အလုပ်မရပ်၊ စီးပွားမပျက်စေမယ့် အကာအကွယ်များ

စီးပွားပျက်ကိန်း၊ ဘဝပျက်ကိန်းတွေကို ကျော်လွှားစေနိုင်တဲ့ ၊ လုပ်ငန်းဆုံးရှုံးမှုဒဏ်တွေကို အကာအကွယ် ဖြစ်စေနိုင်တဲ့ နည်းလမ်း တစ်ခု ရေးပေးပါ့မယ်။ ဘာအလုပ်ပဲ လုပ်လုပ်ပါ။ ဖတ်ကြည့်ပြီး လုပ်နိုင်ကျင့်နိုင်ရင်… တကယ်အကျိုးရှိနိုင်ပါတယ်။

မောင်ဖုန်း နေ့စဉ် ဗေဒင်ဟောနေတော့ ပရိသတ်ကတော့ ထင်မယ်…ဒီဆရာ တော်တော်လောဘကြီး ၊ အလုပ်တယ်ဖြစ်နေ စသည်ဖြင့်ပေါ့။ မောင်ဖုန်း နေ့စဉ်မှာ…အလုပ်ထဲမှာ ..ကုသိုလ်လည်း ပြုပါသဗျာ။ ဘယ်လိုပြုသတုန်း။

(၁) ဒုက္ခ ရောက်နေသူကို ကူညီပါသဗျာ။

ဟိုတစ်ဖက်က တစ်ကယ် ဒုက္ခရောက်နေပြီး သူ့သောကနဲ့ သူ့ပရိဒေဝလောင်မြိုက်နေသူက …ဆရာ ဥာဏ်ပူဇော်ခ ဘယ်လိုလွှဲပေးရမလဲ ဆိုတာမျိုးကို အရေးစိုက်မနေဘဲ၊ ကိုယ်တတ်နိုင်တဲ့ …ထိုက်သင့်သော အကြံပေးမှု တွက်စစ်ပေးမှု အားစိုက်ပေးတာပါ။ လူတိုင်းကို မကူညီနိုင်ပေမယ့် ..နေ့စဉ် …တစ်ယောက်မဟုတ် တစ်ယောက်တော့ …(တစ်ကယ်ဒုက္ခရောက်နေသူမှန်ရင် ) အခကြေးငွေ မယူဘဲ ကူညီပေးခြင်း ပြုရပါတယ်။ (သေချာမှတ်ပါ။ နေ့စဉ် …ကိုယ်ကျိုးမဲ့ ကူညီခြင်း ပြုမှု ရှိရပါတယ်။ )

(၂) ခံစားထိုက်သော ရလာဒ်ကို ကုသိုလ်ပြုခြင်း ရှိရပါတယ်။

ဥပမာ …ငါ ယခုမှ အစပြုပြီး ဘယ်နှစ်နာရီ သို့မဟုတ် ဘယ်အချိန်အထိ ကာလအတွင်း ရသမျှ ၀င်သမျှ လာဘ်တို့ကို ငါ့အကျိုးစီးပွားအတွက် မသုံး..၊ ဥပမာ…သံဃာတော်အရှင်သူမြတ်တို့၏ အကျိုးစီးပွား အလို့ငှာ သုံးမယ် စသည်ဖြင့် ပိုင်းဖြတ်မှု …ကုသိုလ်ရှိရပါတယ်။ ဒါမှမဟုတ် …ယနေ့ဖြင့် ..ပထမဆုံး ရသည့်လာဘ်ဦးကို ငါတော့ဖြင့် လှုမယ် စသည်ဖြင့် မိမိကိုယ်တိုင် ပိုင်းဖြတ် သဒ္ဓါ တည်ရပါတယ်။ မှတ်ထားပါသေချာ။

စီးပွားပျက်ကိန်း ….ကျကိန်း ….ဘ၀ပျက်ကိန်းတွေကို တစ်ကယ်ကျော်လွှားသက်သာနိုင်တဲ့ ….ဟောဒါ ခင်ဗျားတို့တွေ လိုချင်နေတဲ့ ….ယတြာကောင်းတွေပါ။ နတ်လူ သာဓုလည်းခေါ်ကြပါလိမ့်မယ်။

အခု မောင်ဖုန်းအကောင့် ၊ မောင်ဖုန်း မိတ်ဆွေစာရင်းမှာ ပါတဲ့ …မေးဖူးကြုံဖူးသော ပုဂ္ဂိုလ်အချို့လည်း ရိပ်မိကြပါလိမ့်မယ်။ ကျွန်တော် ဒီပညာရပ်နဲ့ အလကားနေရင်း အောင်မြင်ခြင်းမဟုတ်ပါ။ ကျွန်တော့်မှာ ပြတ်သားသော သဒ္ဓါ ..နဲ့ ထက်မြက်သော ပညာဒါန ရှိပါကြောင်း။

