အထူးတဆန်း အပူးဂဏန်း

အထူးတဆန်း အပူးဂဏန်း ဆိုတဲ့ ခေါင်းစဉ်ကို ကြည့်ပြီးတော့ ဗေဒင်သုတကနေ ချဲထီ၊ နှစ်လုံး သုံးလုံး ဂဏန်းတွေ ပေးတော့မယ် လို့တော့ မထင်လိုက်ပါနဲ့ဗျာ။ ဗေဒင်သုတက ဒါမျိုးတွေကို အားမပေးပါဘူး။ ဆိုလိုတာက ကိုယ့်ဆီ ဝင်လာတဲ့ ဖုန်းနံပါတ် ဒါမှမဟုတ် ကိစ္စ ရှိလို့ သွားရင်းလာရင်း မြင်တဲ့ ကားနံပါတ်၊ အိမ်နံပါတ် အစရှိတဲ့ မကြာခဏ တိုက်တိုက်ဆိုင်ဆိုင် မြင်ရတဲ့ အပူးဂဏန်းတွေကို ဘယ်လို နိမိတ်ကောက်မလဲ ဆိုတာ ပြောချင်တာပါ။

အပူးဂဏန်းတွေရဲ့ နိမိတ်ဟောကိန်းတွေက မြန်မာ့နည်းမြန်မာ့ဟန်ပညာ မဟုတ်ဘဲ အနောက်တိုင်းသားတွေရဲ့ ဂမ္ဘီရပညာအပေါ် အခြေခံထားပါတယ်။ မြန်မာမှာလည်း ဂဏန်းတွဲတွေ မြင်ရင် ဂြိုဟ်ပရိယာယ်အလိုက် နိမိတ် ကောက်ယူ ဟောပြောတာတွေ ရှိပါတယ်။ ဒါပေမယ့် ဒီနေရာမှာတော့ လူတိုင်း အလွယ်မှတ်သားနိုင်လောက်တဲ့ အနောက်တိုင်းစနစ်ကိုပဲ ပြောပြချင်ပါတယ်။

အပူးဂဏန်းတွေထဲမှာ အကောင်းဆုံး နိမိတ်လို့ သတ်မှတ်တဲ့ (Lucky Seven) ၇ ဂဏန်းတွေ အတွဲလိုက်ကြီးကို မကြာခဏ မြင်ရမယ်၊ သွားလာရင်း ကြုံရကြားရတယ်ဆိုရင် ကံကောင်းပြီ လို့သာ အောင့်မေ့လိုက်ပါ။ အားလုံးအိုကေသမှ စိုပြေလို့ လာတော့မယ်သာ ယုံကြည်ထားပါ။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ဒုတိယ ကံကောင်းစေတဲ့ ဂဏန်းက ၄ (Four) ပါ။ ဓာတ်ကြီးလေးပါးကို ကိုယ်စားပြုတဲ့ ဒီ ၄ ဂဏန်းအပူးတွဲကို မကြာ မကြာ မြင်ရ၊ ကြားရတယ် ဆိုရင် ဘေးကင်းရန်ကင်းမယ်၊ မမြင်ရတဲ့ လောကသားတွေက ကူညီမစမယ်၊ မထင်မှတ်ဘဲ ငွေဝင်လာဘ်ရွှင်တာမျိုးတွေ ကြုံရတတ်ပါတယ်။

ကံကောင်းစေတဲ့ ဂဏန်းအပူးတွေထဲမှာ ၁ (One) လည်းပါ ပါတယ်။ ၁ ဂဏန်းအပူးတွေကို မကြာခဏ တွေ့မြင် ကြားသိရရင် လမ်းသစ်တစ်ခု စတင်မယ့် နိမိတ်ပါပဲ။ ကိုယ့်ရဲ့ စိတ်ကူးအိပ်မက်တွေကို လက်တွေ့ ဒိဌမျက်မြင် အကောင်အထည် ဖော်နိုင်၊ စတင်နိုင်တော့မယ်လို့ ဆိုလိုပါတယ်။  (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

