အပြတ်မလုပ်လိုက်ပါနဲ့

ဆန်အိုးထဲ ဆန်အပြတ်မခံပါနဲ့…။ ငွေအိတ်ထဲ …ငွေ အပြတ်မခံပါနဲ့…။ ထမင်းစားတဲ့အခါ.. အကုန်ပြောင်နေအောင် မစားရ။ ဒါတွေက အချည်းနှီး အကြောင်းမဲ့ ရှေးလူကြီးတွေ ဆိုခဲ့သည်တော့ မဟုတ်ပါ။ အလျင်မီတယ် …အလျင်မပြတ်ဘူး … အလျင်တည်နေပြီ။ ဒါတွေသည် အလကား မဟုတ်ပါ။ ရှေးကထုံထားသည့် နံ့သာကြောင့် …နောက်က ထုံသည့် နံ့သာသည် ပိုမွှေးတတ်ပါတယ်။

ဥပမာ…သနပ်ခါးလိမ်းနေကြ ပါးလေး ….၊ သနားခါး မရှိချိန်မှာတောင် သနပ်ခါးစွဲနေပြီး …သေချာ မွှေးကြည့်ရင် မွှေးပါသဗျာ..။ နောက်ဥပမာပေါ့..။ မုန့်ဟင်းခါးဆိုင်က မုန့်ဟင်းခါး ချက်နေကျအိုး ..၊ ကြာဇံဟင်းခါး တစ်ရက်ပြောင်း ချက်ကြည့်၊ ပြီးတာနဲ့ နောက်တစ်နေ့ မုန့်ဟင်းခါး ပြန်ချက်ကြည့်..၊ အဲဒီ့မုန့်ဟင်းခါး နဂိုအရသာ မထွက်တော့ဘူးခင်ဗျ။ ဘာလိုလို့ လိုမှန်းမသိ ဖြစ်သွားတတ်ရဲ့…။ အလျင်လေး အရေးကြီးပုံ..။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

ဒါကြောင့် …ဆန်အိုးကို ဆန်ပြတ်သွားအောင် မသုံးပါနဲ့။ ငွေအိတ်ထဲက နေ ငွေပြတ်သွားအောင် အကုန်အစင် မသုံးပါနဲ့။ အနည်းဆုံး စတိလေးတော့ချန်ထားပါ။ ထမင်းပန်းကန် ..ဟင်းပန်းကန် ..နှမြောလိုက်တာဆိုပြီး လက်နဲ့သပ်…မလျက်ပါနဲ့။ ပြောင်ထွက်နေအောင် မစားပါနဲ့။ ၀င်လာမယ့်လာဘ် အဆက်ပြတ်သွားတတ်ပါကြောင်း…။ ဒီအချက်တွေဟာ ဝင်မယ့် လာဘ်နဲ့ အဆက်မပြတ်လိုသူတွေအတွက် သိမှတ်ဖွယ်ပါပဲ။ ဆရာစိုးမိုးထွန်း (ခေါ်) ဆရာဝေသာလီမောင်ဖုန်း

 

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)