ကျွန်တော်ဆုံးဖြတ်ပြီးပြီ ဆိုရင် တစ်ဖက်ပုဂ္ဂိုလ်က …သိန်းချီပြီး ဥာဏ်ပူဇော်ခ ပေးနေတောင်…..( ကျွန်တော် ချမ်းသာကြွယ်ဝနေပြီ မဟုတ်သေးပါ။ မိသားစုများတာကြောင့် အမြဲငွေကတော့ ပိုသည်လျံသည် သိပ် မရှိလှသေးပါ။ သို့သော်..) သံဃာတော်တို့ကို ဘာလှူပေးပါခင်ဗျာ ဆိုပြီး..ပညာဒါနအဖြစ်  ပြောင်းလဲပစ်တတ်သူပါ။ လက်တွေ့ကြုံဖူးသူတွေ  မှတ်မိရိပ်မိကြ …သိကြပါလိမ့်မယ်။

ဆိုတော့….တစ်ခါတစ်ရံမှာ…ကျွန်တော့်မှာ ပရစေတနာ …အလွန်အားကောင်းစွာ ရှိပါတယ်။ ပီတိတစ်စိမ့်စိမ့် တက်စရာပါ။ သြော် ငါ့ပညာအားဖြင့် …သံဃာတော်တို့ဖြင့် …ပစ္စည်းလေးပါး အထောက်အပံ့ ပြုနိုင်ခဲ့ပြီ စသည်ဖြင်ပေါ့့။

မှတ်မှတ်သားသား တစ်ခါကလည်း ..၂၀၀၇ လောက်ကပေါ့ .. လှည်းတန်းမှာနေစဉ် ဒုက္ခအလွန်ကြီးစွာ ရောက်နေစဉ်မှာ….တစ်ပြားမှ အိပ်ကပ်ထဲ မရှိစဉ်မှာတောင်..၊ ဝမ်းတွင်းက အစ်ကိုဝင်းမောင်က ….သူ့ကို ဗေဒင်ဟောပေးတွက်ပေး ဟောစာတမ်းရေးပေးတဲ့အတွက် …ကျွန်တော့်ကို ဥာဏ်ပူဇော်ခအဖြစ် လေးသောင်းလား ငါးသောင်းလား ပေးပါတယ်။ သူကတော့ ကိုယ့်ညီအရွယ်လေး ဒုက္ခလည်း ဖြစ်နေလို့ နှစ်နှစ်လိုလို ပေးတာပါ။

ဒါပေမယ့် အဲဒီ့အချိန်မှာ…အစ်ကိုဝင်းမောင်က …ဗုဒ္ဓဂါယာမှာ ဘုန်းတော်ကြီးကျောင်းဆောက်ဖို့အတွက် မြေကွက်အတွက် အလှုခံဖြတ်ပိုင်းလေးတွေနဲ့ အလှူလိုက်ခံပေးနေတာတွေ့ရတော့… တစ်ပြားမကျန် ..ကျွန်တော်ရတဲ့ ဥာဏ်ပူဇော်ခကို ပြန်လှူပစ်ခဲ့လိုက်ပါတယ်။ ရှင်းရှင်းပြောရရင် အဲဒီ့တုန်းက အစ်ကိုပေးတဲ့ လေးငါးသောင်းဟာ အိပ်ကပ်ဟောင်းလောင်းနဲ့ ကျွန်တော့်အတွက် တော်တော် မက်စရာပါ။

အစ်ကိုကတော့ ကျွန်တော့်ကို အံ့အားသင့်နေခဲ့ဖူးပါတယ်။ တကယ်ကတော့ …မရှိလို့ မလှူ… မလှုလို့မရှိ.. (အဲဒီ့တုန်းက တစ်ကယ်လည်း လှည်းတန်းမှာ ကျွန်တော် နေရေးထိုင်ရေး အတွက် ဒုက္ခဆင်းရဲ ကြီးနေချိန်ပါ။ )

ဆိုတော့ ….လုပ်နိုင်တဲ့အလှုကို…..ပြတ်သားစွာလုပ်လိုက်ပါ။ မိတ်ဆွေတို့လည်း ….လုပ်ကြည့်ပါ။ တော်ရုံ ..စီးပွားပျက်ဘေး.. ..ဘ၀ပျက်ကံလောက်ကိုတော့ မိတ်ဆွေတို့ရဲ့ နေ့စဉ် ကြပ်မတ် သော ကုသိုလ်အဟုန်ဟာ တွန်းလှန်ပစ်နိုင်ပါကြောင်း။

ယနေ့…ဤဆောင်းပါးတိုလေးဖြင့်ကုသိုလ်ပြု လမ်းစပေးပါ၏ နတ်လူ သာဓု…ခေါ်ပါစေသတည်း..။ မောင်ဖုန်း ပြုခဲ့မိသမျှသော …ကုသိုလ်အမှုတို့ကို လည်းစာဖတ်ပရိသတ်နှင့်တစ်ကွ ဝေနေယျတို့ကို…အမျှပေးဝေပါ၏။ အမျှ…..အမျှ….အမျှ၊ အမျှ…အမျှ…အမျှ၊ အမျှ…အမျှ…အမျှ….. ယူတော်မူကြပါကုန်။

ဆရာစိုးမိုးထွန်း (ခေါ်) ဆရာဝေသာလီမောင်ဖုန်း 09 789 333 791 – 09 318 17 287

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)