အကြွင်းဖွားအလိုက် ဒီတစ်နှစ် (၁၃၈၁) မှာ သတိထားစရာများ

လက်ရှိ ဖြတ်သန်းနေပြီ ဖြစ်တဲ့ မြန်မာသက္ကရာဇ် ၁၃၈၂ ခုနှစ်မှာ အကြွင်းဖွားအလိုက် ဆင်ခြင် သတိထားရမယ့် ကိစ္စတွေကို လိုတိုရှင်း ဖော်ပြပေးလိုက်ပါတယ်။ ကိုယ့်ရဲ့အကြွင်းဖွားကို သိချင်ရင် မွေးတဲ့ မြန်မာသက္ကရာဇ်ကို (၇) နဲ့စားပါ။ စားလို့ ရလာတဲ့ အကြွင်းအလိုက် အဟောတွေကို ဖတ်ကြည့်ပါ။

 (၁) ကြွင်းဖွားတွေဟာ ဒီနှစ် ၁၃၈၂ ခုနှစ်ထဲမှာ ရန်၊ အတိုက်အခံ ပေါများတတ်ပါတယ်။ လူအများနဲ့ ထိတွေ့ ဆက်ဆံရာမှာ အထင်အမြင် မှားခံရတာ၊ အများနဲ့ တစ်ယောက် ရင်ဆိုင်ရတာတွေ ဖြစ်တတ်ပါတယ်။ စွပ်စွဲ ပြောဆိုခံရတာ၊ ခိုက်ရန်ဒေါသ ဖြစ်တာနဲ့ မတော်တဆမှုတွေ သတိပြုရပါမယ်။

 (၂) ကြွင်းဖွားတွေက ဒီနှစ် ၁၃၈၂ ခုနှစ်မှာ လုပ်ငန်းကိစ္စအဝ၀ နှောင့်နှေးကြန့်ကြာနေတာ၊ လောဘတကြီး လုပ်လို့ အမှား ကြုံရတာတွေ ဖြစ်တတ်ပါတယ်။ နေရင်းထိုင်ရင်း သူများအမှုက ကိုယ့် လာပတ်လို့ ဖြေရှင်းရတတ်ပါတယ်။ အမှုအခင်း မဖြစ်အောင် ရှောင်ပါ။ မီးနဲ့ လျှပ်စစ်ကို ဂရုစိုက်ပါ။ (ဗေဒင်သုတ၏ မူပိုင် ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

 (၃) ကြွင်းဖွားတွေဟာ ဒီနှစ် ၁၃၈၂ ခုနှစ်မှာ ဘာလုပ်လုပ် မပြီးမပြတ်တာ၊ လုပ်လက်စနဲ့ တန်းလန်းတွေ ကျန်ရစ်တာ၊ ဝေ့လည်ကြောင်ပတ်နဲ့ ယတိပြတ် အဖြေမရှာနိုင်တာ၊ လူမှုရေးကိစ္စတွေ ရှုပ်ထွေးတာမျိုး ဖြစ်တတ်ပါတယ်။ သားရေးသမီးရေးနဲ့ လူလိမ်ပြဿနာတွေ ပေါ်ပေါက်နိုင်ပါတယ်။

  (၄) ကြွင်းဖွားတွေက ဒီနှစ် ၁၃၈၂ ခုနှစ်ထဲမှာ အစိုးရ၊ အုပ်ချုပ်သူနဲ့ ပတ်သက်သမျှတိုင်း သတိထား လုပ်ကိုင်ရပါမယ်။ လူကြီးသူမတွေနဲ့ ပဋိပက္ခ ဖြစ်တာမျိုး ရှောင်ပါ။ ဥပဒေနဲ့ မကင်းတာဆို ပို ရှောင်ပါ။ အလုပ်မှာ မပျော်တာ၊ အလုပ်ပြောင်းလို့ ပိုဆိုးတာတွေ ဖြစ်တတ်ပါတယ်။ သတိထားပါ။ (ဗေဒင်သုတ၏ မူပိုင် ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

 (၅) ကြွင်းဖွားတွေက ဒီနှစ် ၁၃၈၂ ခုနှစ်မှာ ငွေကုန်ကြေးကျ သိပ်များလာတတ်ပါတယ်။ နည်းနည်းမှားရုံနဲ့ များများ ပြုတ်သွားတတ်ပါတယ်။ ပညာရေးမှာ တစ်ပိုင်းတစ်နဲ့ နားရတတ်ပါတယ်။ အတွေးမှား၊ အမြင်မှားလို့ ဆုံးရှုံးနစ်နာတတ်ပါတယ်။ နားလည်တတ်ကျွမ်းသူတွေနဲ့ အမြဲတိုင်ပင်ပါ။

(၆) ကြွင်းဖွားတွေက ဒီနှစ် ၁၃၈၂ ခုနှစ်မှာ ငွေဘယ်လောက်ဝင်ဝင် လက်ထဲ မမြဲတာ၊ ငွေကြေးကိစ္စ ပူပင်သောက ရောက်ရတတ်ပါတယ်။ နာမည်ပျက်တာ၊ ဂုဏ်သိက္ခာ ထိခိုက်ခံရတာမျိုး ဖြစ်တတ်ပါတယ်။ လူငယ်ဆိုရင် အချစ်ရေးကိစ္စကြောင့် အတော်လေး စိတ်ညစ်ရမယ့်နှစ် ဖြစ်ပါတယ်။

(ဝ) ကြွင်းဖွားတွေက ဒီနှစ် ၁၃၈၂ ခုနှစ်ထဲမှာ အပျော်အပါး၊ အသွားအလာတွေ သတိပြု ဆင်ခြင်ရပါမယ်။ အိမ်ထောင်သည်တွေဆို အနေအထိုင် ဆင်ခြင်ရပါမယ်။ အပျိုလူပျိုဆို ကာမမှုတွေ ရှုပ်ထွေးလာတတ်ပါတယ်။ ကိုယ်ပိုင်အသုံးအဆောင်ပစ္စည်းတွေ ပျောက်ဆုံး၊ ပျက်စီးတတ်ပါတယ်။

အကြွင်းဖွားအားလုံး အခက်အခဲတွေကို သတိနဲ့ ကျော်ဖြတ် အောင်မြင်နိုင်ကြပါစေ –ဧက (ဗေဒင်သုတ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)