ခေါင်းဆေးမင်္ဂလာ ရက်ကောင်းများ (၂၀၁၉၊ ဒီဇင်ဘာ)

မြန်မာ့ရိုးရာ လောကီပညာအယူအဆအရ နတ်တော်လဆန်း  ၅၊ ၆ ရက်များသည် ခေါင်းဆေးမင်္ဂလာ ပြုလုပ်ရန်အတွက် ရက်ကောင်းများ ဖြစ်သည်။ အင်္ဂလိပ်ရက်အနေဖြင့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၊ ၂ ရက်များ ဖြစ်သည်။

၎င်းနေ့ရက်များတွင် နေ့သားသမီးအလိုက် မိမိတို့၏ အာယုအရပ်ကို မျက်နှာမူပြီး တရော်ကင်ပွန်းဖြင့် ခေါင်းဆေး ခေါင်းလျှော်ပြုခြင်းဖြင့် ကိုယ်စိတ်နှစ်ပါး ချမ်းမြေ့ခြင်း၊ သက်ရှည်ကျန်းမာခြင်း၊ အနာရောဂါ ကင်းဝေးခြင်းများကို ရရှိစေနိုင်ပါသည်။ (နေ့နံသားသမီးအလိုက် သက်ဆိုင်ရာ အာယုအရပ်များကို အောက်ပါဇယားတွင် ကြည့်ပါ)

ကိုယ်စိတ်နှစ်ပါးချမ်းမြေ့ပါစေ ဆရာလင်းဝေအောင် (မြန်မာ့ရိုးရာဆန်းကျမ်းဗေဒင်နှင့် ကေပီရှေ့ဆောင်နက္ခတ်ပညာရှင်)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)