မြန်မာ့ရိုးရာဗေဒင်ဖြင့် အကျိုးပေးဂဏန်း ရှာဖွေခြင်း

ထီထိုးမယ်ဆို..ပထမဆုံး သိဖို့က….ကိုယ့်အတွက် အကျိုးပေးဂဏန်း နဲ့ အက္ခရာတွေ ၊ သင်္ကေတတွေပါ။ ဆိုတော့ စသွားရအောင်။  ကိုယ်မွေးဖွားတဲ့ မြန်မာသက္ကရာဇ်ကိုတည်…၇ နဲ့စားပြီး အကြွင်းကို ကြည့်ပါ။ အကြွင်းအလိုက် ဂဏန်းနဲ့ နေ့နံတွေကို တွေ့ရပါမယ်။

ဒါတွေသည် အမြဲတမ်း အကျိုးပေးဂဏန်း သတ်မှတ်ချက်တွေပါ။ နောက်တစ်ဆင့်က မိမိက ဘာနေ့ သားသမီးလဲ၊ ကြည့်ပြီး အောက်ပါဇယားအတိုင်း ခွဲခြားပါမယ်။  (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

အထက်ပါ ဂဏန်းနဲ့ နေ့ရက်တွေကိုလည်း ပုံသေမှတ်ယူထားပါ။ ဥပမာ- တစ်ခုကြွင်း အင်္ဂါနေ့ဖွားဆိုပါစို့။ တစ်ခုကြွင်း ဖြစ်လို့ ၆ဂဏန်းက အကျိုးပေးဂဏန်း ဖြစ်သလို အင်္ဂါနေ့ဖွား ဖြစ်လို့ ၀/၇ ဂဏန်းကလည်း အကျိုးပေးဂဏန်းတွေ ဖြစ်ပါတယ်။ ဒါကြောင့် ဇယားနှစ်ခုကို ပေါင်းစပ် တွက်ချက်ကြည့်ရင် တစ်ခုကြွင်း အင်္ဂါ (သို့မဟုတ်) အင်္ဂါသိုက်ဖွားတွေရဲ့ မူလအကျိုးပေး ဂဏန်းတွေဟာ (၀၊ ၆၊ ၇) ဂဏန်းတွေ ဖြစ်လာပါတယ်။  (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ကဲ..ဒီလောက်ဆို စသုံးကြည့်လို့ရပါပြီ။ ဒီဂဏန်းတွေကို ကိုယ့်ဘဝအတွက် အကျိုးရှိရာရှိကြောင်း ကိန်းဂဏန်းတွေအဖြစ် အသုံးပြုနိုင်ပါတယ်။ ထီပဲ ထိုးထိုး၊ ဘာပဲလုပ်လုပ် သုံးစွဲကြည့်ပါ။

ပြောတိုင်း မယုံပါနဲ့။ လက်တွေ့ဘ၀အတွေ့အကြုံတွေနဲ့သာ ဆုံးဖြတ်ကြပါခင်ဗျာ။ အနုစိတ်မှာလည်း တစ်ဦးနဲ့ တစ်ဦးဆိုတာ အကျိုးပေးအား ကွာခြားနိုင်ပါတယ်။ အားလုံး အသုံးတည့်ပြီး အကျိုးဖြစ်စေဖို့အတွက် ရည်ရွယ် ရေးသားပေးလိုက်ရပါတယ်။

ချမ်းသာခြင်း ရှိကြပါစေ… ဆရာစိုးမိုးထွန်း (ခေါ်) ဆရာဝေသာလီမောင်ဖုန်း

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)