အလုပ်အကိုင်၊ စီးပွားရေးတွေ တည်တံ့ခိုင်မြဲစေဖို့

ကိုဗစ်ကပ်ရောဂါ အရှိန်မသေသေးဘဲ ကပ်ရောဂါနောက်ဆက်တွဲ လူမှုစီးပွားရေး အခက်အခဲတွေကြားကနေ ပြန် ရုန်းကန်နေရချိန်မှာ လုပ်ငန်းရှင်တွေအနေနဲ့ မိမိတို့ စီးပွားရေး ပုံမှန်အတိုင်း လည်ပတ်နိုင်ဖို့ ကြိုးစားနေကြသလို ဝန်ထမ်းတွေလည်း လုပ်သားအင်အား လျှော့ချမယ့် စာရင်းထဲ ကိုယ် ပါမသွားဖို့ ၊ လက်ရှိ အလုပ်နေရာလေးမှာ တည်မြဲ ခိုင်မာဖို့အတွက် စိုးရိမ်မကင်းတွေ ဖြစ်နေကြမှာပါပဲ။

ဒီလိုအခြေအနေမှာ လုပ်ငန်းရှင်ပဲဖြစ်ဖြစ်၊ ဝန်ထမ်းပဲဖြစ်ဖြစ်၊ တစ်ပိုင်တစ်နိုင် လုပ်ကိုင်နေသူပဲဖြစ်ဖြစ် ကိုယ့်ရဲ့ စီးပွား၊ ကိုယ့်နေရာဌာန၊ ကိုယ့်လုပ်ခွင်လေး တည်တံ့ခိုင်မြဲစေမယ့် မြန်မာ့ရိုးရာ ဗေဒင်ယတြာနည်းလမ်းတစ်ခုကို ဗေဒင်သုတအဖြစ် မျှဝေပေးချင်ပါတယ်။

လုပ်အားဒါနရော၊ အလှူကုသိုလ်ပါ ပါဝင်တဲ့ ဒီယတြာအစီအရင်ဟာ မြန်မာ့ရိုးရာ အင်္ဂဝိဇ္ဇာပညာက လာတဲ့ အမြစ်ရေလောင်း၊ ပင်စည်ရွှေချ၊ အညွှန့်ဘုရားလှူ တဲ့ ယတြာဖြစ်ပြီး မွေးနံအလိုက် စီရင်ရတာ ဖြစ်ပါတယ်။ ဒီအစီအရင်ကို တစ်လတစ်ကြိမ်ကနေ သုံးကြိမ် အထိ ဆောင်ရွက်သင့်ပါတယ်။ ဆောင်ရွက်ပုံအဆင့်ဆင့်ကို ပြဆိုရရင် …

ဥပမာ သောကြာသားသမီးတစ်ဦး ဒီယတြာကို ပြုမယ်ဆိုရင် ကိုယ့်ရဲ့ မွေးနေ့ မနက် ၆ နာရီနဲ့ ၇ နာရီခွဲ အတွင်း တန်ခိုးကြီးဘုရားစေတီတစ်ဆူကို အရောက် သွားပါ။ ဇယားမှာပါသလို သောကြာရဲ့ အမြစ်ဂြိုဟ်ဖြစ်တဲ့ ကြာသပတေးထောင့်က ဘုရားမှာ သန့်ရှင်းရေး လုပ်ပြီး ရေသပ္ပါယ်ပါ။ (ဗေဒင်သုတ Page ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ပြီးရင် ပင်စည်ဖြစ်တဲ့ မွေးနံ သောကြာထောင့်က ဘုရားမှာ ရွှေပြား (တတ်နိုင်သလောက်) ကပ်လှူပါ။ ပြီးရင် မွေးနံရဲ့ အညွှန့်ဂြိုဟ် ဖြစ်တဲ့ စနေထောင့်မှာ (စနေနံ – ထန်း၊ ဒန်း အညွှန့်) တွေကို အရေအတွက် မသတ်မှတ်ဘဲ လှပဝေဆာစွာ လှူဒါန်းရင်း ဆုတောင်းရပါမယ်။ ဆုမတောင်းခင်မှာ အောင်ခြင်း (၈) ပါး ဂါထာတော်ကိုသက်စေ့ ရွတ်ဖတ်ပူဇော်ရင် ယတြာကို ပိုအစွမ်းထက်စေမှာ ဖြစ်ပါတယ်။

ဆိုလိုရင်းက အမြစ်ဂြိုဟ်ထောင့်မှာ သန့်ရှင်းရေးလုပ်၊ ရေသပ္ပါယ် ၊ ပင်စည် (မွေးနံ) ထောင့်မှာ ရွှေချပြီး အညွှန့်ဂြိုဟ်ထောင့်မှာ အညွှန့်နံပန်းလှူရင်း ဆုတောင်းရမှာပါ။ ဇယားမှာ ကြည့်ရင် ရှင်းပါလိမ့်မယ်။ (ဗေဒင်သုတ Page ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

နေ့သားအလိုက် ဆောင်ရွက်ရမယ့် အစီအစဉ်ကို အထက်ပါဇယားနဲ့ ဖော်ပြထားပါတယ်။ လက်ရှိအချိန်ထိ စေတီဘုရားများကို ပိတ်ထားတဲ့အတွက် စေတီတွေ ပြန်ဖွင့်ချိန်မှာဖြစ်စေ၊ လူအသွားအလာလည်း နည်းလို့ ပိတ်မထားတဲ့ စေတီတွေမှာ ဖြစ်စေ လုပ်နိုင်ပါတယ်။

အလုပ်စီးပွားကံဇာတာတွေ တည်တံ့ခိုင်မာနိုင်ကြပါစေ – ဧက (ဗေဒင်သုတ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)