သင့္အတြက္ တစ္ေန႔တာ ဂဏန္းေဗဒင္

ဂဏန္းေဗဒင္ပညာမွာ မိမိရဲ႕ ေမြးရက္၊ ေမြးလ နဲ႔ ေရာက္ဆဲ ရက္၊ လ ၊ ႏွစ္ေတြ ေပါင္းျခင္းေပၚ မူတည္ၿပီးေတာ့ ဒီေန႔ ဘာလုပ္သင့္သလဲ ဆိုတဲ့ အႀကံျပဳခ်က္ေဟာကိန္းေတြ ရွိပါတယ္။ ဒီေန႔ ဘာျဖစ္မယ္ဆိုတဲ့ အေဟာထက္ ဘာလုပ္ရင္ ေကာင္းမယ္ဆိုတဲ့ လမ္းၫႊန္ခ်က္ သေဘာမ်ိဳး ေဟာဆိုထားတာ ျဖစ္ပါတယ္။

တြက္နည္းကို ၾကည့္ရေအာင္ပါ။ ဥပမာ ေမ ၂၆ မွာ ေမြးဖြားသူတစ္ဦးဟာ ဒီႏွစ္ ၂၀၂၂ ခုႏွစ္ ၊ ဒီဇင္ဘာလ ၁၅ ရက္မွာ ဘာလုပ္သင့္သလဲ ၊ ဘာျဖစ္တတ္သလဲဆိုတာ သိခ်င္ရင္ …

ေမြးရက္ –        ၂၆

ေမြးလ –          ၅ (ေမလ)

တြက္တဲ့ရက္ –  ၁၅

တြက္တဲ့လ   –  ၁၂ လပိုင္း (ဒီဇင္ဘာလ)

တြက္တဲ့ႏွစ္   – ၂၀၂၂

(၂၆ + ၅ + ၁၅ + ၁၂ + ၂၀၂၂ = ၂၀၈၀)

ေပါင္းျခင္းရလဒ္ – ၂၀၈၇ (၂+ဝ+၈+၀ = ၁၀ = ၁ +၀ = ၁) ၁ – ဂဏန္း ရရွိပါတယ္။ ဒါဆို “ေပါင္းျခင္း (၁) ရေသာေန႔” ကို ဖတ္ရႈရပါမယ္။ ဒါေလာက္ဆို သေဘာေပါက္မယ္ ထင္ပါတယ္။ အေဟာပိုင္းေတြကို ဆက္ဖတ္ၾကည့္ရေအာင္ပါ။ (ေဗဒင္သုတ၏ မူပိုင္ေဆာင္းပါး ျဖစ္သည္။ အျခားေသာ Social Media Platform မ်ား ႏွင့္ Website မ်ားတြင္ ျပန္လည္ကူးယူေဖာ္ျပျခင္းကုိ ခြင့္မျပဳပါ)

ေပါင္းျခင္း (၁) ရေသာေန႔

တက္ႂကြၿပီး အင္အားရွိတဲ့ေန႔ ျဖစ္တယ္။ အလုပ္သစ္၊ အႀကံသစ္ေတြ၊ အေျပာင္းအလဲအသစ္ေတြ စႏိုင္တယ္။ ေရရွည္ေမွ်ာ္ကိုးၿပီး အုတ္ျမစ္တည္တဲ့ကိစၥေတြ လုပ္သင့္တယ္။ အစီအစဥ္ ဆြဲတာ၊ အေျခခ်တာမ်ိဳး လုပ္ေပးပါ။

ေပါင္းျခင္း (၂) ရေသာေန႔

အက်ိဳးတူပူးေပါင္းမႈေတြ လုပ္သင့္တဲ့ေန႔ ျဖစ္တယ္။ ေပါင္းသင္းဆက္ဆံေရးနယ္ပယ္ ခ်ဲ႕ထြင္တာ၊ မိတ္ေဆြသစ္ ရွာတာေတြ လုပ္ႏိုင္တယ္။ လူမႈေရးကိစၥေတြ လုပ္လို႔ေကာင္းတယ္။ ႏွစ္ဖက္သေဘာတူညီမႈေတြ ရလြယ္မယ္။

ေပါင္းျခင္း (၃) ရေသာေန႔

ေပ်ာ္ပြဲ႐ႊင္ပြဲေတြ၊ အခမ္းအနားေတြ တက္ရင္ ေကာင္းတယ္။ ပြဲလမ္းေတြဆို ဝင္ဆင္ႏႊဲပါ။ ကံေကာင္းလိမ့္မယ္။ သူမ်ားဆီက အႀကံဉာဏ္ယူတာ၊ အကူအညီေတာင္းတာေတြ လုပ္ႏိုင္တယ္။ စာေပ၊ ဂီတပိုင္း အက်ိဳးေပးမယ္။ (ေဗဒင္သုတ၏ မူပိုင္ေဆာင္းပါး ျဖစ္သည္။ အျခားေသာ Social Media Platform မ်ား ႏွင့္ Website မ်ားတြင္ ျပန္လည္ကူးယူေဖာ္ျပျခင္းကုိ ခြင့္မျပဳပါ)

