အဌဂဠုန်စက်နှင့် မြန်မာနှစ် ၁၃၈၃

လက်ရှိမြန်မာနှစ် ၁၃၈၃ ခုနှစ်အတွင်း မြန်မာနိုင်ငံရဲ့ အနေအထားကို အဌဂဠုန်စက်နဲ့ တွက်ချက်ပြီး ဖော်ပြလိုက်ပါတယ်။ ပညာခန်း တွက်ချက်မှုတွေကိုလည်း တပါတည်း ဖော်ပြထားပြီး ဟောကိန်းကို သီးသန့် ဖတ်လိုသူများကတော့ ဆောင်းပါးအဆုံးမှာ ကြည့်ရှုနိုင်ပါတယ်။

(၁)ထာဝရကိန်း နှင့် ထာဝရနက္ခတ်တွက်စစ်ခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကို ပိဋကတ်သင်္ချာကိန်းအရ ကောက်ယူပြီးပေါင်းယူသော် ၆၃ ရသည်။ ၆၃ ကို ထာဝရကိန်းဖွဲ့သော် ၄၃ ရသည်။ ၄င်း ထာဝရကိန်း ၄၃ ကို ထာဝရနက္ခတ်ဖွဲ့သော် ၁၈လုံး ၀ပါဒ် ၁၀ ဃဋီဖြစ်ပြီး ၄င်းသည် အဌဂဠုန်စက်တွင် ၂င်္လာအိမ် ၆ကြာခွင် (အထွက်) ဇေယျ ဘုဇ လက်ရုံး ဖြစ်၏။ သောမအိမ် သောမခွင်ဖြစ်သောကြောင့် ပုင်္ဂ၀ပူရ (ကျား) ဖြစ်သည်။

(၂)ဇင်္ဂမကိန်းနှင့်ဇင်္ဂမနက္ခတ် တွက်စစ်ခြင်း

၁၃၈၃ ကို ဇင်္ဂမကိန်းဖွဲ့ယူသော်  ၄၅ ရမည်။ ၄င်း ၄၅ ကို ဇင်္ဂမနက္ခတ်ဖွဲ့သော် ၁၉လုံး ၀ပါဒ် ၀၀ဃဋီ ဖြစ်ပြီး အဌဂဠုန်စက်တွင် တနင်္လာအိမ် အင်္ဂါခွင် (အထွက်) ဒုဗ္ဘိခ အဌိ အရိုး ဖြစ်ပါသည်။ သောမအိမ် ပါပခွင်ဖြစ်၍ နပုံသကပူရ (နပုံး) ဖြစ်သည်။

(၃)ယုဂ်နက္ခတ်တွက်စစ်ခြင်း

အထက်ပါ ထာဝရနက္ခတ် ၁၈လုံး ၀ပါဒ် ၁၀ ဃဋီနှင့် ဇင်္ဂမနက္ခတ် ၁၉လုံး ၀ပါဒ် ၀၀ဃဋီ ကိုပေါင်းလျှင် ယုဂ်နက္ခတ် ၁၀ လုံး ၀ပါဒ် ၁၀ဂဋီရမည်။ ၄င်းသည် အဌဂဠုန်စက်တွင် အင်္ဂါ အိမ် ရာဟုခွင် (အထွက်)ဓဇော ဂဗ္ဘ ဝမ်း ​ဖြစ်သည်။ ပါပအိမ်ပါမခွင်(ဣတ္ထိပူရ) ဖြစ်၍ ဖြစ်သည်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

(၄)ကပ်နက္ခတ်တွက်စစ်ခြင်း

အထက်ပါ ယုဂ်နက္ခတ် ၁၀ လုံး ၀ပါဒ် ၁၀ဂဋီတွင် ထာဝရနက္ခတ် ၁၈လုံး ၀ပါဒ် ၁၀ ဃဋီပြန်ပေါင်းသော် ကပ်နက္ခတ် ၁-လုံး ၀-ပါဒ်၂၀ဃဋီ ရ၏။ ၄င်းသည် အဌဂဠုန်စက်တွင် ၁နွေအိမ် ခွင်၎ဟူး (အဝင်)ကလိဝပူရ (ရောနှော)ဇေယျ မံသ အသား ဖြစ်သည်။