၂ (Two) အတွဲဂဏန်းတွေကို မကြာခဏ မြင်နေရတယ်ဆိုရင် ကိုယ့်စိတ်ကူးထားတာတွေကို လက်တွေ့ကျကျနဲ့ အကောင်အထည် ဖော်နိုင်တော့မယ့် နိမိတ်ပါပဲ။ စိတ်ထဲ ရှိတာ၊ ကြံစည်ထားတာတွေကို ရုပ်လုံးပေါ်အောင် ကြိုးစား အောင်မြင်တော့မယ်လို့ ဆိုပါတယ်။ ၁၁ ပူးဂဏန်းနဲ့ ဆင်ပေမယ့် ၂၂ အတွဲက ပိုပြီး လက်တွေ့ကျ၊ ဆုံးဖြတ်ချက် ပြတ်သားပြီး ပန်းတိုင်ကို အရောက်လှမ်းမယ့် သဘော ရှိပါတယ်။

၃ (Three) အပူးတွေချည်း မြင်ရမယ်ဆိုရင် ဒါက မေတ္တာတရားကို ရည်ညွှန်းပါတယ်။ ဖြစ်နေသမျှ ကြုံနေသမျှ ကိစ္စတိုင်းမှာ မေတ္တာရှေ့ထား ဆက်ဆံ လုပ်ကိုင်မယ်ဆိုရင် အောင်မြင်မယ်လို့ ဆိုလိုပါတယ်။ သည်းခံ နားလည် စိတ်ရှည်ပေးဖို့ တိုက်တွန်းတဲ့ ဂဏန်းတွဲ ဖြစ်ပါတယ်။(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

၅ (Five) ဂဏန်းပူးတွေကို မြင်ရရင်တော့ ဒါဟာ Time to Change ကို ရည်ညွှန်းပါတယ်။ လမ်းရိုးဟောင်းတိုင်း ဆက်သွားလို့ မရတော့ဘဲ လမ်းသစ် ထွင်ရမယ်၊ အပြောင်းအလဲတွေ လုပ်ဖို့ လိုနေပြီလို့ နိမိတ်ဖတ်ပါတယ်။ ၆ (Six) ဂဏန်းပူးတွေကတော့ သိပ်မထူးခြားလှပါဘူး။

နိမိတ်ဆိုးအနေနဲ့ သတိထားရမှာက  ဂဏန်းဗေဒင် လိုက်စားသူတွေ ကြောက်ရတဲ့ ၈ (Eight) ဂဏန်းတွဲတွေပါ။ ဒီဂဏန်းတွဲကို ခဏခဏ မြင်ရတယ်ဆိုရင် အရာရာကို သတိထားရတော့မှာ အသေချာပါပဲ။ အဲဒီလိုပဲ ၉ ဂဏန်း (Nine) တွေ အတွဲလိုက်ကို တွေ့နေရပြီဆိုရင် လက်ရှိအနေအထားကနေ လုံးဝ အသစ် ပြောင်းလဲရတော့မယ့် ကံအကြောင်းတရား ပေါ်လာပြီလို့ နိမိတ်ကောက်ရမှာ ဖြစ်ပါတယ်။(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

 ၉ (Nine) ဂဏန်းပူးတွေက ကိုယ့်ဆန္ဒ ရည်မှန်းချက်တွေ ပြည့်ဝတော့မယ့် သင်္ကေတပါပဲ။ ရည်ရွယ်ချက်တွေ ပြည့်မြောက်လာတာနဲ့ အတူ တပါးသူတွေအတွက် ဖြည့်ဆည်းကူညီပေးဖို့ကိုလည်း ရည်ညွန်းပါတယ်။ အားလုံးပဲ ကံထူးကံကောင်းမယ့် ဂဏန်းတွဲတွေကို မြင်နိုင်သိနိုင် နိမိတ်ယူနိုင်ကြပါစေ – ဧက (ဗေဒင်သုတ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)