ေပါင္းျခင္း (၄) ရေသာေန႔

အလုပ္သစ္၊ အစီအစဥ္သစ္ေတြ မစသင့္ဘဲ လက္ရွိလုပ္ေနတာေတြကိုပဲ တြန္းအားထည့္ လုပ္ကိုင္သင့္တယ္။ ေငြေၾကးကိစၥ ေျပာဆိုေဆာင္႐ြက္လို႔ ေကာင္းတယ္။ အလုပ္မ်ားသေလာက္ အက်ိဳးရွိမယ့္ေန႔လည္း ျဖစ္တယ္။

ေပါင္းျခင္း (၅) ရေသာေန႔

လႈပ္လႈပ္ရွားရွား၊ သြားသြားလာလာေတြ လုပ္ရလိမ့္မယ္။ အသစ္အဆန္းေတြ စမ္းၾကည့္သင့္တယ္။ မလုပ္ဖူးတာ ၊မႀကဳံဖူး၊မေရာက္ဖူးတာေတြ လုပ္မိတတ္တယ္။ လုပ္ခ်င္တာလုပ္ၿပီး မွားယြင္းဆုံးရႈံးမႈတခ်ိဳ႕လည္း ျဖစ္ႏိုင္တယ္။

ေပါင္းျခင္း (၆) ရေသာေန႔

မိသားစုေတြ၊ ခ်စ္ခင္ရင္းႏွီးသူေတြနဲ႔ အခ်ိန္ကုန္ရမယ့္ေန႔မ်ိဳး ျဖစ္တယ္။ လူငယ္လူ႐ြယ္ေတြ ႏွလုံးသားေရးရာကို အခ်ိန္ေပးရႏိုင္တယ္။ ဆြဲေဆာင္မႈကိစၥေတြ လုပ္သင့္တယ္။ နားနားေနေန၊ သက္ေတာင့္သက္သာ ရွိသင့္တယ္။

ေပါင္းျခင္း (၇) ရေသာေန႔

လုပ္ခဲ့ၿပီးတာေတြနဲ႔ ေရွ႕ဆက္လုပ္ရမွာေတြအတြက္ အခ်ိန္ေပးသုံးသပ္ဆင္ျခင္ရမယ့္ေန႔ပါပဲ။ အစီအစဥ္ေတြကို ျပန္ေရးဆြဲတာ၊ ဆရာ (သို႔) ကြၽမ္းက်င္သူေတြနဲ႔ တိုင္ပင္တာေတြ လုပ္သင့္တယ္။ တည္ၿငိမ္ရမယ့္ေန႔ ျဖစ္တယ္။ (ေဗဒင္သုတ၏ မူပိုင္ေဆာင္းပါး ျဖစ္သည္။ အျခားေသာ Social Media Platform မ်ား ႏွင့္ Website မ်ားတြင္ ျပန္လည္ကူးယူေဖာ္ျပျခင္းကုိ ခြင့္မျပဳပါ)

ေပါင္းျခင္း (၈) ရေသာေန႔

ျဖစ္ခ်င္တာေတြ ျဖစ္ေအာင္ လုပ္ခြင့္ ရလာမယ္။ ကိုယ္ပိုင္စြမ္းရည္ကို အေကာင္းဆုံး ထုတ္သုံးခြင့္ရမယ့္ေန႔မ်ိဳး ျဖစ္တယ္။ စိန္ေခၚမႈေတြကို ရင္ဆိုင္ႏိုင္မယ္။ စီးပြားေရးကိစၥ၊ ေဆြးေႏြးညႇိႏႈိင္းမႈကိစၥေတြ လုပ္ေဆာင္ႏိုင္တယ္။

ေပါင္းျခင္း (၉) ရေသာေန႔

လက္ထဲ မၿပီးမျပတ္ ျဖစ္ေနတဲ့အလုပ္ေတြကို လက္စသတ္ႏိုင္မယ္။ စိတ္ခံစားခ်က္ေတြ ေပါက္ကြဲတတ္တယ္။ လုပ္ၿပီးသားေတြကို လႊတ္ခ်ၿပီး ေရွ႕ဆက္ရမွာကို ေမွ်ာ္ၾကည့္ရမယ္။ တစ္ေယာက္တည္း ေနတာ ေကာင္းမယ္။