(၅)ကင်းဖမ်းခြင်း

တွက်လိုသော ၁၃၈၃ကို ကင်းဖမ်းရာတွင် ကောလီတွင် ဓာတ်ဆန်းပါမည်။ တွက်ရသော နှုတ်ကြွင်း ၈ တွင် ၁တိုးသော် နှစ်၉ ရပါမည်။ ကောလီဓာတ်ဆန်းလျှင်  ၂၊ ၄၊ ၇၊ ၉၊ ၁၃၊ ၁၆၊ ၁၈၊ ၂၁၊ ၂၃ နှစ်တို့၌ ကပ်သင့်သည်ဟုဆိုရာ ၉ နှစ်(၁၃၈၃)သည် ကပ်သင့်သောနှစ်တစ်ခုဖြစ်ပါသည်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ထို့ကြောင့်  ၁၃၈၃-ခုနှစ်တွင် ဇင်္ဂမနက္ခတ်သည် သောမအိမ် တွင် ဒုဗ္ဘိခ ဖြစ်၍ “ပြည်ထောင်စုသမ္မတ္တ​မြန်မာနိုင်ငံ​​တော်” သည် သောမအိမ် ဖြစ်ရကား ထာဝရကိန်းသောမ ဇင်္ဂမကိန်း ပါပ ဒုဗ္ဘိခ သင့်လျှင် -ငတ်မွတ်ရှားပါးအံ့။ တိုင်းသူပြည်သား အချင်းချင်း ရန်ဖြစ်ကြ၍ စစ်ထိုးကြအံ့ ဟု အဌဂဠုန်ကျမ်းတွင် ဆိုသည်။ သို့သော် ဇင်္ဂမနက္ခတ်သည် တစ်ကမ္ဘာလုံးသဘော သက်ရောက်ခြင်းများ ရှိတတ်ပေရာ ကမ္ဘာအဝန်းမှာပါ သတိပြုရမည်ဖြစ်ပေသည်။

ယုဂ်နက္ခတ်သည်ပါပအိမ်တွင် ဓဇောသင့်လျှင် –မြို့ရွာပူပင်အံ့၊ အချင်းချင်း ရန်များအံ့ ဟု အဌဂဠုန်ကျမ်းတွင် ဆိုထားသည်။ ကပ်နက္ခတ်သည် ပါပအိမ်တွင် ဇေယျောသင့်လျှင်.. ဘေးမရှိ ရန်မရှိ ရန်မျိုးမှန်သမျှအောင်မည် ဟုဆိုထားသည်။

အထက်ပါ ၃-ခုတွင် ဝိသေသဖြစ်သော ယုဂ်နက္ခတ် မကောင်းသော်လည်း ဝိသေသဖြစ်သော ကပ်နက္ခတ် သင့်မြတ်ကောင်းမွန်နေခြင်းကြောင့် အဆိုးထဲမှအကောင်း ကံတရားများ ဖန်တီးပေါ်ပေါက်လာမည် ဟုသာ ယူဆသုံးသပ်ရပေမည်။

ဤတွင် နတ်စက်ရောင်ဆရာတော်ကြီး တီထွင်အသုံးပြုခဲ့သော အဌဂဠုန်စက်ဖြင့် မြန်မာ့နှစ်သစ် အလားအလာကို ပညာရှုထောင့်မှ အမြင်သီးသန့်ဖြင့်သာ ဖော်ပြပေးလိုက်ပါသည်။ မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်း ကပ်ရောဂါဘေးလွတ်ကင်းပြီး ကိုယ်စိတ်နှစ်ပါး ချမ်းမြေ့ပါစေ

အာစရိယဂုဏံအဟံဝန္ဒာမိ – ဆရာလင်းဝေအောင် (ဆန်းကျမ်းနှင့်နက္ခတ်ဗေဒင်ပညာရှင်)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)