အကြွင်း (၂) ရသော အသက်ပိုင်းများ ကံဇာတာ

ဘယ်နေ့သားသမီးမဆို မိမိအသက်ကို တည် ၇ ဖြင့် စားပါ။ အကြွင်း (၂) ရခဲ့မယ်ဆိုရင် ထိုအသက်ပိုင်းမျိုးတွေမှာ…

(၁) အိုးအိမ် အလုပ်အကိုင် အပြောင်းအလဲကို အလွန် ဖြစ်လွယ်လာစေပါတယ်။ (၂) အလုပ်ရှင် ၊ အကြီးအကဲ ၊ မိမိထက် စီနီယာကျသူများ ၊ အမျိုးသားအကြီးအကဲများနဲ့ ပတ်သက်ပြီး စိတ်ရှုပ်စရာ အဆင်မပြေမှု များပြားတတ်သော ကာလလည်း ဖြစ်ပါတယ်။

(၃) အလိမ်အခံရတတ်ဆုံး အသက်ပိုင်းတွေပါ။ ဒါကြောင့် ဒီအသက်ပိုင်းမျိုးတွေမှာ ဘယ်သူ့ကိုမှ ယုံမှတ်လို့ ပုံမအပ်လိုက်ပါနဲ့။ အလိမ်ခံရရန် ရာနှုန်း အလွန် များပြားနေချိန် ဖြစ်ကြောင်း သတိကပ်ထားပါ။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါ)

(၄) ခေါင်းအုံခေါင်းခဲ၊ အာရုံရှုပ်ထွေး အလွန် ပင်ပန်းလွယ်နေတတ်ပါတယ်။ ဘယ်လိုတွက်တွက် ဘယ်လိုတွေးတွေး အဖြေကို မပေါ်ဘဲ ဘဲဥအစရှာမရသလို ဘယ်က စလုပ်လိုက်ရမှန်းမသိ ဖြစ်လာပါမယ်။ (၅) ဇိမ်ခံပစ္စည်းတွေ ဝင်လာတတ်ချိန်ပါ။ သေချာသာ အကွက်ချ စီမံတတ်မယ်ဆိုရင် မိမိစီမံထားသည့်အတိုင်း အကွက်ကျကျ အကောင်အထည်ပေါ်လာတတ်သော အသက်ပိုင်းမျိုးလည်း ဖြစ်ပါတယ်။

(၆) စပ်တူ အစုစပ် အကျိုးပေးတတ်ချိန်ပါ။ ခရီး ထွက်သင့်ချိန်လည်းဖြစ်ပါတယ်။

(၇) အရေပြားနဲ့ အာရုံကြောတွေမှာ အနာဥပါဒ်ပေးလွယ်သော ကာလဖြစ်ပါတယ်။ စိတ်ပြေလက်ပျောက် အနားယူခြင်း ၊ စိတ်ရှုပ်စရာတွေ မတွေးဘဲ အပန်းဖြေခြင်း ပြုသင့်လှပါတယ်။ (၈) ဘာနေ့သားသမီးပဲဖြစ်ဖြစ် ပညာရေးမှာ အားနည်းတတ်သော ကာလပါပဲ။ (၉) မိမိဆီကို အထည်အလိပ် ၊ အဝတ်အထည်ကောင်း၊ ဇိမ်ခံပစ္စည်း စသည်တို့ လက်ဆောင်ဝင်လာခဲ့ရင် နောက်ဆက်တွဲ ကောင်းကျိုးပါ ထပ်မံ ဝင်လာတတ်ပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါ)

(၁၀) ဒီအသက်ပိုင်းတွေ မှာ အားကောင်းသော သံလိုက်တုံးတစ်တုံးကို (မြင်းခွာပုံသံလိုက် ဖြစ်ရင် ပိုမို ကောင်းပါတယ်။) ဆောင်ထားသင့်သည် ဖြစ်ပါကြောင်း။

ဒီအသက်ပိုင်း ရောက်လာတိုင်းမှာ နေ့သားအလိုက် ဆိုးအားကောင်းအားတွေကို အောက်ပါအတိုင်း ယေဘုယျသတ်မှတ်နိုင်ပါတယ်။

မိမိတို့ အမည်မှည့်ခေါ်ထားပုံအရ အကောင်းအဆိုး ကြုံတွေ့ရမှု အခြေအနေ ပြောင်းလဲသွားနိုင်သလို၊ မူလမွေးဇာတာပေါ် မူတည်ပြီးလည်း အကျိုးအပြစ် ကွာခြားသွားနိုင်ကြောင်းကိုတော့ မမေ့အပ်ပါ။ ဥပမာအားဖြင့် ဒီအသက်ပိုင်းမျိုးတွေ ရောက်ချိန်တိုင်းမှာ အင်္ဂါ အစ + တနင်္ဂနွေအဆုံး …အမည်ရှင်တွေ ..( စန်းစန်းအေး၊ စိုးအောင် ၊ ဆွေဆွေဦး…စသည်ဖြင့် ) အဖို့တော့ အထူးဂရုစိုက်ပြီး ဖြတ်သန်းရမယ့် အနေအထားပါပဲ။

ဖတ်မှတ်သုတ ရရှိကြပါစေ – ဆရာစိုးမိုးထွန်း (ခေါ်) ဆရာဝေသာလီမောင်ဖုန်း

 

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)