ဒါဆိုရင္ ေန႔ရက္အလိုက္ ဒီေန႔မွာ ကိုယ္ဘာလုပ္သင့္တယ္၊ ဘာေတြ ေဆာင္လို႔ ဘာေတြ ေရွာင္ရမယ္ဆိုတာကို ဂဏန္းေဗဒင္ပညာနဲ႔ ကိုယ္တိုင္ တြက္ခ်က္ အသုံးခ်ႏိုင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။

ဂဏန္းေဗဒင္သုတ တိုးပြားရရွိၾကပါေစ – ဧက (ေဗဒင္သုတ)

Unicode Font

ဂဏန်းဗေဒင်ပညာမှာ မိမိရဲ့ မွေးရက်၊ မွေးလ နဲ့ ရောက်ဆဲ ရက်၊ လ ၊ နှစ်တွေ ပေါင်းခြင်းပေါ် မူတည်ပြီးတော့ ဒီနေ့ ဘာလုပ်သင့်သလဲ ဆိုတဲ့ အကြံပြုချက်ဟောကိန်းတွေ ရှိပါတယ်။ ဒီနေ့ ဘာဖြစ်မယ်ဆိုတဲ့ အဟောထက် ဘာလုပ်ရင် ကောင်းမယ်ဆိုတဲ့ လမ်းညွှန်ချက် သဘောမျိုး ဟောဆိုထားတာ ဖြစ်ပါတယ်။

တွက်နည်းကို ကြည့်ရအောင်ပါ။ ဥပမာ မေ ၂၆ မှာ မွေးဖွားသူတစ်ဦးဟာ ဒီနှစ် ၂၀၂၂ ခုနှစ် ၊ ဒီဇင်ဘာလ ၁၅ ရက်မှာ ဘာလုပ်သင့်သလဲ ၊ ဘာဖြစ်တတ်သလဲဆိုတာ သိချင်ရင် …

မွေးရက် –        ၂၆

မွေးလ –          ၅ (မေလ)

တွက်တဲ့ရက် –  ၁၅

တွက်တဲ့လ   –  ၁၂ လပိုင်း (ဒီဇင်ဘာလ)

တွက်တဲ့နှစ်   – ၂၀၂၂

(၂၆ + ၅ + ၁၅ + ၁၂ + ၂၀၂၂ = ၂၀၈၀)

ပေါင်းခြင်းရလဒ် – ၂၀၈၇ (၂+ဝ+၈+၀ = ၁၀ = ၁ +၀ = ၁) ၁ – ဂဏန်း ရရှိပါတယ်။ ဒါဆို “ပေါင်းခြင်း (၁) ရသောနေ့” ကို ဖတ်ရှုရပါမယ်။ ဒါလောက်ဆို သဘောပေါက်မယ် ထင်ပါတယ်။ အဟောပိုင်းတွေကို ဆက်ဖတ်ကြည့်ရအောင်ပါ။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ပေါင်းခြင်း (၁) ရသောနေ့

တက်ကြွပြီး အင်အားရှိတဲ့နေ့ ဖြစ်တယ်။ အလုပ်သစ်၊ အကြံသစ်တွေ၊ အပြောင်းအလဲအသစ်တွေ စနိုင်တယ်။ ရေရှည်မျှော်ကိုးပြီး အုတ်မြစ်တည်တဲ့ကိစ္စတွေ လုပ်သင့်တယ်။ အစီအစဉ် ဆွဲတာ၊ အခြေချတာမျိုး လုပ်ပေးပါ။

ပေါင်းခြင်း (၂) ရသောနေ့

အကျိုးတူပူးပေါင်းမှုတွေ လုပ်သင့်တဲ့နေ့ ဖြစ်တယ်။ ပေါင်းသင်းဆက်ဆံရေးနယ်ပယ် ချဲ့ထွင်တာ၊ မိတ်ဆွေသစ် ရှာတာတွေ လုပ်နိုင်တယ်။ လူမှုရေးကိစ္စတွေ လုပ်လို့ကောင်းတယ်။ နှစ်ဖက်သဘောတူညီမှုတွေ ရလွယ်မယ်။

ပေါင်းခြင်း (၃) ရသောနေ့

ပျော်ပွဲရွှင်ပွဲတွေ၊ အခမ်းအနားတွေ တက်ရင် ကောင်းတယ်။ ပွဲလမ်းတွေဆို ဝင်ဆင်နွှဲပါ။ ကံကောင်းလိမ့်မယ်။ သူများဆီက အကြံဉာဏ်ယူတာ၊ အကူအညီတောင်းတာတွေ လုပ်နိုင်တယ်။ စာပေ၊ ဂီတပိုင်း အကျိုးပေးမယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ပေါင်းခြင်း (၄) ရသောနေ့

