အမည် အရင်း၊ အဖျား၊ အလယ်စာလုံးတွေအကြောင်း

အမည်တစ်ခုမှာ အစစာလုံး ( အရင်းစာလုံး) သည် မြားတံတစ်ခုရဲ့ မြားရွက်နဲ့ အလားသဏ္ဍာန် တူပါတယ်။ အမည်ရဲ့ အဆုံးစာလုံးသည် (အဖျားစာလုံးသည်) ထိုမြားတံရဲ့ မြားဦးနဲ့ အလားသဏ္ဍာန် တူပါတယ်။ မြားတံတစ်ခုမှာ မြားရွက်နဲ့ မြားဦးတို့ မှန်ကန်ကောင်းမွန်ခဲ့ရင် မြားတံတစ်ခုလုံး ရွေ့လျားနိုင်ပြီး လိုရာ ပန်းတိုင် ပစ်မှတ်ကို စိုက်ဝင်နိုင်ပါတယ်။

ထို့အတူပါပဲ..အမည်အရင်းစာလုံး နဲ့ အမည်အဖျားစာလုံး တို့ မှန်ကန်ကောင်းမွန်ခဲ့ရင် အလယ်စာလုံးကလည်း သဘောတူ လိုက်ပါရစမြဲ ဖြစ်ပါတယ်။ အမည်တစ်ခုရဲ့ အရင်းစာလုံးသည် သစ်ပင်တစ်ပင်ရဲ့ အမြစ်တွေနဲ့လည်း အလားတူပါတယ်။ အမည်တစ်ခုရဲ့ အဖျားစာလုံးကတော့ သစ်ပင်ရဲ့ အညွန့်လေးတွေနဲ့ တူညီပါတယ်။  (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

သစ်ပင်တစ်ပင်မှာ အမြစ်နဲ့ အညွန့် မှန်ကန်ညီညွတ်ခဲ့ရင် အလယ်သား ပင်စည်သည် ရှင်သန်ကြီးထွား မြင့်တက်လာနိုင်သည့် နည်းတူပင်…အမည်တစ်ခုမှာ အရင်းစာလုံး နဲ့ အဖျားစာလုံးတို့ မှန်ကန်ညီညွတ် ကောင်းမွန်ခဲ့ရင် .အမည်ရဲ့ အလယ်စာလုံးများကလည်း သဘောတူညီ လိုက်ပါရစမြဲ ဖြစ်ပါတယ်။

ဒီလိုဆိုခြင်းကြောင့် အလယ်စာလုံးတွေကို အရေးမပါဘူးလို့လည်း မမှတ်ယူအပ်ပါ။ ရှေ့ဆုံးစာလုံးနှင့် နောက်ဆုံးစာလုံး တို့ ကြားမှာ နေရာယူထားသော အလယ်စာလုံးများသည် ၄င်း ရှေ့နောက် စာလုံးများနဲ့ ဆန့်ကျင်မှုမပြုသော ပညတ်အမျိုးအစားတွေ ဖြစ်သင့်ပါတယ်။  (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ဥပမာအားဖြင့် မမြင့်သက်ဝေ …ဆိုပါစို့…ရှေ့စာလုံးသည် မြင့်…အမြင့်ပညတ်ဖြစ်ပြီး အလယ်စာလုံးသည် သက်…(နိမ့်ဆင်းခြင်း) အဆင်းပညတ် မျိုး ဖြစ်နေခဲ့တာမျိုး မဖြစ်သင့်ပါ။  မဖွေးနုခိုင် .. အလယ်စာလုံး နုသည်… နောက်ဆုံးစာလုံး ခိုင် (ခိုင်ကျည်ခြင်း) နှင့် ဆန့်ကျင်ဘက်ပညတ် အမျိုးအစား မဖြစ်သင့်ပါ။ ဖြစ်တော့ ဘာဖြစ်လဲကွာ…..ဆိုပြီး ဘုဘောက်မေးလို့လည်း ရပါတယ်။

ကျွန်တော် လေ့လာလာခဲ့သည့် မတော်တဆမှု မှတ်တမ်းများစွာမှာ အထက်ပါ ကဲ့သို့သော…ပညတ်သဘာဝချင်း ဆန့်ကျင့်မှု များပြားသော အမည်ရှင်တွေသည် မတော်တဆမှုတွေမှာ မကြာခဏဆိုသလို တွေ့ရပါတယ်။  (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

အမည်တစ်ခုသည် အနက်သဘာဝ သင့်တင့်ခြင်း၊ ပညတ်အချင်းချင်း ပဋိပက္ခသဘော မဆောင်ဘဲ ပြေပြစ်ခြင်း ရှိမှလည်း အကျိုးပေးရာမှာ ထက်သန်ဖြောင့်ဖြူးစေပါတယ်။ အမည် အရင်း ၊ အဖျား နှစ်ခုကိုတော့ ဘာပဲဖြစ်ဖြစ် ပိုမို အဓိကထားပြီး ကြည့်ရှုမှည့်ခေါ်ရပါမယ်။

ရင်သွေးမိဘများ…..ဖတ်မှတ်သုတ ရရှိကြပါစေ – ဆရာစိုးမိုးထွန်း (ခေါ်) ဆရာဝေသာလီမောင်ဖုန်း

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)