အိမ်ထောင်ရေး စိတ်ချမ်းမြေ့စေဖို့ အစီအရင်

နှစ်ဦးသား တကယ်မေတ္တာရှိလို့ယူခဲ့သည်ဖြစ်စေ၊ မိဘသဘောတူမှုကြောင့် လက်တွဲခဲ့ကြသည်ဖြစ်စေ အိမ်ထောင်ပြုလိုက်ပြီ ဆိုတာနဲ့ သာယာပျော်ရွှင်ချမ်းမြေ့လိုကြတာတော့ အမှန်။ ဒါ့ကြောင့် နှစ်ဦးတစ်ဘဝ ထူထောင်ခဲ့ကြတဲ့ အိမ်ထောင်ရေးမှာ ဗေဒင်ကိန်းခန်းအရ မသင့်မြတ်မှုကြောင့် ကြုံလာနိုင်မယ့် အညံ့များကို ကြိုတင် ကာကွယ်နိုင်သော အစီအရင်တစ်ခုကို ဖော်ပြပေးလိုက်ပါတယ်။

ဒီနည်းစနစ်ဟာ ကိုယ်တိုင် ဗေဒင်ပညာနဲ့ ဟောပြောအကြံပြုခဲ့စဉ်က လက်တွေ့လမ်းညွှန်ပြီး အောင်မြင်မှုများခဲ့သော နည်းကောင်း တစ်ခု ဖြစ်ပါတယ်။  နည်းစနစ်ကတော့ အမျိုးသားနံနဲ့ အမျိုးသမီးနေ့နံအရ ဆိုင်ရာ နံသားကို ဘုရားဆင်းတုတော် ထုလုပ်ပြီး ကိုးကွယ်ပူဇော်ခြင်းပါပဲ။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

သတိပြုရမှာက အမျိုးသားနေ့နံကို ဆင်းတုတော် ထုလုပ်ပြီး အမျိုးသမီးနေ့နံကို ပုလ္လင်တော် ထုလုပ်ကိုးကွယ် ပူဇော်ရမှာ ဖြစ်ပါတယ်။ ဥာဏ်တော်ကိုတော့ အဆင်သင့်သလို ထုလုပ်ကိုးကွယ် ပူဇော်နိုင်ပါတယ်။ ဗေဒင်ပညာနဲ့ မစိမ်းသူအတွက် အခက်အခဲ မရှိပေမဲ့ ဗေဒင်ပညာနဲ့ စိမ်းသူတွေအတွက် နေ့သားအလိုက် ထုလုပ်ရမယ့် အသားများကို ဖော်ပြပေးပါမယ်။

နေ့သားသမီးအလိုက် ထုလုပ်ရန် နံသင့်အသား (ပုံကို ဆွဲချဲ့ကြည့်ပါရန်)

အထက်ပါနေ့သားသမီးအလိုက် နံသင့်အသားကို ယောက်ျားလေးနေ့နံအရ ဘုရားဆင်းတုတော် မိန်းကလေးနေ့နံအရ ပလ္လင်တော် ထုလုပ်ပြီး အနေကဇာတင် ကိုးကွယ်ခြင်းပြုရပါမယ်။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

ဥပမာ-တနင်္ဂနွေသားတစ်ဦးနဲ့ ကြာသပတေးသမီးတစ်ဦး အိမ်ထောင်ပြုတယ်ဆိုပါစို့။ အင်သားကို ဘုရားဆင်းတုတော် ထုလုပ်၊ ပျဉ်းမသားကို ပလ္လင်ထုလုပ်ပြီး အနေကဇာတင် ကိုးကွယ်ပူဇော်ရပါမယ်။

အထက်ပါအတိုင်း နေ့သားအလိုက် ကိုးကွယ်ပူဇော်ခြင်းဖြင့် ဗေဒင်ကိန်းခန်းကြောင့် ဖြစ်ပေါ်လာမယ့် အခက်အခဲများ ကင်းဝေးပပျောက်ကာ ပျော်ရွှင်ချမ်းမြေ့သော အိမ်ထောင်တစ်ခု စိတ်တူကိုယ်တူ နားလည်မျှတစွာဖြင့် တည်ဆောက်နိုင်ပါလိမ့်မယ်။

ပျော်ရွှင်ချမ်းမြေ့သော အိမ်ထောင်ဖြစ်ကြပါစေ… ဆရာလင်းဝေအောင် (မြန်မာ့ဆန်းကျမ်းဗေဒင်နှင့် ကေပီရှေ့ဆောင်နက္ခတ်ပညာရှင်)

 

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)