ရှင်သန်ခိုင်မာ အမြစ်အညွှန့်ယတြာ

မြန်မာ့အင်္ဂဝိဇ္ဇာပညာရပ်ကြီးတွင် သစ်စိမ့် ပန်းယ နှင့် အမြစ်အညွန့် ဟူသော နဝင်း(၃) တွဲရှိ၏။ ဤသုံးတွဲကို သက်ဆိုင်ရာ အကြောင်းကိစ္စအလိုက် သူ့နေရာနှင့်သူ သုံးစွဲသမှု ပြုရပါသည်။ ၄င်းသုံးမျိုးထဲတွင် အမြစ်အညွန့် နဝင်းတွဲသည် အင်အားကြီးမားသော အစိတ်အပိုင်းကြီး တစ်ခုတွင် ပါဝင်ပြီး ကြီးမားသော အပူသောက ကြုံနေကြရသူများ၊ စီးပွားလုပ်ငန်း ထွက်ပေါက် ပိတ်နေသူများ၊ အိမ်ထောင်ရေး အိမ်တွင်းရေး ပြဿနာ ကြုံတွေ့နေရသူများ၊ ဘေးကြပ်နံကြပ် ခက်ခဲနေမှုများအတွက် လွန်စွာ အားကိုး ထိုက်သော အစီအရင်ကြီး ဖြစ်ပါသည်။

လုပ်ဆောင်ရမည့် အချိန်မှာ မိမိတို့၏ မွေးနေ့မနက် သို့မဟုတ် ည ၆း၀၀ မှ ၇း၃၀ အတွင်းဖြစ်စေ ၊ ၉း၀၀ မှ ၁၀း၃၀ အတွင်းဖြစ်စေ လုပ်ဆောင်ရပါမည်။ နေ့သားအလိုက် ခင်းရမည့် နင်းကြမ်းအရွက်အခက်၊ ဘုရားလှူရမည့် ဆောင်ပန်းအညွန့်များကို အောက်ပါ ဇယားနှင့်တကွ ဖော်ပြပေးလိုက်ပါသည်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

နေ့သားအလိုက် နင်းရမည့်အရွက်အခက်ကို ဘုရားစဉ်ရှေ့တွင် ခင်းပြီး အပေါ်မှ စောင်၊ အခင်း တစ်ခုခု ခင်းပြီး ထိုင်ပါ။ ဆောင်ပန်းအရွက်အခက်ကို ပန်းအိုးတစ်ခုဖြင့် ရေခံထိုးပြီး ဘုရားတွင်လှူဒါန်းရမည်။ ပြီးလျှင် ဘုရားရှိခိုးခြင်း သီလခံယူခြင်း မေတ္တာ ပို့သခြင်း များပြုပြီး လိုအပ်သောဆု ကြုံတွေ့နေရသော အခက်အခဲများ ပပျောက်စေရန် ဆုတောင်း ဆန္ဒပြုပါ။ ကောင်းသော အကျိုးများ ခံစားရမည်။

ပြီးလျှင် နင်းထားသောနင်းကြမ်းများကို နေ့သားအလိုက် ဘုမ္မိအရပ်သို့ စွန့်ပစ်ရမည်။ ဘုရား တင်လှူထားသော ဆောင်ပန်းများကို (၃) ည သိပ်ထား၍ နောက်နေ့တွင် နေ့သားအလိုက် သီရိအရပ်သို့ စွန့်ပစ်ရမည်။ နေ့သားအလိုက် ဘုမ္မိအရပ်နှင့် သီရိအရပ်များမှာ အောက်ပါအတိုင်း ဖြစ်သည်။(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ဥပမာ…ဗုဒ္ဓဟူးနေ့ဖွားတစ်ဦးဟာ ဗုဒ္ဓဟူးနေ့ မနက်(သို့) ည မနက်၆နာရီမှ ၇နာရီခွဲအတွင်း၊ မနက် ၉နာရီမှ ၁၀ခွဲအတွင်း နင်းကြမ်း ဇီး ၈ ခက်ကို ဘုရားစင်ရှေ့ ခင်းပါ။ အပေါ်မှ အခင်းတစ်ခု ခင်းပါ။ ဆောင်ပန်း မေမြို့ ၁၉ပွင့်ကို ပန်းအိုးတစ်လုံးရေခံပြီးထိုးကာ ဘုရားလှူပါ။ ဘုရားဝတ်ပြု မေတ္တာပို့ သီလယူပြီး လိုသော ဆုကို တောင်းပါ။

ပြီးလျှင် နင်းကြမ်းအရွက်အခက်များကို စွန့်သောအခါ လက်အိတ်ဖြင့် ဖြစ်စေ ၊ ညှပ်တစ်ခုခုနှင့် ဖြစ်စေ (မိမိအသားနှင့်မထိစေရန်) ယူဆောင်ပြီး ဘုမ္မိအရပ်ဖြစ်သော အနောက်မြောက် အရပ်သို့ စွန့်ပစ်ပါ။ နင်းကြမ်းကို စွန့်သည့်အခါ ညှပ်နဲ့ဖြစ်စေ လက်အိတ်နှင့်ဖြစ်စေ ကိုင်၍ စွန့်ပစ်ရန် သတိရှိရပါမယ်။ ဆောင်ပန်းမေမြို့ ၁၉ပွင့်ကို ၃ ည သိပ်ပြီး စနေနေ့မနက်တွင် သီရိအရပ်ဖြစ်သော အရှေ့တောင်အရပ်သို့ သွားရောက် စွန့်ပစ်ရပါမည်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ဤသို့ နေ့သားအလိုက် စနစ်တကျဆောင်ရွက်ခြင်းဖြင့် ခက်ခဲနေသော ပြသနာကြီးများ ပြေလည်သွားမည်။ ငွေရေးကြေးရေးနှင့် စီးပွားအလုပ်အကိုင်များ ဖြစ်ထွန်းအောင်မြင်ခြင်း၊ လိုအပ်သော ဆုတောင်းများ ပြည့်ဝလာခြင်းတို့ ရှိပါမည်။ ဆရာသမားတို့ထံမှ နှစ်များစွာ လက်တွေ့သုတေသန အောင်မြင်ခဲ့သော အမြစ်အညွန့် နှင့်ရှင်သန်ခြင်းကို ဗေဒင်သုတ ပရိတ်သတ်များ အတွက် အထူးလက်ဆောင်ပေးလိုက်ရပါသည်။ လက်တွေ့ဆောင်ရွက် အကျိုး ဖြစ်ထွန်းကြပါစေသတည်း။

ကိုယ်စိတ်၂ပါးချမ်းမြေ့သာယာရှိကြပါစေ – ဆရာလင်းဝေအောင် (မြန်မာ့ဆန်းကျမ်းဗေဒင်နှင့် ကေပီနက္ခတ်ပညာရှင်)

 

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)