အကြွင်းဖွားအလိုက် ဒီတစ်နှစ် (၁၃၈၄) မှာ သတိထားစရာများ
မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်မှာ မဟာဘုတ်အကြွင်းဖွားအလိုက် သတိထားရမယ့် အကြောင်းအရာကိစ္စတွေကို ဖော်ပြလိုက်ပါတယ်။ မဟာဘုတ်အကြွင်းဖွားဆိုတာ ကိုယ့်ရဲ့ မြန်မာမွေးနှစ်ကို ၇ နဲ့ စားပြီး ရလာတဲ့အကြွင်းကို ဆိုလိုတာဖြစ်ပါတယ်။ ဒီနှစ် ၁၃၈၄ အတွက် အကြွင်းအလိုက်အဟောတွေက အောက်ပါအတိုင်း ဖြစ်ပါတယ်။
မဟာဘုတ် (၁) ကြွင်းဖွားတွေဟာ ဒီနှစ်မှာ လူလိမ်လူကောက်တွေကို သတိထားရပါမယ်။ လူယုံ မလွယ်သင့်ဘဲ လူယုံက နောက်ကျောဓားနဲ့ထိုးတာမျိုးလည်း ခံရတတ်ပါတယ်။ မကောင်းသတင်းလွှင့်ခံရတာနဲ့ အတင်းအဖျင်း အပြောခံရတာတွေ များလာနိုင်ပါတယ်။ သူတစ်ပါးကိစ္စတွေမှာ ကြားညပ်ပြီး ကိုယ်ပါ ထိခိုက်နစ်နာတတ်ပါတယ်။
မဟာဘုတ် (၂) ကြွင်းဖွားတွေက ဒီနှစ်မှာ အစိုးရ၊ အာဏာပိုင်၊ အုပ်ချုပ်သူနဲ့ပတ်သက်လို့ အမှားအယွင်း မရှိဘဲ နေထိုင်ရပါမယ်။ ဥပဒေပြင်ပကိစ္စတွေကို လုံးဝ ရှောင်သင့်ပါတယ်။ အကြီးအကဲတွေကြာင့် စိတ်ညစ်ရတတ်ပြီး အိုးအိမ်နေရာထိုင်ခင်းကိစ္စမှာလည်း ပြဿနာဖြစ်တတ်ပါတယ်။ အိမ်ထောင်ရေးမှာ သောကများတတ်ပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)
မဟာဘုတ် (၃) ကြွင်းဖွားတွေဟာ မြေယာကိစ္စ၊ ဘဏ်ကိစ္စတွေမှာ ဆုံးရှုံးနစ်နာမှု ဖြစ်တတ်ပြီး လူငယ်တွေမှာ မိန်းမမှု ဖြစ်တတ်ပါတယ်။ အပျော်အပါးတွေ လျှော့သင့်ပါတယ်။ ပျော်ရာကနေ ပျက်သွားတတ်တာ ဒီနှစ်မျိုးပဲ ဖြစ်ပါတယ်။ လုပ်ငန်းချဲ့၊ စီးပွားချဲ့လိုသူတွေ သတိနဲ့ လုပ်ရပါမယ်။ ငွေကြေးကိစ္စ နစ်နာမှု ဖြစ်တတ်ပါတယ်။
မဟာဘုတ် (၄) ကြွင်းဖွားတွေက ဒီနှစ်ထဲမှာ ငွေရေးကြေးရေးကိစ္စနဲ့ အာရုံနောက်စရာ များလာတတ်ပါတယ်။ ငွေအနည်းငယ် ဆုံးရှုံးမှု ဖြစ်တတ်ပါတယ်။ မင်္ဂလာကိစ္စ၊ အလှူအတန်းကိစ္စမှာ စိတ်တိုင်းမကျ ဖြစ်တတ်သလို ယာဉ်ကားနဲ့ အမြဲထိတွေ့နေရသူတွေလည်း စိတ်ရှုပ်စရာ များတတ်ပါတယ်။ ကြီးကြီးမားမားတော့ ဘေးမရှိပါ။
မဟာဘုတ် (၅) ကြွင်းဖွားတွေက ဒီနှစ်အတွင်း ခရီးအသွားအလာကိစ္စတွေမှာ လိုရာမရောက်၊ ခရီးမပေါက်ဘဲ ဖြစ်တတ်ပါတယ်။ ဘေးဥပဒ် မရှိပေမယ့် ခရီးစဉ်ပျက်တာ၊ အကြံပျက်တာတွေ ဖြစ်တတ်ပါတယ်။ သူခိုးသူဝှက်အန္တရာယ် သတိပြုရပါမယ်။ ဖျော်ဖြေရေး၊ အနုပညာနဲ့ နီးစပ်လုပ်ကိုင်သူတွေ အင်မတန် စိတ်ရှုပ်ရတတ်ပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)
မဟာဘုတ် (၆) ကြွင်းဖွားတွေက မတော်တဆမှုလေးတွေ ဖြစ်လွယ်တတ်ပါတယ်။ စက်ပစ္စည်း၊ စက်ကိရိယာနဲ့ အသုံးအဆောင်တွေ မကြာခဏ ပျက်လိုက်ပြင်လိုက် ဖြစ်လာနိုင်ပါတယ်။ မဟုတ်တမ်းတရား စွပ်စွဲမှုတချို့ကိုပါ ရင်ဆိုင်ရတတ်ပါတယ်။ ဒါပေမဲ့ ဘယ်လိုပြဿနာမဆို ခဏတာ ယာယီသာဖြစ်ပြီး ဖြေရှင်းလို့ လွယ်ကူမယ်။
မဟာဘုတ် (ဝ) ကြွင်းဖွားတွေက အိမ်နားဝန်းကျင်မှာ မီးလန့်တတ်ပါတယ်။ ကိုယ့်အိမ်က လျှပ်စစ်ပစ္စည်းတွေမှာ ရှော့ခ် ဖြစ်တတ်ပါတယ်။ အပူလောင်တာနဲ့ အသေးစားထိခိုက်ဒဏ်ရာတွေ ရလွယ်တတ်ပါတယ်။ ဒါပေမဲ့ သိပ်အဆိုးဝါးကြီးမဟုတ်ဘဲ ပြီးသွားပါမယ်။ အဆိုးတွေ ကြုံပြီးရင် ငွေကြေးလာဘ်လာဘတွေ ဝင်လာတတ်ပါတယ်။
ဖော်ပြပါဟောကိန်းဟာ အဆိုးတွေချည်း ကွက်ပြောထားတာမဟုတ်ဘဲ တစ်နှစ်တာအတွင်း သတိထားသင့်တဲ့၊ ဆင်ခြင်ရမယ့်၊ ကြိုတင်ဂရုစိုက်ရမယ့်ကိစ္စရပ်တွေကို အလေးထား ဖော်ပြထားခြင်းသာ ဖြစ်ပါတယ်။ အားလုံးပဲ ပြဿနာ၊ အခက်အခဲတွေကို အလွယ်တကူ ရင်ဆိုင်ဖြေရှင်းနိုင်ကြပါစေ။ ဧက (ဗေဒင်သုတ)