ဥသြမြည်သံ အချိန်မှန် ဧကန် မသွားရာ

မြန်မာ့ရိုးရာအင်္ဂဝိဇ္ဇာပညာအရ နေ့နံအလိုက် ကိုယ့်မွေးနေ့မှာ မသွားအပ်တဲ့အရပ်နဲ့ မသွားသင့်တဲ့ အချိန်အခါ ဆိုတာ ရှိပါတယ်။ သွားမိရင် ဘာဖြစ်တတ်သလဲဆိုရင် အကြံအစည် ပျက်မယ်၊ အခိုက်အညံ့တွေနဲ့ ကြုံရတတ်ပါတယ်။

ဒီနေ့ ဒီအချိန်ခါမှာ ဒီအရပ်မျက်နှာဘက်ကို မသွားလာသင့်တဲ့အကြောင်း ရှေးဆရာကြီးတွေက တနင်္ဂနွေသားကို ဥပမာထားပြီး “ဥသြမြည်သံအချိန်မှန် ဧကန်မသွားရာ” လို့ သတိပေးခဲ့ကြပါတယ်။ အလုပ်ကိစ္စအတွက်နဲ့ ဖြစ်စေ၊ အကြံအစည် ရည်ရွယ်ချက်တစ်ခုနဲ့ ဖြစ်စေ ကိုယ့်မွေးနေ့ရဲ့ သတ်မှတ်အချိန်အခါတစ်မှာ မသွားသင့်တဲ့ အရပ်ကို ဦးတည်သွားလာမိရင် ဘေးဥပဒ်ကြုံတာ၊ ထိမိခိုက်မိ ဖြစ်တာ၊ အစီအစဉ် ပျက်တာတွေ ဖြစ်တတ်ပါတယ်။

ဒီအရပ်မျက်နှာနဲ့ သတ်မှတ်အချိန်အခါတွေကို အလွယ်တကူ သိနိုင်ဖို့ အောက်ပါအတိုင်း ဖော်ပြလိုက်ပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ဇယားကို ရှင်းပြရရင် နေ့သားတစ်ဦးဟာ သူ့နေ့ကို ရောက်လာတဲ့အခါ ပထမအခါ ဖြစ်တဲ့ မနက် ၇:၃၀ နဲ့ ၉:၀၀ အတွင်းမှာ ဘေးချင်းကပ်ရက် ပြထားတဲ့အရပ်မျက်နှာတည့်တည့်ကို မသွားသင့်ပါဘူး။ ဒီလိုပဲ ဒုတိယအခါကျတဲ့ နေ့ခင်း ၁:၃၀ နဲ့ ၃:၀၀ အတွင်းမှာ ဘေးချင်းကပ်ရက် ပြထားတဲ့အရပ်မျက်နှာစူးစူးကို မသွားသင့်ပါဘူး။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ဥပမာတစ်ခုနဲ့ ထပ်ပြရရင် … အင်္ဂါနေ့သားတစ်ဦးဟာ အင်္ဂါနေ့ကို ရောက်လာရင် မနက် ၇:၃၀ – ၉:၀၀ အတွင်း အရှေ့မြောက်အရပ်ကို မသွားသင့်ပါဘူး။ နောက်တစ်ခါ နေ့ခင်း ၁:၃၀ – ၃:၀၀အတွင်းမှာ အနောက်တောင်စူးစူး အရပ်ကို မသွားသင့်ပါဘူး။ သွားလာမိရင် ဘေးဥပဒ် အန္တရာယ်တွေနဲ့ ရင်ဆိုင်ရတတ်တယ်လို့ အမှာ ရှိပါတယ်။

ကျန်တဲ့နေ့သားသမီးတွေလည်း အထက်ပါအတိုင်း နည်းယူပြီး ကိုယ့်မွေးနေ့ကို ရောက်လာတဲ့အခါ ရှောင်ရမယ့် အရပ်မျက်နှာနဲ့ အချိန်အခါတွေကို အလွယ်တကူ သိရှိနိုင်မယ်လို့ မျှော်လင့်ပါတယ်။ အားလုံး ဘေးကင်းရန်ကွာ ချမ်းသာရဖို့ ဗေဒင်ဗဟုသုတအဖြစ် ဖော်ပြလိုက်ပါတယ်။ ဧက (ဗေဒင်သုတ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)