အလုပ်သစ်၊ အစီအစဉ်သစ်တွေ မစသင့်ဘဲ လက်ရှိလုပ်နေတာတွေကိုပဲ တွန်းအားထည့် လုပ်ကိုင်သင့်တယ်။ ငွေကြေးကိစ္စ ပြောဆိုဆောင်ရွက်လို့ ကောင်းတယ်။ အလုပ်များသလောက် အကျိုးရှိမယ့်နေ့လည်း ဖြစ်တယ်။

ပေါင်းခြင်း (၅) ရသောနေ့

လှုပ်လှုပ်ရှားရှား၊ သွားသွားလာလာတွေ လုပ်ရလိမ့်မယ်။ အသစ်အဆန်းတွေ စမ်းကြည့်သင့်တယ်။ မလုပ်ဖူးတာ ၊မကြုံဖူး၊မရောက်ဖူးတာတွေ လုပ်မိတတ်တယ်။ လုပ်ချင်တာလုပ်ပြီး မှားယွင်းဆုံးရှုံးမှုတချို့လည်း ဖြစ်နိုင်တယ်။

ပေါင်းခြင်း (၆) ရသောနေ့

မိသားစုတွေ၊ ချစ်ခင်ရင်းနှီးသူတွေနဲ့ အချိန်ကုန်ရမယ့်နေ့မျိုး ဖြစ်တယ်။ လူငယ်လူရွယ်တွေ နှလုံးသားရေးရာကို အချိန်ပေးရနိုင်တယ်။ ဆွဲဆောင်မှုကိစ္စတွေ လုပ်သင့်တယ်။ နားနားနေနေ၊ သက်တောင့်သက်သာ ရှိသင့်တယ်။

ပေါင်းခြင်း (၇) ရသောနေ့

လုပ်ခဲ့ပြီးတာတွေနဲ့ ရှေ့ဆက်လုပ်ရမှာတွေအတွက် အချိန်ပေးသုံးသပ်ဆင်ခြင်ရမယ့်နေ့ပါပဲ။ အစီအစဉ်တွေကို ပြန်ရေးဆွဲတာ၊ ဆရာ (သို့) ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်တာတွေ လုပ်သင့်တယ်။ တည်ငြိမ်ရမယ့်နေ့ ဖြစ်တယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ပေါင်းခြင်း (၈) ရသောနေ့

ဖြစ်ချင်တာတွေ ဖြစ်အောင် လုပ်ခွင့် ရလာမယ်။ ကိုယ်ပိုင်စွမ်းရည်ကို အကောင်းဆုံး ထုတ်သုံးခွင့်ရမယ့်နေ့မျိုး ဖြစ်တယ်။ စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်မယ်။ စီးပွားရေးကိစ္စ၊ ဆွေးနွေးညှိနှိုင်းမှုကိစ္စတွေ လုပ်ဆောင်နိုင်တယ်။

ပေါင်းခြင်း (၉) ရသောနေ့

လက်ထဲ မပြီးမပြတ် ဖြစ်နေတဲ့အလုပ်တွေကို လက်စသတ်နိုင်မယ်။ စိတ်ခံစားချက်တွေ ပေါက်ကွဲတတ်တယ်။ လုပ်ပြီးသားတွေကို လွှတ်ချပြီး ရှေ့ဆက်ရမှာကို မျှော်ကြည့်ရမယ်။ တစ်ယောက်တည်း နေတာ ကောင်းမယ်။

ဒါဆိုရင် နေ့ရက်အလိုက် ဒီနေ့မှာ ကိုယ်ဘာလုပ်သင့်တယ်၊ ဘာတွေ ဆောင်လို့ ဘာတွေ ရှောင်ရမယ်ဆိုတာကို ဂဏန်းဗေဒင်ပညာနဲ့ ကိုယ်တိုင် တွက်ချက် အသုံးချနိုင်မယ်လို့ မျှော်လင့်ပါတယ်။

ဂဏန်းဗေဒင်သုတ တိုးပွားရရှိကြပါစေ – ဧက (ဗေဒင်သုတ)

(ေဗဒင္သုတ၏ မူပိုင္ေဆာင္းပါး ျဖစ္သည္။ အျခားေသာ Social Media Platform မ်ား ႏွင့္ Website မ်ားတြင္ ျပန္လည္ကူးယူေဖာ္ျပျခင္းကုိ ခြင့္မျပဳပါ။ ဖတ္ရႈအားေပးမႈအတြက္ ေက်းဇူးတင္ပါသည္)