နေ့သားအလိုက် အခါကောင်းရွေးချယ်နည်း

ဗေဒင်ပညာရပ်တွင် အခါမင်္ဂလာရွေးချယ်ခြင်း လုပ်ဆောင်နည်းများ များစွာ ရှိရာ၌ ယခု အလွယ်ကူဆုံး နည်းလမ်းတစ်ရပ်ကို ဖော်ပြပေးလိုပါသည်။ ယင်းမှာ အင်္ဂဝိဇ္ဇာနည်းအရ “ဇေယျံ” အောင်မြင်ခြင်း၊ “သုခံ” ချမ်းသာခြင်း၊ “လာဘံ” လာဘ်ပွင့်ခြင်း ဟူသော အခါရွေးနည်း ဖြစ်သည်။ အင်္ဂဝိဇ္ဇာအခါတိုင်များအရ မွေးနံ ရောက်ရှိရာ နေရာကို ရွေးယူခြင်း ဖြစ်သည်။ ယခု အခါရွေးပြီး နေ့သားအလိုက် တစ်သက်တာ အသင့် အသုံးပြုနိုင်သော ဇယားများကို အောက်ပါအတိုင်း ဖော်ပြပေးလိုက်ပါသည်။

တနင်္ဂနွေသားသမီးများအတွက် အချိန်အခါကောင်း ရွေးချယ်ရန်ဇယား

တနင်္လာသားသမီးများအတွက် အခါကောင်းရွေးချယ်ရန်ဇယား

အင်္ဂါသားသမီးများအတွက် အခါကောင်းရွေးချယ်ရန်ဇယား

ဗုဒ္ဓဟူးသားသမီးများအတွက် အခါကောင်းရွေးချယ်ရန်ဇယား

ကြာသပတေးသားသမီးများအတွက် အခါကောင်းရွေးချယ်ရန်ဇယား

သောကြာသားသမီးများအတွက် အခါကောင်းရွေးချယ်ရန်ဇယား

စနေသားသမီးများအတွက် အခါကောင်းရွေးချယ်ရန်ဇယား

ဤဇယားများ အသုံးပြုနည်းမှာ သက်ဆိုင်ရာ နေ့သားအလိုက် ဇယားကွက်တွင် တနင်္ဂနွေမှ စနေနေ့အထိ ဇေယျံ၊ သုခံ၊ လာဘံ ဟု ရေးသားထားသော အကွက်ငယ်များ၏ အပေါ်တည့်တည့်ရှိ အချိန်အလိုက်ကို အသုံးပြုရပါမည်။ ဥပမာ – တနင်္ဂနွေသားသမီးများ အတွက် အခါကောင်းဇယားကွက်တွင် တနင်္ဂနွေနေ့တည့်တည့် “ဇေယျံ” ၏ အထက်၌ “၉း၀၀ မှ ၁၀း၃၀” ဟု တွေ့ရမည်။ တနင်္ဂနွေနေ့ ၉း၀၀ နာရီမှ ၁၀း၃၀ နာရီခွဲအတွင်း တနင်္ဂနွေ သားသမီးတို့၏ ဇေယျံ – အောင်မြင်ခြင်းအခါ ဖြစ်ကြောင်း သိရမည်။ အလားတူပင် သုခံ၊ လာဘံတို့ကိုလည်း အလိုရှိသလို ဥာဏ်ရှိသလို အသုံးပြုနိုင်ပါသည်။

အကြံအစည် (သို့) လုပ်ဆောင်မှုများ အောင်မြင်လိုပါက “ဇေယျံ” အခါကို ရွေးပါ။ ကိုယ်စိတ်နှစ်ပါး ချမ်းသာလိုခြင်း၊ ဓနဥစ္စာ တိုးပွားလိုခြင်းတို့အတွက် “သုခံ” အခါကို ရွေးပါ။ လာဘ်လာဘများ ပွင့်လန်းလိုပါက “လာဘံ”အခါကို ရွေးချယ် အသုံးပြုရပါမည်။

မူရင်းရေးသူ – ဆရာရန်အောင်ဟိန်း (နက္ခတ္တရောင်ခြည်၊ သူရဇ္ဇ၊ ဂမ္ဘီရမဂ္ဂဇင်းများ၏ ပင်တိုင်စာရေးဆရာ ဗေဒင်ပညာရှင်)

 

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)