အသည်းကွဲဒဏ် အခံရဆုံး ရာသီဖွားများ

အသည်းကွဲတဲ့အခါ တကယ့်ကို ထိခိုက်နာကျင်ရတယ် ဆိုပေမယ့် ဒါဟာ ဘဝမှာ ဖြတ်သန်းသွားရမယ့် အဆင့်တစ်ခုသာ ဖြစ်ပါတယ်။ ကိုယ်က အသည်းခွဲသူပဲ ဖြစ်ဖြစ်၊ ဒါမှမဟုတ် အသည်းခွဲ ခံရသူပဲ ဖြစ်ဖြစ် နှစ်ဦးနှစ်ဖက်စလုံးမှာ အနည်းနဲ့အများ နာကျင် ခံစားကြရတာပါပဲ။

ဒီလို ခံစားရတာချင်းအတူတူ သူများနဲ့ မတူအောင်ကို အသည်းကွဲဒဏ်ကို အလဲအကွဲ ခံပြီး နာလန် မထူနိုင်အောင် ဖြစ်တတ်တဲ့ ရာသီဖွားတွေလည်း ရှိပါတယ်။ နက္ခတ်ဗေဒင်မှာ ရာသီဖွား (၁၂) ခု ရှိပေမယ့် အောက်ဖော်ပြပါရာသီဖွား (၆) ခုကတော့ အသည်းကွဲနာကို ဘယ်လို ကိုင်တွယ် ကုစားရမယ်မှန်း မသိအောင် ဖြစ်တတ်သူတွေပါ။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

၁။ မိဿရာသီဖွားများ (မတ် ၂၁ မှ ဧပြီ ၁၉ အထိ) – အသည်းကွဲကြတဲ့အခါ တချို့တွေက အော်ကြီးဟစ်ကျယ် ငိုယိုတတ်ပေမယ့် မိဿရာသီဖွားတွေကတော့ နံရံကို ပစ်ထိုးတာ၊ ဒါမှမဟုတ် သူ့ကို အသည်းခွဲသွားသူကို ရန်ရှာ ထိခိုက်အောင် လုပ်တာမျိုးနဲ့ တုံ့ပြန်လေ့ ရှိတတ်ပြီး တစ်ယောက်တည်း လွတ်လွတ်လပ်လပ်ကြီး ပေါက်ကွဲခွင့် ရလိုက်မှ စိတ်သက်သာရာ ရနိုင်ပါတယ်။

၂။ ပြိဿရာသီဖွားများ (ဧပြီ ၂၀ မှ မေ ၂၀ အထိ) – တစ်ယောက်ဆို တစ်ယောက် ပိတောက်နဲ့ နှိုင်းယှဉ် သစ္စာကြီးသူတွေ ဖြစ်တတ်လို့ အသည်းကွဲနာကို ဘယ်လို ကုစားရမှန်း မသိဘဲ ဖြစ်တတ်ပါတယ်။ ရက်လအတန်ကြာတဲ့အထိ နာလန် ပြန်မထူနိုင်အောင် ခံစားနေတတ်ပြီး အဲသလို ခံစားပြီးရင်လည်း လုံးဝ အပြီးတိုင် စွန့်လွှတ်ဖို့ သေချာသည်အထိ ဖြစ်သွားတတ်ပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

၃။ သိဟ်ရာသီဖွားများ (ဇူလိုင် ၂၃ မှ သြဂုတ် ၂၂ အထိ) – အသည်းကွဲပြီဆို ဘာမှ မဖြစ်သလို အထာလေးနဲ့ ဟန်ဆောင် ကောင်းတတ်တာ သိဟ်တွေပါပဲ။ အသွားအလာ အနေအထိုင် မပျက်ပေမယ့် အပြုံးမျက်နှာမှာ လူသူမသိတဲ့ အငိုမျက်လုံးတွေ စိုစွတ်နေတတ်ပါတယ်။ နိစ္စဓူဝ တာဝန်တွေ ပြီးဆုံးတဲ့အခါ အခန်းထဲမှာ တစ်ယောက်တည်း ကြိတ်ပြီး နာကျင်ခံစားနေတတ်ကြပါတယ်။

၎။ ဗြိစ္ဆာရာသီဖွားများ (အောက်တိုဘာ ၂၃ မှ နိုဝင်ဘာ ၂၁ အထိ) – အသည်းကွဲပြီဆို ထိန်းမနိုင်သိမ်းမရ ဖြစ်တတ်ကြပြီး အခြေအနေကို ဘယ်လောက် ထိန်းချုပ်ဖို့ ကြိုးစားပါစေ အဆင်မပြေဘဲ ဖြစ်နေပါမယ်။ နည်းပေါင်းစုံနဲ့ အပြောင်းအလဲတွေ ဖန်တီးကြည့်ပေမယ့်လည်း ခံစားရသမျှကို ပြောင်းလဲပစ်ဖို့ရာ မစွမ်းသာတတ်ပါဘူး။ မိတ်ဆွေကောင်းတွေ အနားမှာ ရှိနေဖို့ လိုအပ်သူတွေပါ။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

၅။ မကာရရာသီဖွားများ (ဒီဇင်ဘာ ၂၂ မှ ဇန်နဝါရီ ၁၉ အထိ) – အသည်းခွဲ ခံရတဲ့ ဒီရာသီဖွားတွေဟာ ခံစားချက်တွေကို ထိန်းချုပ်မရတော့ဘဲ ပွင့်ကန် အန်ထွက်ကုန်ပါတယ်။ ဒါပေမယ့် ခဏပဲ ပေါက်ကွဲ ခံစားပြီး အငြိုးအတေးတွေ သိမ်းမထားတတ်သူတွေပါ။ သူတို့ ပေါက်ကွဲတဲ့အခါမှာ ဘေးနားကလူတွေ အဆစ်ပါလေ့ ရှိပေမယ့် ကိုယ်ခံစားရတဲ့အခါမှာလည်း သူတို့က ဖေးကူပေးတတ်ပါတယ်။

၆။ မိန်ရာသီဖွားများ (ဖေဖော်ဝါရီ ၁၉ မှ မတ် ၂၀ ထိ) – ဒဏ်ရာတွေကို ဘယ်လို ကုစားရမှန်း မသိဘဲ ဟိုးအတိတ်ဟောင်းတွေကို ပြန်တွေး မြင်ယောင်တာ၊ အမှတ်တရ ပုံလေး၊ စာလေးတွေ ပြန်ဖတ်ကြည့်နေတတ်တာ မိန်ရာသီဖွားတွေပါပဲ။ ပျော်ရွှင်ခဲ့တဲ့ အချိန်ကာလတွေကိုလည်း ပြန်ရချင်နေမိတတ်ပါတယ်။ အပေါင်းအသင်းတွေက ဘေးနားကနေ ကြည့်ထိန်းပေးဖို့ လိုအပ်ပါလိမ့်မယ်။

ရာသီဖွားအားလုံး အသည်းကွဲနာကနေ အမြန် လွတ်မြောက် နာလန်ထူနိုင်ကြပါစေဗျား – ဧက (ဗေဒင်သုတ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)