းငယ် ဖယ်ထားပြီး ရဟန်းသံဃာတွေကို ဝတ္ထုငွေ မကြာခဏ လှူဒါန်းပါ။ ကြွေပြား ကျောက်ပြာခင်းပြီးတော့လည်း ကုသိုလ်ပြုနိုင်ပါတယ်။

ဤကား ငွေအထိန်းဓာတ်အတွက် စစ်မှန်သော မြန်မာ့ရိုးရာလက်ဆန်းပညာအစီအရင် ဖြစ်ပါတယ်။ ဒီအချက်တွေအတိုင်း အတိအကျ လုပ်နိုင်ရင် ဝင်လာတဲ့ လာဘ်လာဘကို တည်တံ့ ရှည်ကြာအောင်၊ ခိုင်မာ မြဲမြံအောင် ထိန်းသိမ်း စုဆောင်းနိုင်မှာ ဖြစ်ပါတယ်။ ကိုယ်စိတ်နှစ်ပါးချမ်းမြေ့ပါစေ..ဆရာလင်းဝေအောင် (မြန်မာ့ရိုးရာဆန်းကျမ်းဗေဒင်နှင့် ကေပီရှေ့ဆောင်နက္ခတ်ပညာရှင်)

 

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)